ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ

 ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ
K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈



 နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ၈၈၈၈ အရေးတော်ပုံ နှစ် - ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှကြီးမှူးကာ သြဂုတ်လ ၆ရက်မှ ၈ရက်ထိ သုံးရက်ကြာ ရန်ကုန်တက္ကသိုလ်ဝင်းရှိ တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ပြုလုပ်ကျင်းပလျက်ရှိပါတယ်၊၊


သြဂုတ်လ ၆ရက်နေ့ မနက်ပိုင်းမှ စတင်ကာ အခမ်းအနားဖွင့်လှစ်ကျင်းပခဲ့ပြီး တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ၈၈၈၈ အထိမ်းအမှတ် ထောင်တွင်းအနုပညာများပြသခြင်း၊ ကဗျာ၊ ကာတွန်း၊ သီချင်း၊ ပန်းချီလက်ရာများကို တင်ဆက်ပြသ လျက်ရှိပြီး ၀ိဇ္ဖာခန်းမမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ကာလ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲများကို ကျင်းပ လျက်ရှိပါတယ်။


အဆိုပါ ၈၈၈၈ အရေးတော်ပုံ ပုလဲရတုအခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြင်းခြံ၊ ပုသိမ်၊ တောင် တွင်းကြီး၊ ကျောက်ပန်းတောင်းအစရှိတဲ့ မြို့ကြီးများမှာ သြဂုတ်လ ၈ရက်နေ့ ကျင်းပ သွားမှာဖြစ်ပါတယ်။


 













 

Comments