ကိုသန်းလွင် - ကမ္ဘောဒီးယားရွေးကောက်ပွဲ


ကိုသန်းလွင် - ကမ္ဘောဒီးယားရွေးကောက်ပွဲ
(နယူးယောက်တိုင်း၊ ဇူလိုင် ၂၉၊ ၂၀၁၈၊ ဟန်နာဘိခ်ျ၏ ဆောင်းပါး)
မိုးမခ၊ သြဂုတ် ၁၅၊ ၂၀၁၈
(၁)

ကမ္ဘောဒီးယားနိုင်ငံမှ ခေါင်းဆောင်ကြီး မစ္စတာဟွန်ဆင်( Mr Hun Sen) ကိုလူတိုင်းမသိကြပါ၊ အနေရိုးသားပြီး ရှေးဆန်ဆန် နေလိုကြသောလူထုအဖို့ နိုင်ငံကိုဘယ်သူအုပ်ချုပ်နေသည် ကိုမသိ၍လည်း ဘာမှမဖြစ်ပါ၊ တနင်္ဂနွေနေ့က (ဇူလိုင် ၂၉) ရက်နေ့က ပြီးဆုံးသွားသောရွေးကောက်ပွဲတွင် သူ၏ (Canbodian People’s Party) ကအနိုင်ရအောင် ဆောင်ရွက်နိုင်ခဲ့သော အာရှ၏သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်ကြီးသည် အဖက်ဖက်က သေချာအောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

( ၂)

နိုင်ဝင်ကာလက အထက်ကခိုင်းသလိုသာလုပ်တတ်သော ကမ္ဘောဒီးယား တရားရေးဌာနက အတိုက်အခံပါတီ ကိုဖျက်သိမ်းကြောင်း ကြေညာသည်၊ ထိုပါတီသည် ၂၀၁၃ ရွေးကောက်ပွဲကျင်းပစဉ်က ဟွန်ဆင်ပါတီကို အနိုင်ရလုနီးပါးရှိခဲ့သည်။

အတိုက်အခံခေါင်းဆောင် (Kem Sokha) မှာနိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မများနှင့် ထောင်ကျနေသည်၊ သူ သည် အမေရိကန်နိုင်ငံနှင့်ပေါင်း၍ ဟွန်ဆင်အစိုးရကို ပြုတ်ကျအောင် ဖန်တီးသည်ကိုစွပ်စွဲခံရသည်၊ ထိုစွပ်စွဲ ချက်များကို အတိုက်အခံခေါင်းဆောင်က ငြင်းဆိုပါသည်။

လွန်ခဲ့သော တနှစ်ကျော်ကာလအတွင်း အစိုးရအတွင်း ခြစားမှုများ ခရိုနီတို့၏ မိုက်ရူးရဲလုပ်ရက်များကို သတင်း ပို့နေခဲ့သော မီဒီယာများမှာလည်း ငြိမ်သက်နေခဲ့သည်၊ မစ္စတာဟွန်ဆင်နှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီ အပေါ် ကောင်းသောအမြင်ဖြင့် ရေးနေခဲ့သော ၀က်ဆိုဒ်မှာလည်း တနင်္ဂနွေနေ့က မဲပေးခါနီးညနေတွင် Block အလုပ်ခံ ထားရသည်။

အနောက်မှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကမ္ဘောဒီးယားနိုင်ငံအပေါ် ရာစုနှစ်ပေါင်းများစွာ စိုးမိုးထား ခဲ့သောလူသတ်ဝါဒကို အဆုံးသတ်၍ ဒီမိုကရေစီရေးအတွက် ပိုက်ဆံများပုံအောပေးခဲ့ရာမှ ရွေးကောက်ပွဲ ကျင်း ပခါနီးတွင် နိုင်ငံတွင်းမှထွက်သွားရန် အမိန့်ပေးခြင်းခံရသည်၊ အသက် ၆၅ နှစ်ရှိပြီဖြစ်သော မစ္စတာဟွန်ဆင် က သူတို့ကို အာဏာလက်ကိုင် မရှိအောင် ပြုလုပ်နေသူများကိုအားပေးနေသူများဖြစ်သည်ဟုစွပ်စွဲသည်၊ တချိန်ထဲ မှာပင် သူ့အပြုမှုများမှာ အာဏာရှင်ဆန်သည်ဟု ဝေဖန်သူများ တိုးပွားလျက်ရှိသည်။

