အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း အတွဲ၁၁၊ အမှတ် ၆၇ ပုံမှန်အတိုင်းထွက်ရှိ


အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း အတွဲ၁၁၊ အမှတ် ၆၇ ပုံမှန်အတိုင်းထွက်ရှိ
K (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈


သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများကို တင်ဆက်လေ့ရှိပြီး နှစ်လတကြိမ်ထုတ်ဝေနေတဲ့ အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း စက်တင်ဘာ+အောက်တိုဘာလများအတွက် အတွဲ၁၁၊ အမှတ် ၆၇ ပုံမှန် ထွက်ရှိနေကျအတိုင်း ပါဝင်နေကျ ကဏ္ဍများနဲ့ ထွက်ရှိလာပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းများ၊ ကလေးကဏ္ဍ၊ Photo Eassy၊ ကဗျာ၊ ပတ်ဝန်းကျင်ခံစားမှု၊ ပတ်ဝန်းကျင်အက်ဆေး၊ ပတ်ဝန်းကျင် ဆောင်းပါး၊ ပတ်ဝန်းကျင်ခရီးသွား၊ ပတ်ဝန်းကျင်ကလေးကဏ္ဍ၊ ပတ်ဝန်းကျင်ကာတွန်း၊ ပတ်ဝန်းကျင်လေ့လာမှု၊ ပတ်ဝန်းကျင်ဝတ္ထုတို အစရှိတဲ့ကဏ္ဍများပါဝင်ပါတယ်။

ပါဝင်တဲ့ကလောင်များကတော့ အောင်ကြည် ညွှန့်(တက္ကသိုလ်)၊ ဒေါ်ခင်မေလွင်၊ ငြိမ်းချမ်းဝေ၊ ညိုယဉ်ဆောင်း၊ ဦးအောင်စိုး၊ ဒေါက်တာစန်းဝင်း(သစ်တောနှင့် ပတ်ဝန်းကျင်တက္ကသိုလ်)၊ နေစိမ့်၊ ၀င်းဌေးဦး၊ ခိုင်သွေးကို၊ မြတ်ဝေ၊ စိုးနောင်(မုံရွာ)၊ လင်းခ(မော်လမြိုင်)၊ ပြည်သစ်ဟန်၊ ညိုဦးလွင်၊ မိချမ်းဝေ၊ ကောင်းကင်ပြာ၊ သက်ထားခင်၊ ရွှေဒါးမောင်လေးရည်၊ လူထုစိန်ဝင်း၊ မောင်အောင်(မွေး/ကု)၊ ဇလပ်နီ၊ စာ ဘဏ္ဍာမြ၀င်း(ပခုက္ကူ)၊ အောင်စည်ဟိန်း၊ တီချယ်မေချို၊ ဗိုးလေးသုမိတ္တ၊ အေးမြင့်(ညောင်တုန်း)၊ ရွှေလက်၊ ဖိုးမောင်(မြန်မာစာ)၊ ထူးဝေကျော်၊ မောင်မြေနီ(တမာတော)၊ ရွှေ ချောင်း သား(မအူပင်)၊ အေးလွင်(ကသာ)၊ မြင့်ဆန်း၊ မင်းမာန်ခ၊ ဆွေး(မြိတ်)၊ တင်မောင်ယု၊ ဦးကျော်စိုး၊ သူသူမေ၊ အော်ပီကျယ်၊ မောင်ခြိမ့်တို့ဖြစ်ပါတယ်။

အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းကို အယ်ဒီတာချုပ် ဒေါ်ဒေ၀ီသန့်စင်၊ တာဝန်ခံအယ်ဒီတာ မြင့်ဆန်းတို့က တာဝန်ယူဆောင်ရွက်ကာ ၂လတကြိမ်ထုတ်ဝေလျက်ရှိပါတယ်။

Comments