ကိုသန်းလွင် ● အိုမင်းရင့်ရော်ခြင်းအပေါ် နှစ်ပေါင်း ၂ဝဝဝ ကျော်ကအမြင်

ကိုသန်းလွင် ● အိုမင်းရင့်ရော်ခြင်းအပေါ် နှစ်ပေါင်း ၂ဝဝဝ ကျော်ကအမြင်
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈

ရှေးခေတ်လူသားများက အိုမင်းရင့်ရော်ခြင်းအပေါ် ဘယ်လိုရှုမြင်ကြပါသနည်း၊ အနောက်နိုင်ငံ ရှေးဟောင်းလူများက အို မင်းခြင်းကိုရောဂါတခုသဖွယ် ရှုမြင်ကြပါသည်။ ရှေးဂရိပညာရှင် ဂေလင် (Claudius Galen) ကမှု ထိုသူတို့နှင့်သဘောမတူပါ၊ သူ၏အေဒီ ၁၇၅ ကရေးသားခဲ့သော ဆေးကျမ်း (Hygience) တွင် အိုမင်းရင့်ရော်ခြင်း မှာ သဘာဝ၏ ဖြစ်ရိုးဖြစ်စဉ်တရပ်အဖြစ် ရိုးရိုးလေး ရှုမြင်ခဲ့ပါသည်။

သူ့စာအုပ်မှာ လူတို့အတွက် ကျန်းမာရေးဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်ပြီး (Gerontology) အရဖြင့်မှုတခုတည်း သာပေါ်ပေါက် ခဲ့ပါသည်။ သူကအိုမင်းခြင်းမှာပြေလျှော့သွားအောင်၊ နှောင့်နှေးသွားအောင်သာ နည်းအမျိုးမျိုးဖြင့် ဥပမာအစားအစာ ( Diet) ကို ထိန်းချုပ်ခြင်းဖြင့်သာရရှိနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့်သူ့ရေးသားခဲ့သော (On The Preservation Of Health) ပါအကြောင်းအရာများမှာ ခေတ်မှီလျက်ရှိပြီး အသက်ကြီးသူများ စောင့်ရှောက်ရေးနှင့် လူကြီးများဖြစ်တတ်သည့် ပုံစံနှင့်တူနေပါသည်။

ဂေလင်၏ အိုမင်းရင့်ရော်ခြင်းဆိုင်ရာ ရှင်းပြချက်အရ လူ့ဘဝကို သုံးပိုင်းခွဲခြားနိုင်ပြီး အရေးကြီးဆုံးမှာ လူ့ဘဝ အစ ပထမဆုံး အချိန်ဖြစ်သည်။ ထို့နောက် ရင့်ကျက်လာသောအချိန် (Maturity)၊ နှင့် အိုမင်းလာသော အချိန် တို့ဖြစ်သည်။ လူပုဂ္ဂိုလ်တို့၏ အိုခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးစီအတွက် သီးသန့်ဖြစ်ပြီး အဆင့်တိုင်းတွင် မြောက်များစွာသောနည်းနှင့် ကွဲပြားသောအဖြေများ တွက်နိုင်သည်။ လူသည်အကြမ်းပတမ်းခံသော လူကြီးတယောက် ဖြစ်ဖို့ရာအတွက် ငယ်ငယ်က ကျန်းကျန်းမာမာရှိဖို့လိုသည်။

ဂေလင်သည် သူ၏ “သန့်ရှင်းမှု” စာအုပ်ကို သူ၏ဆေးပညာနှင့်ပတ်သက်၍ အအောင်မြင်ဆုံးအချိန်မှာ ရေးသား ခဲ့ပါသည်။ ရိုမန်အင်ပိုင်ယာ မာကပ်အော်ရီးလီယပ် (Marcus Aurelius) လက်ထက်က အင်ပိုင်ယာ၏ ဆရာဝန် ကြီးဖြစ်ခဲ့ပါသည်။ သူသည်ဂရိနိုင်ငံပါဂမွန် (Pergamon) မြို့သားဖြစ်သည်။ (ယခု တူရကီနိုင်ငံ) သူသည် အီဂျစ်နိုင်ငံ အလက်ဇန်းဒီးယား သို့သွားပြီး ဟိုက်ပိုခရိုက် (Hypocrates) နှင့် ဟေရိုဖီလပ် (Herophilus) ထံမှ ဆေးပညာကိုသင်ယူခဲ့ပါသည်။ နောက်ပိုင်း ဆရာဝန်၊ ဖီလိုဆိုဖာအဖြစ်ကျော်ကြားလာသောအခါ ရောမမြို့သို့ခေါ်ယူခြင်း ခံရသည်။