ထည့်လိုက်သော မဲများအပေါ် ဘယ်သို့ပင် ထိမ်းချုပ်နိုင်သည်ဆိုစေ၊ ရွေးကောက်ပွဲအဖြေကို သိနေသည်ဘဲဖြစ် စေ၊ ဟွန်ဆင်၏ နာမည်တစ်ခုသာ ကမ္ဘောဒီးယားတွင်ရေပန်းစားလျက်ရှိသည်၊ ဗီယက်နမ်ရှိကျောင်းပေါင်း ရာ ပေါင်း များစွာတို့၌သူ့နာမည်တခုတည်းသာပြောနေကြသည်၊ ထို့ကြောင့် ကမ္ဘောဒီးယား လူမျိုးတို့အတွက် မဲပေး ခြင်းနှင့်ခပ်ကင်းကင်းနေ၍ဖြစ်စေ သို့မဟုတ် ထည့်သောမဲကိုပယ်မဲဖြစ်အောင်လုပ်၍ဖြစ်စေ ရွေးချယ်စရာ အနည်းငယ်သာရှိတော့ သည်၊

နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်က မဲလာပေးသူ ၈၂ ဒဿမ ၁၇ ရှိပါသည်ဟုဆိုသည်၊ တကယ့်လက်တွေ့ တွင် ဖနွမ်းပင်မြို့ပေါ်မဲရုံများ၌ မဲလာထည့်သူများ များပြားလှသည်ဟု မဆိုနိုင်ပါ၊ ထွက်လာသောလူများကိုကြည့် လိုက်လျှင် လည်းလက်များတွင်မဲထည့်ပေးသည့်လက္ခဏာ မှင်ပေမနေပါ။

ယမန်နှစ်ကကျင်းပခဲ့သော Conmune election တွင်အတိုက်ခံတို့ကအစိုးရပါတီမှ နေရာပေါင်းများစွာ အနိုင်ရရှိ ခဲ့ရာ မဲပေးသူဦးရေမှာ ထိုအချိန်က ၉၀% ရှိသည်။

“ မဲပေးရင်လည်း ဘာမှအကျိုးသက်ရောက်မှုမရှိနိုင်ဘူး” ဟူသော အယူအဆသာလွှမ်းမိုးနေသည်။

သောကြာနေ့ကမဲမပေးဘဲနေသည့်သူတွေဟာ ဒီမိုကရေစီရေးကိုဖျက်စီးသူတွေဘဲ ဟုမစ္စတာဟွန်ဆင်ကဆို သည်၊ ပြည်သူ့ပါတီနှင့်အတူ စုစုပေါင်း ၁၉ ပါတီမှဝင်ရောက်အရွေးခံကြသည်၊ ထိုပါတီများမှာ “ပိုးစုန်းကြူး” ကဲ့ သို့မဲပေးသည့် ခဏသာပေါ်လာပြီး မကြာမီပျောက်သွားကြမည့် ပါတီများဖြစ်သည်၊ သို့တိုင် တနင်္ဂနွေနေ့ ညနေ ပိုင်းက ထုတ်ပြန်သော ကြေညာချက်တခုတွင် အနိုင်ရပါတီက “ကမ္ဘောဒီးယားပြည်သူတွေဟာ စိတ်ဝင် တစား နှင့် မဲပေးမှုကြောင့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို တခဲနက် ကောက်ခံမှုပြု” ကြသည်ဟုပါဝင်သည်။

ပါတီကမျှော်မှန်းသည်မှာ အမတ်နေရာ ၁၂၅ ရှိသည့်အနက် နေရာ ၁၀၀ကို ရရှိသည်ဟုခန့်မှန်းသည်၊ ယခင် ရွေးကောက်ပွဲနှင့်စာသော် သိသာသော တိုးတက်မှုပင်ဖြစ်သည်။

