မောင်လွမ်းဏီ - ထိုတစ်ည နဲ့ ဒီတစ်နေ့

ထိုတစ်ည နဲ့ ဒီတစ်နေ့
မောင်လွမ်းဏီ
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈

မြေဝသုန်ရေ
တုန်လှုပ်ခြင်းများ
လွမ်းစကားဖြင့် ပါးပါလေ။

ကမ္ဘာမြေရေ
ကြေကွဲခြင်းကို
ပန်းလိုနမ်းရှိုက်လိုက်ပါတော့။

တိုက်ပွဲထဲမှာ
သူရဲကောင်းများ မွေးဖွားခဲ့၊
သူရဲကောင်းများ
တိုက်ပွဲလင့်ကြို တေးဆိုသည်။

တော်လှန်သူမ
သွေးတစ်စနဲ့ ၊ ခေတ်တစ်ခေတ်ကို
လှစ်ဟကြွေးကြော်ပြသွားပြီ။

ချစ်သူတို့ …..
ထိုတစ်ညနဲ့ ဒီတစ်နေ့
အောက်မေ့လွမ်းဆွတ်ကျန်ရစ်ပေါ့။ ။

မောင်လွမ်းဏီ

Comments