သူသည်လူကို အရည်များဖြင့်ဖွဲ့စည်းထားသည်။ (Humours) သွေး၊ ချွေး၊ တံတွေး စသည့်အရည်များဖြစ်သည်။ ထိုအရည် များဖေါက်ပြန်သောအခါ လူတွင်ကျန်းမာရေးဖေါက်ပြန်ရသည်။ လူရှိအော်ဂင် (Organ) များအလုပ် လုပ်ပုံနှင့် လူတွင်ဖြစ် တတ်သော ရောဂါများနှင့်ပတ်သက်၍ လေ့လာခဲ့ပါသည်။

သူသည် ဆေးစွမ်းထက်သည့် ဘယဆေး (Herbs) များ၊ (Spices) များနှင့်ရောဂါကုပုံတို့ကိုလေ့လာခဲ့သည်။ သူ့ဆေးကို ပထမဆုံးသူနှင့်အတူ ဆေးကုသသည့် ဆရာဝန်များကို သုံးစေ၍စမ်းသပ်သည်။ ထို့နောက်မှ တကယ့်လူနာကို ဆေးနှင့် ကုသသည်။

သူ့ခေတ်က ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များကြောင့် လူသေများကိုခွဲစိတ်ပိုင်ခွင့်မရှိ၊ သူက သူ့နည်းသူ့ဟန် ဖြင့် လူ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ (Anatomy) ကို လေ့လာသည်။ သုသာန်များတွင် လူတို့၏ အရိုးစုများကိုလေ့လာသည်။ လူ အများအချင်းချင်း တိုက်ခိုက်အနာတရဖြစ်သောအခါ (Gladiator) များတွင် ကြွက်သားတို့၏ ဖွဲ့စည်းထားပုံကိုလေ့လာသည်။ တိရိစ္ဆာန်များကို အရှင်ခွဲစိတ်ခြင်း၊ အနာတိုမီ သင်ခန်းစာများကို လူမြင်ကွင်းတွင် လက်တွေ့ပြုလုပ်လေ့ရှိသည်။

သူ့စာအုပ်ကိုဖတ်ရသည်မှာ ခေတ်သစ်ဆေးတက္ကသိုလ်ကျောင်းသားများကိုပို့ချနေသည့် လက်ချာကိုနားထောင် ရသကဲ့သို့ရှိ သည်။ သူ့စာအုပ်ဖတ်သူများကို ဆေးပညာတီးမိခေါက်မိရှိသကဲ့သို့ ယူဆသည်။

သူ့အယူအဆမှာ သူနှင့်ခေတ်ပြိုင်လူများနှင့် သက်တမ်း (Life Span) နှင့် အိုမင်းရင့်ရော်ခြင်း၊ (Ageing) တို့ အပေါ်သဘောထားပုံမှာမတူဘဲကွဲပြားနေသည်။ အေသင်မြို့မှ နိုင်ငံရေးသမား (Solon) က ဘီစီ ၆ ရာစုနှစ်က ဘဝကို ၇ နှစ်စီ ပါဝင်သော အပိုင်းများနှင့် အပိုင်း ၁ဝ ခုပါဝင်သည်။ နောက်ဆုံးပိုင်း ၇ နှစ်ကို အိုမင်းသောနှစ်ဟု သတ်မှတ်သည်။

ဂေလင်က သတ်မှတ်ပုံမှာ ပို၍အသေးစိပ်ပြီး သူက အရွယ်အိုမင်းချိန်ကို အသက်နှင့်မသတ်မှတ်ဘဲအိုမင်းချိန်ကို သုံးပိုင်းသာ ပိုင်းသည်။ တတ်ကြွသည့်အရွယ်နှင့် အိုမင်းသွားပြီး အပြုအမူတို့နှေးကွေးသွာချိန် (Senility) ဟူ၍ ဖြစ်ပါသည်။ သူက ပျက်စီးဆုံးရှုံးရမူများမှာ အစကတည်းက ကိုယ်အရည်အသွေးတခုအဖြစ်ရှိနေခဲ့ ပြီးဖြစ်သည်။