တချို့ကလည်း ပြိုင်ဘက်မရှိဘဲ ရရှိတဲ့အောင်မြင်မှုဟာ အနှစ်သာရမရှိဘဲ အခွန်သာသာ အောင်မြင်မှုပါဘဲ ဟုဆိုကြသည်၊ စမ်ရိန်စီ (Sam Rainsy) ပြည်ပရောက် Cambodia National Rescue Party ယခု ဖျက်သိမ်း ခြင်းခံရသော အတိုက်အခံပါတီခေါင်းဆောင်က တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ရာတွင် “အဓိပ္ပါယ်မရှိ သော အောင်မြင်မှုက ကမ္ဘောဒီးယားရဲ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမပေးနိုင်ပါ၊ လွန်ခဲ့သော ၁၂ လလုံးလုံး အစိုးရဟာအာဏာရှင်ဆန်တဲ့ အပြုအမူတွေဘဲလုပ်နေပါတယ်” ဟု ဝေဖန်လိုက်သည်။

စနေနေ့က အယ် စီသာ (El Sitha) ဆိုသူ ပါတီအဖျက်ခံရသောအတိုက်အခံ ပါတီဝင်တစ်ယောက်က ဖေ့ဘွတ် တွင် မှင်မဆွတ်ထားသော လက်ချောင်းများကို တင်မိရာက သူ့ကိုသက်ဆိုင်ရာ အုပ်ချုပ်သူများက ဆင့်ခေါ်ခြင်း ခံရသည်၊ လူအများက နိုင်ငံခြားမှဝင်နေသောပိုက်ဆံများနှင့် ကမ္ဘောဒီးယားတွင် ဒီမိုကရေစီနိုင်ငံအဖြစ် ရောက် အောင်ပို့ ဆောင်ပေးနိုင်မည်ဟု ယူဆခဲ့ကြသည်။

၁၉၇၀ ခု (Khmer Rouge) တို့ လက်ထက်တွင် ပြည်သူတို့၏ ငါးပုံတစ်ပုံကိုသေစေခဲ့ပြီး ကမ္ဘောဒီးယားသည် ပဌမ ဗီယက်နမ်၊ နောက်တဖန် ကုလသမဂ္ဂ၏အုပ်ချုပ်မှုလက်အောက်တွင် ရှိနေခဲ့သည်။

အနောက်နိုင်ငံသားတို့က ပါတီ ဒီမိုကရေစီ စနစ်ကောင်းပုံများကို လက်ချာပေးနေကြချိန်တွင် မစ္စတာဟွန်ဆင် က သူ့ကိုပြိုင်ဘက်ဖြစ်လာမည့် သူများကိုဖယ်ရှားနိုင်ခဲ့သည်။

အမေရိကန်တို့၏လွှမ်းမိုးမှု ဆုတ်ယုတ်သွားချိန်တွင် တရုတ်တို့ကအစားဝင်ရောက်လာကြသည်၊ ထိုအချိန်တွင် လူ့အခွင့်အရေးဆိုသည်မှာ နောက်တန်းမှာသာရှိနေခဲ့သည်။

ယခုမဲဆွယ်ပွဲများတွင် တရုတ်နိုင်ငံ သံအမတ်ကြီးတက်ရောက်လာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအပေါ် ဥရောပ ကောင်စီ (EU) ကအရေးယူရန်ပြင်ဆင်နေခြင်းကို ရယ်စရာတစ်ခုအဖြစ်ပြောခဲ့သည်၊ မစ္စတာဟွန်ဆင်ကလည်း တရုတ်တို့ကို “အားကိုးရသော မိတ်ဆွေ” အဖြစ်အမွှန်းတင်ခဲ့သည်၊ အမေရိကန်တို့နှင့် အနောက်နိုင်ငံများကို ကမ္ဘောဒီးယားတွင် တော်လှန်ရေးကြီးတစ်ရပ် ပေါ်ပေါက်ရန်နှိုးဆော်နေသည်ဟု စွပ်စွဲသည်။

