ဆောင်းယွန်းလ ● ကြယ်ကြွေကောက်ခြင်း

 ဆောင်းယွန်းလ ● ကြယ်ကြွေကောက်ခြင်း
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈

နံရံတွေပေါ်မှာ နားတွေရှိတယ်ဆိုလို့
ဟင်းလင်းပြင်ထဲ ပြေးထွက်ပြီး
အကျယ်လောင်ဆုံး ဟစ်အော်လိုက်မိတယ်

နားထောင်သူမဲ့နေတဲ့အသံဟာ
ကိုယ့်ဆီကို တန်းတန်းမတ်မတ်ပြန်လာတယ်
စကားလုံးတွေတော့ အကုန်ပြန်ပါမလာခဲ့ဘူး

အခု
ကိုယ်က ကြယ်အကြွေတွေကို လိုက်ကောက်နေမိတယ်
အဲဒီ တိတ်ဆိတ်တဲ့ ဟင်းလင်းပြင်ကြီးထဲမှာပဲ

ကြိုးနဲ့ သီစရာ ကိုယ့်အသံကိုယ်ပြန်ရှာနေရတဲ့
ညမှာ။

ဆောင်းယွန်းလ

Comments