မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ


မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၈

ဒို့ ဗမာပြည်
ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား
နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။
ရှမ်း ချင်း ကချင် ကရင် ကယား
မွန် မြန်မာ ရခိုင် တရုတ် ကုလား
ကျောင်းသား ရဟန်း ဘမ်းရွက်သီလရှင်
မျက်မမြင်ရော မျက်မြင်ရော
တူတံဇဉ်ရော ပေါက်ပြားရော
လေးရောမြားရော ဒုတ်ဒါးရော
တောရောမြို့ပါ ဗမာတပြည်လုံး
ခြိမ့်ခြိမ့်ချုန်းခဲ့ မဆုံးနေ့ည
ကြွေးကြော်ကြပြီ
ဒီလိုဟစ်ကြွေး သွေးစည်းပြီ။

“စစ်အာဏာရှင်၊ အလိုမရှိ၊ အလိုမရှိ”
“တစ်ပါတီစနစ် တိုက်ဖျက်ပစ် တိုက်ဖျက်ပစ်”
“ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”
“လူ့အခွင့်အရေး ရရှိရေး ဒို့အရေး ဒို့အရေး”
ဒို့အရေးမို့ ဒို့အရေးလို့
ဟစ်ကြွေးလူထု တောင်းဆိုမှုသည်
လေထု မြေထု ရေထုတုန်ဟည်း
တော်လည်းမြည်ဟိန်း လူသန်းသိန်းတို့
မချိန်းမချက် လမ်းပေါ်တက်ကြ
ထွက်လော့ ဖျက်လော့ တစ်ပါတီ
ထူလော့ ထောင်လော့ ဒီမိုကရေစီ
“အရေးတော်ပုံအောင်ရမည်”
“အရေးတော်ပုံအောင်ရမည်”
“အရေးတော်ပုံအောင်ရမည်”
ဒို့တိုက်ပွဲ ဆင်နွှဲ ရှေ့သို့ချီ။

မောင်စွမ်းရည်

သရုပ်ဖော်ပန်းချီ - သန်းဌေးမောင်

Comments