ဗုဒ္ဓဟူးနေ့က အမေရိကန်လွှတ်တော်တွင် ကမ္ဘောဒီးယားနိုင်ငံကို အရေးယူရန် ပြင်ဆင်သည့်အနေဖြင့် ဥပဒေ တရပ် ပြဌာန်းနိုင်ခဲ့သည်၊ဆီးနိပ်က သဘောတူပါလျှင် ကမ္ဘောဒီးယားနိုင်ငံသားပိုင် ငွေများကို Block လုပ်ခြင်း၊ လူကိုနိုင်ငံတွင်းသို့ ၀င်မလာနိုင်အောင်တားဆီးနိုင်သည်၊ တနင်္ဂနွေနေ့တွင်မှု ကမ္ဘောဒီးယားအစိုးရ ကိုရူပ်ချ ကြောင်းအဆိုကိုသူတို့ ထုတ်ပြန်ခဲ့သည်၊ ဇူလိုင်လ ၂၉ ရက်နေ့ကကျင်းပခဲ့သော ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကို “ပြည်သူတို့၏ အလိုအတိုင်းမဟုတ်” ဟုစွတ်စွဲလိုက်သည်။

ရွေးကောက်ပွဲကို လေ့လာသူအနေဖြင့် ကိုယ်စားလှယ်လွှတ်ရန် အမေရိကန်၊ ဥရောပကောင်စီနှင့် ဂျပန်နိုင်ငံ တို့က ငြင်းဆိုခဲ့ကြသည်၊ ရွေးကောက်ပွဲကိုစောင့်ကြည့်ရန် အရင်ကမ္ဘောဒီးယားအစိုးရက အဖွဲ့တဖွဲ့ ဖွဲ့ထားခဲ့ရာ ဟွန်ဆင်၏ သားဖြစ်သူက ဦးဆောင်သည်၊ ရုရှားနှင့် တရုတ်တို့က ရွေးကောက်ပွဲကိုစောင့်ကြည့်ရန် အဖွဲ့များ စေလွှတ်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်က ကမ္ဘောဒီးယားလူငယ်တို့၏လုပ်အားဖြင့် အတိုက်အခံပါတီကို တစ်ခဲနက်မဲပေးခဲ့ကြရာ ထိုရွေး ကောက်ပွဲအင်အားတက်ကြွမူ စိတ်ဝင်စားမှုတို့ကို ယခုအခါ၌မတွေ့ခဲ့ရပေ၊ ရွေးကောက်ပွဲမှ ပယ်မဲဖြစ်အောင် ဖျက်ဆီးပစ်သူများလည်းရှိသည်၊ မစ္စတာဟွန်ဆင်အပေါ်အနှစ် ၃၀ နီးပါးမျှ တိုင်းပြည်ကိုငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်နိုင်ပြီး တိုင်းပြည်၏ ထုတ်ကုန် (Export) ကိုအခြေခံသော စီးပွားရေးကို ထူထောင်ခဲ့သူအဖြစ် အသိ အမှတ်ပြုကြပါသည်၊ ၀န်ကြီးချုပ်၏ သားများသည် စစ်တပ် ထိပ်တန်းအဆင့်ခေါင်းဆောင်များ၊ စီးပွားရေး ပညာရှင်များဖြစ်နေကြသည်၊ တချိန်တွင် အမေရိကန်၏ “Santion List ” ထဲတွင် ပါဝင်ကြမည့်သူများဖြစ်သည်။

ဖနွမ်းပင် ပတ်ဝန်းကျင်တွင် အစိုးရကုမ္ပဏီများ ဟွန်ဆင်၏ညီမဖြစ်သူနှင့်ခရိုနီများ ကသိမ်းထားသော လယ်ယာ မြေများ အများအပြားရှိနေကြသည်။

(၃)

အတိုက်အခံခေါင်းဆောင်တစ်ဦးကို ထောင်သွင်းအကျဉ်းချ၍ ရွေးကောက်ပွဲ လုပ်ခြင်းသည် ဘယ်သောအခါ မျှ ဒီမိုကရေစီကျသောရွေးကောက်ပွဲဖြစ်မလာနိုင်ပါ၊ မစ္စတာဟွန်ဆင် ကအဘယ်မျှ စကားပြောကောင်းကောင်း တရားမျှတမှုရှိသောရွေးကောက်ပွဲဖြစ်မလာနိုင်ပါ၊ သူ၏သားသမီးများက နေရာအသီးသီးယူပြီးကြပြီဆိုသည်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ရှေ့ရေးသည် အလးအလာ ကောင်း မကောင်းစောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Cambodia Re Elect Its Leader a Result Predetermined by One. By Hannah Beech New York Times July 29 2018.

Comments