ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ





ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ
K (ဓာတ်ပုံ- ကာတွန်း-ကိုဟန်) ၊ မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၈


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကြီးမှူးကာ ကျင်းပသော ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကာတွန်းပြပွဲများကို ယနေ့ သြဂုတ်လ ၂၄ရက်မှ စတင်ကာ ရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့တွင် တချိန်တည်းကျင်းပပြုလုပ် လျက်ရှိပါတယ်။

အဆိုပါ ကာတွန်းဖြင့်ရေဘေးရန်ပုံငွေရှာဖွေပွဲများကို ရန်ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံရှေ့၊ မန္တလေးတွင်၂၆လမ်း၊ ၆၆× ၆၈လမ်းကြားတို့တွင် သြဂုတ်လ ၂၄ရက်မှ ၂၆ရက်တိုင် မနက် ၉နာရီမှ ညနေ ၆နာရီထိ ၃ရက်တိုင်တိုင်ပြသသွားမယ်လို့ သိရပါတယ်။

ပြပွဲတွင် ရောင်းချမည့်အကျီ င်္များပေါ်တွင် ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းများရေးဆွဲပေးကာ ရောင်းချလျက်ရှိပြီး ကာတွန်းဆရာ အယောက် ၁၀၀ ကျော်ရဲ့လက်ရာတွေကိုလည်း ပြသထားပါတယ်။



မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေရှာဖွေပွဲ ကော်မ တီကိုဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် ပွဲဖြစ်မြောက်ရေးတာဝန်ခံ မောင်မောင်ဖောင်တိန်၊ သတင်းနှင့်ပြန်ကြားရေး ၀င်းအောင်၊ ဘဏ္ဍာရေး ကိုရွှေထူး(ပြည်)၊ ဇာနည်ဇော်ဝင်း၊ အခမ်းအနားနှင့်ပြခန်းပြင်ဆင်ရေး ကိုဟန်၊ အက်စ်လယ်မှူး၊ ဧည့်ခံကျွေးမွေး စိုးသော်တာ၊ ကိုကိုအောင်၊ အောက်တိုဘာအောင်ကြီး၊ တီရှပ်ရောင်းချ မင်းထက်လူ၊ စုမြတ်ထွေး၊ ထိပ် ထားလေး၊ ဖျော်ဖြေရေး ထိန်သာ၊ အာကာ၊ လိုင်းလုဏ်၊ ဇ၀နသား၊ ပေါ်ကာ၊ ဟတ်ကော့၊ အထွေထွေ အော်ပီကျယ်၊ မိုး ထက်မိုးတို့ဖြစ်ပါတယ်။

Comments