အသက်ကြီးသူတို့ကို စောင့်ရှောက်ရန် ဆရာဝန်တိုင်း၏တာဝန်ဖြစ်ပြီး ၎င်းတို့ဘေးအန္တရာယ်မကျရောက်ရအောင် အကာ အကွယ်ပေးရမည်ဖြစ်သည်။ အသက်ကြီးမှဖြစ်ရသော မူးဝေခြင်းအပြင် မှုန်ဝါးသွားခြင်း၊ နားလေးလာခြင်း စသည်တို့ကို နှောင့်နှေးအောင်လုပ်ပြီး ဘဝကို အကောင်းဆုံးနေထိုင်သွားရမည်ဖြစ်သည်။
ဂေလင်၏အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရန်နည်းမှာ ယခုအချိန်အထိခေတ်မှီနေဆဲဖြစ်ပါသည်။ လမ်း လျှောက်ခြင်း၊ မနှေးမမြန်ပြေးခြင်း၊ အစားအသောက်ရှောင်ကြဉ်ခြင်း၊ ရိုးရိုးဆန်ပြုတ်ကိုသာ ချွေချွေတာတာ သုံးစွဲရန်ဖြစ်သည်။ ပျားရည်၊ ဟင်းသီးဟင်းရွက်၊ အိမ်မွေးကြက်တို့ကိုသာ စားသုံးသင့်ပါသည်။ သူက အဝါရောင် ဝိုင်အရက်ကို လူကြီးများသောက်သုံး သင့်သည်ဟု ဆိုသည်။ လူကြီးသူမများကို ညင်သာစွာကိုင်တွယ်ကြရန် ကျောက်ကပ်နှင့် Bladder ကို ငြင်သာစွာပွတ်သပ် ပေးခြင်း (Massage) နည်းကို သုံးရမည်။ သူက တိမ်ကျသောမျက်စေ့ကို ခွဲစိတ်နည်းကိုပါ ရေးသားခဲ့သည်။

သူက တချို့ဖီလိုဆိုဖာများက အသက်ကိုအကန့်အသတ်မရှိရှည်စေနိုင်သည်ဆိုခြင်းကို အပြင်းအထန် ရှုံ့ချသည်။ သေခြင်း ဆိုသည်မှာ ရှောင်လွဲ၍မရနိုင်သောအရာတစ်ခုဖြစ်ပြီး လူတိုင်းမလွဲမသွေကြုံကြရမည်။ သို့သော် အသက်ကို ပို၍ရှည်အောင် ပြုလုပ်နိုင်ပါသည်။ လူကမူ ကိုယ်ခန္ဓာသည် တဖြည်းဖြည်းယိုယွင်းပျက်စီးရမည်သာ ဖြစ်ပါသည်။

လူတိုင်းအသက် ၇ဝ မတိုင်မီသေနေကြသောအချိန်တွင် သူက လူ၂ ဦးကို စံပြအဖြစ်ထုတ်ဖော်ခဲ့သည်။ အန်တီယိုချု့စ် (Antiochus) သည် အသက် ၈ဝ အရွယ်အထိဆေးကုသနေသော ဆရာဝန်တစ်ယောက်ဖြစ်သည်။ တယ်လီဖူး (Telephus) မှာ အသက် ၁ဝဝ နီးပါးရှိပြီဖြစ်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်ဆဲဖြစ်ပါသည်။ အာရုံခံအရာများမှာ အင်းအားကောင်း နေဆဲဖြစ် ပါသည်။ သူတို့ကိုအတုယူကြရန် တိုက်တွန်းသည်။ သူ့စာအုပ်ထဲတွင် ဤသို့နေထိုင်နိုင်ရန်နည်းလမ်းတွေကို ရေးသားခဲ့ပါ သည်။ သူကိုယ်တိုင်ကမူ အိမ်ထောင်တခါမှမပြုဘဲ အသက် ၈၇ အထိနေသွားပါသည်။

အေဒီ ၂၁ဝ ခုနှစ်တွင် ဂေလင်ကွယ်လွန်ခဲ့ပါသည်။ သူ့စာအုပ်မှာ အေဒီ ၅ဝဝ ခုနှစ်အထိ အနောက်နိုင်ငံ ဆေးတက္ကသိုလ်များ၏ ပြဌာန်းချက်စာအုပ်ဖြစ်ခဲ့ပါသည်။ ၉ ရာစုနှစ်တွင် သူ့စာအုပ်ကိုအရေဗျနိုင်ငံသုံးဘာသာ စကားဖြင့် ပြန်ဆိုရေးသားကြသည်။ သို့သော် ၁ဝ၂၅ ခုနှစ်တွင်ထုတ်သည့် စာအုပ်တွင်မူ ဂေလင်၏ အသက်ကြီး သူတို့ကိုစောင့်ရှောက်ရန် ရေးထားသောအခန်းကို ချန်လှပ်ထားကြသည်။

သို့သော် နောက်ပိုင်းကာလများရောက်မှသာ သူ၏လူကြီးများကိုစောင့်ရှောက်ရန်နည်များကိုများတွင် ရေးသားဖော်ပြကြပါ သည်။

ကိုသန်းလွင်
Ref: A 2000 year Old View Of Old Age by Stanley Buratin Nature 23 Aug 2018
0