ဇင်လင်း - သတင်းမီဒီယာများ၏ ဗဟုသဘောထား အမြင်များကို လမ်းဖွင့်ပေးဖို့လိုသည်

သတင်းမီဒီယာများ၏ ဗဟုသဘောထား အမြင်များကို လမ်းဖွင့်ပေးဖို့လိုသည်
ဇင်လင်း 
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈
သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက် ယေဘုယျအခြေအနေကို ဖော်ညွှန်းပြသသည့်  နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ၏ ၂၀၁၈ ခုနှစ် ညွှန်းကိန်း(Index) အရဆိုလျှင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏အဆင့်သည် ၁၃၇ တွင် ရှိနေ သည်။ ၂၀၁၇ ခုနှစ်က မြန်မာ့ သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၃၁ ဖြစ်သဖြင့် ယခုနှစ်တွင် ၆ ဆင့် ကျဆင်း သွားသည်။ 
အထူးသဖြင့် စက်တင်ဘာ ၃ ရက်နေ့က ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင် ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေသည်။ ရိုက်တာသတင်းထောက် (၂)ဦး ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့်ပတ်သက် ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် စတီဖင် အက်ဒလာ (Stephen J. Adler) က ယခုကိစ္စသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို အကြီးအကျယ် နောက်ပြန်ဆုတ်သွားသည့် လက္ခဏာဖြစ်သည် ဟုဆိုသည်။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာပြောဆိုခွင့် စသည်တို့နှင့် လွဲချော်နေ အစိုးရအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်သင့်ကြောင်း က တိုက်တွန်းထားသည်။
သတင်းသမားများ/သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အစိုးရ/တပ်မတော်အာဏာပိုင်တို့အကြား တင်းမာမှုအခြေအနေများဖြစ် လာခြင်းသည် မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် ဆုတ်ယုတ်မှုကို ပြသနေခြင်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိတာဝန်ခံမှုမရှိဘဲ သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းသည် အရပ်သားအစိုးရ၏ မူဝါဒဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အယုံအကြည်ကင်းမဲ့စေသည်။ 
 
ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင် ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းထောက်များအား စံနမူနာပြ ခြိမ်းခြောက်မှုဟု ဆိုနိုင် သည်။ တနည်းအားဖြင့် တပ်မတော်နှင့်အစိုးရအနေဖြင့် နိုင်ငံ၏ပုံရိပ်ကိုကျဆင်းအောင် လုပ်သလို ဖြစ်နေသည်။
မကြာသေးမီနှစ်များအတွင်းက နိုင်ငံတကာတွင် သတင်းထောက်နှင့် မီဒီယာလုပ်သားများအား ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု အရေအတွက်နှုန်းထားသာဓကများသည် စိုးရိမ်ဖွယ် ရာကောင်းလှသည်ဟု “ကုလသမဂပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့” (UNESCO) က ဆိုသည်။ ထို့ပြင် သတင်းလွတ်လပ်ခွင့်ကိုကျင့်သုံးဆောင်ရွက်သည့် သူတို့၏ အရည် အချင်းများကိုထိခိုက်နစ်နာစေသည့်အဖြစ်အပျက်များလည်း ဖြစ်ပွားခဲ့သည်ဟု ]ဆိုသည်။ ထို့ပြင် တရားစွဲ ဆိုခြိမ်းခြောက်မှုများ၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတင်းလိုက်ခွင့် ပိတ် ပင်ဟန့်တားခြင်း၊ တိုက်ခိုက်သူတို့အား ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးအရေးယူယူရန် ကြိုးပမ်းမှုများအရေးနိမ့်ခြင်း စသည့်အကြောင်းများကြောင့် လွတ်လပ်စွာ သတင်းရယူမှု ကို ထိခိုက်ကျဆင်းစေခဲ့ကြောင်းလည်း ဖော်ပြသည်။ သက်သေအထောက်အထားများသည် ထပ်ခါထပ်ခါ သတိပြုမိစရာဖြစ်လာသည်။ နိုင်ငံတကာမိသားစု၊ အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) နှင့် အခြား တာဝန်ရှိအဖွဲ့အစည်းများက သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာ အခြေအနေများကို ထပ်တလဲလဲတွေ့ရှိနေရကြောင်း အစီရင်ခံခဲ့ကြသည်။
ကုလသမဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့(UNESCO)သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) နိုင်ငံ တကာသတင်းဘေးကင်းရေးအဖွဲ့ (INSI)နိုင်ငံတကာ လွတ်လပ်စွာ အမြင်ဖလှယ်ရေးအဖွဲ့ (IFEX) နှင့် အမေရိကတိုက် သတင်းစာအဖွဲ့ (IAPA) အစရှိသော သတင်းအဖွဲ့အစည်း အားလုံးက သတင်းထောက်တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ရသောသတင်းသမားများအရေအတွက် ကိန်းဂဏန်းများကို စုဆောင်းခဲ့ကြသည်။ အရေအတွက်မှာ ထိတ်လန့်စရာဖြစ် သည်။ နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF)၏ အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်အတွင်း သတင်းထောက်နှင့် သတင်းစာဆရာ စုစုပေါင်း ၁၁၀ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၀၅ မှ ၂၀၁၅ ဆယ်စုနှစ်တစ်ခုအတွင်း သတင်းသမားပေါင်း ၇၅၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်ဟု RSF က အစီရင်ခံတင်ပြထားသည်။ ၂၀၁၈ ခုနှစ် ပထမ ၆ လအတွင်း ကမ္ဘာတဝှမ်း၌ သတင်းမီဒီယာသမား ၄၇ ယောက် အသတ်ခံခဲ့ရသည်ဟု RSF)၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အပြင် (IFEX) အဆိုအရ ထိုပြစ်မှုများကိုကျူးလွန်သူများ၏ ရာဇ၀တ်မှု (၁၀)မှုတွင် (၉)မှုသည် ရုံးတင်တရားစွဲဆိုခြင်း မခံရ ချေ။ ဥပဒေ၏ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေ ခြင်း (Impunity) ကြောင့် သတင်းထောက်များအား အကြမ်းဖက်တိုက်ခိုက် မှုသံသရာကို သက်ဆိုးရှည်လျက် ရှိနေစေသည်။ ထို့ကြောင့် တိုက်ခိုက်သူတို့အား တရားဥပဒေ၏ ရှေ့မှောက်သို့ရောက်ရှိ အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဆိုရပေမည်။တိုက်ခိုက်မှုများကို ကျူးလွန်သည့် ရာဇဝတ်ကောင်များသည် စင်စစ် လူ့ အခွင့်အရေး ချိုးဖော်က်သူများဖြစ်သည်။
သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကိုသတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိ နေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့သည် အရေး တကြီးလုပ်ဆောင်ရမည့်အလုပ်များဖြစ်သည်ဟု UNESCO က ဆိုသည်။  ထိုသို့လုပ်ဆောင်မှသာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ က အာမခံထား သော ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်’ (freedom of expression) ကို အရှည်တည်တန့်နိုင်စေမည်ဖြစ်သည်။ ‘လွတ်လပ်စွာ ဖွင့်ဟထုတ် ဖော်ပြောဆိုခွင့်’ သည် တစ်ဦးချင်းအတွက် ရပိုင်ခွင့် အခွင့်အရေးဖြစ်ပြီး၊ ကိစ္စအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ် ဖြတ်ရန်အကြောင်းမရှိချေ။ ထို့ပြင် ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်’ သည် လူအများ၏ စုပေါင်းကျင့်သုံးနိုင်သည့် အခွင့် အရေးလည်း ဖြစ်သည်။ ထိုအခွင့်အရေးက လူထုအားစကားပြောဆိုဆွေးနွေးခြင်း၊  ဒီမိုကရေစီအရေးအရာများတွင် ပါဝင်စေ ခြင်း စသဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အားပေးခွင့်ပြုသည်။ ထို့ကြောင့် ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ခွင့် နှင့် ရေရှည်တည်တန့်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်နိုင်စေမည် ဖြစ်သည်။
‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်’ (freedom of expression)  နှင့် သတင်းစာလွတ်လပ်ခွင့် (Freedom of the Press) မရှိပါက သတင်းအချက်အလက်များရရှိလျက် တက် ကြွစွာပါဝင်ပတ်သက်ပြောဆိုဆွေးနွေးနိုင်သော နိုင်ငံသားများ ပေါ်ပေါက် ရန် မဖြစ်နိုင်ဟုလည်း ယူနက်စကို က ဖော်ပြသည်။ သတင်းထောက်များ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံသည့် ပတ်ဝန်းကျင်မျိုး တွင် နိုင်ငံသားများအဖို့ ယုံကြည်အားထားလောက်သောသတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်သည်။ 
အကျိုးဆက်အဖြစ် (လွတ်လပ်မျှတသော စီမံအုပ်ချုပ်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျား/မ-တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊  တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက်အများအပြားကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်သည်ဟုလည်း  UNESCO က ဆိုသည်။ 
သို့ဖြစ် ဥပဒေအရ အရေးယူခံရမည့်ကိစ္စမှ ကင်းလွတ်ခွင့်ရနေခြင်း (impunity) အား ထိန်းချုပ်မှုမလုပ်နိုင်ပါက၊ သတင်း ထောက်နှင့် မီဒီယာသမားများသတ်ဖြတ်ခံရမှုများကို စုံစမ်းစစ်ဆေးနိုင်ခွင့် ဆုံးရှုံးနေဦးမည်ဖြစ်သည်။ 
သတင်းထောက်များ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ကန့်သတ်ဟန့်တားခံရခြင်းသည် လူ့အဖွဲ့အစည်း တခုလုံး အဖို့ သတင်းအချက်အလက်ပါဝင်ဖြန့်ဝေနိုင်ခွင့်ကို ရုပ်သိမ်းခံရခြင်းဖြစ်သည်။ ထိုအချက်သည် သတင်းစာလွတ်လပ်ခွင့်အပေါ် ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုဖြစ်စေသည်။ ယင်းသက်ရောက်မှုကြောင့် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး ကိုယ်တိုင်သတင်းဆင်ဆာလုပ်ရမည့် အခြေအနေဆီသို့ တွန်းပို့သလို ဖြစ်စေသည်ဟု UNESCO က ဆိုသည်။    
ထိုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးဖြစ်ပေါ်လာပါက လူ့အဖွဲ့အစည်းများကို ထိခိုက်နစ်နာမှု ဖြစ်စေသည်။ 
အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက် ပြည့်စုံစွာမရ ရှိသည့် လူ့အသိုင်းအဝိုင်းအနေနှင့် သူတို့၏အစွမ်းအစများကို မသိရှိနိုင် ဖြစ်သည်။ ဥပဒေအရ အရေးယူခံရမည့် အမှုကိစ္စမှကင်းလွတ်ခွင့်ရနေခြင်း (impunity)ကို အဆုံးသတ် ပစ်နိုင်ရန် အားထုတ်ဆောင်ရွက်ရာတွင် သတင်းထောက်များအားတိုက်ခိုက်သည့် ရာဇဝတ်မှုများကိုလည်း အလေးထားစဉ်းစားရမည်ဖြစ် သည်။ ကိစ္စသည် ယေဘုယျအားဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (human rights defenders) ကို အကာအကွယ်ပေးရေးနှင့်လည်း တဆက်တစပ်တည်း ဖြစ်သည်။ ပြင် သတင်းထောက်များအား ကာကွယ်စောင့်ရှောက်ခြင်း သည် သာမန်သတင်းထောက်အဖြစ် အသိအမှတ်ပြုထားသူများကိုသာမက၊ အခြား ရပ်ရွာအခြေပြု မီဒီယာလုပ်သားများ၊ ရပ်ရွာ အခြေပြု အပျော်တမ်း သတင်းထောက်များ (citizen journalists)နှင့် အခြား မီဒီယာအသစ်ကိုအသုံးပြု လူထုထံ သတင်းဖြန့် ဝေသူများအားလည်း ကာကွယ်စောင့်ရှောက်သင့်သည်ဟု UNESCO က အစီရင်ခံတင်ပြထားသည်။ 
သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရ ရှိနေသည့်ကိစ္စကိုတိုက်ဖျက်ရေး’ တို့သည် ပြနာ ဖြစ်ပြီးမှ ထိန်းထိန်းသိမ်းသိမ်းအရေးယူရမည့်ကိစ္စမျိုး မဟုတ်ပေ။ 
ထိုသို့လုပ်ရမည့်အစား၊ ကြိုတင်ကာကွယ်သည့်အစီအစဉ်များချမှတ်လုပ်ဆောင်ထားရန် လိုအပ်သည်။ ပြင် သတင်းထောက် များအားအကြမ်းဖက်ခြင်းနှင့် ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းတို့၏ မူလဘူတအကြောင်းရင်းများကိုဖြေ ရှင်းရန် လိုပေသည်။ သို့မှသာ အကျင့် ပျက်ခြစားခြင်း၊ ကြိုတင်ပြင်ဆင်ရာဇဝတ်မှု ကျူးလွန်ခြင်းကဲ့သို့သောပြနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။ ဒုစရိုက်အခြေခံ အစိတ်အပိုင်းများကိုလည်း ထိရောက်သော တရားဥပဒေစိုးမိုးရေး ဖွဲ့စည်းပုံဖြင့် တုံ့ပြန်နိုင်ပေသည်။ ထို့ပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို ပိတ်ပင်ဟန့်တားသည့် ဥပဒေများကိုလည်း ဖျက်သိမ်းပစ် ရပေမည်။ (ဥပမာ-- အလွန်အကျွံ ကန့်သတ်ချုပ်ချယ် သည့် အသရေဖျက်မှု ဥပဒေများ)။
မီဒီယာလုပ်ငန်းဌာနများအနေဖြင့် သတင်းထောက်များ၏လုပ်ခလစာနိမ့်ကျမှုနှင့် လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ကောင်းမွန်ရေး ကိစ္စတို့ကိုလည်း ဖြေရှင်းပေးရမည် ဖြစ်သည်။ စိန်ခေါ်မှုများကို ဖြစ်နိုင်သမျှအတိုင်းအတာဖြင့် လူအများသတိပြုသိရှိလာစေ ရန် လုပ်ဆောင်ရမည်။ ထိုကိစ္စကို အရေးယူဆောင်ရွက်ရန်ပျက်ကွက်မှု၏နောက်ဆက်တွဲ ပေါ်ပေါက် လာမည့်အကျိုးဆက်များ ကိုလည်း လူထုအများသိရှိအောင် ဆောင်ရွက်ရမည်။ သတင်းထောက်များအား အကာအကွယ်ပေးရေးကိစ္စကို ဒေသအလိုက် အမှန်တကယ် ထိခိုက်နစ်နာ ခဲ့ သည့်သတင်းထောက်များလက်ခံလာအောင် ဆောင်ရွက်ရမည်။ ဥပမာ အကျင့်ပျက်ခြစားခြင်း နှင့် ကြိုတင်ပြင်ဆင် ရာဇ၀တ်မှုကျူးလွန်ခြင်းအကြောင်းအရာများကို သတင်းပို့သည့် သတင်းထောက်များသည် ဒုစရိုက်ဂိုဏ်း များ၏ပစ်မှတ်ဖြစ်လာမှုများ ပိုများလာနေသည်။ ဒေသခံများ၏လိုအပ်ချက်များနှင့်အညီ ပုံစံချမှတ်ဆောင်ရွက်သည့် နည်းလမ်း များကို အားပေးသင့်ကြောင်း UNESCO က အကြံပြုထားသည်။ 
အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားလျက်၊ စစ်မက်ဖြစ်ပွားနေသည့် ဒေသများနှင့် စစ်မဲ့ဇုံများတွင်ပါ၊ သတင်းထောက် များ ဘေးကင်းလုံခြုံမှု သေချာစေရန် ဥပဒေဖွဲ့စည်း ချမှတ်ခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာနည်းလမ်းအချို့ကို ကုလသမဂအနေဖြင့် လက်ခံထားပေသည်။ လွတ်လပ် အမှီအခိုကင်းပြီး ဗဟုသဘောထားအမြင်များကိုလက်ခံသော မီဒီယာ အဖွဲ့များအပေါ်တွင် ကုလသမဂ၏အင်အားနှင့်အခွင့်အလမ်းများ တည်မှီပေသည်။ ထို့ပြင် ဥပဒေဖွဲ့စည်းထားရှိမှုများနှင့် လွတ်လပ်သည့် ဒီမိုကရေစီ အဖွဲ့အစည်းများကလည်း ထောက် ကူမှု ပြုပေသည်။
နိုင်ငံတကာအဆင့်တွင် ကုလသမဂ လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်အမှတ် S/RES/1738 ကို ၂၀၀၆ ခုနှစ်တွင် လက်ခံ အတည်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ စစ်ပွဲများ အတွင်း၌ သတင်းထောက်များ၏ လုံခြုံရေးအတွက် ရှင်းလင်း လက်တွေ့ကျ သော နည်းလမ်းကို အတည်ပြုခဲ့သည်။ ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ်က ထိုစဉ်ကပင် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် နှစ်ပတ်လည်အစီရင်ခံစာတွင်ထည့်သွင်း အထွေထွေညီလာခံသို့တင်သွင်းခဲ့သည်။
အပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) ကလည်း ကိစ္စနှင့် စပ်လျဉ်း၍ အလေးဂရုပြုကြစေရန် နှိုးဆော် လျက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ သည်။ လူ့အခွင့်အရေးကောင်စီ (HRC)သို့(OHCHR) က အစီရင်ခံစာ များတင်သွင်းရာတွင် ကိစ္စကို ထည့်သွင်းတင်ပြခဲ့သည်။ ကိစ္စအတွက် ‘လွတ်လပ်စွာ ထင်မြင်ယူဆချက် ဖွင့်ဟထုတ်ဖော် ပြောဆိုခွင့်ကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂအထူးကိုယ်စားလှယ်’ (Special Rapporteur on the promotion and protection of the right to freedom of opinion and expression) နှင့် OHCHR က နီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက် ရှိသည်။
ထို့ပြင် လွတ်လပ်စွာ ထင်မြင်ယူဆချက် ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် များစုဆောင်းရန်၊ အစိုးရ၊NGOs နှင့် အခြားအဖွဲ့ အစည်းများထံမှ ဆက်စပ်ပတ်သက်သည့် သတင်းအချက်အလက်များရှာဖွေ ရယူခွင့် လက်ခံခွင့်နှင့် တုံ့ပြန်ခွင့်ရှိရန်၊ လွတ်လပ်စွာဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်ကို မည်သို့ အကောင်း ဆုံးမြှင့်တင်သင့်ကြောင်း ထောက်ခံချက်များပေးရန် OHCHR အား လုပ်ပိုင်ခွင့် ပေးထားသည်။ အခြား ကုလသမဂအထူးသံတမန်များဖြစ်သည့် ဥပဒေ ပြင်ပ အကျဉ်းရုံး တရားစီရင် ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂအထူးကိုယ်စားလှယ်၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂအထူးကိုယ်စားလှယ်၊ နှိပ်စက်ညှဉ်းပမ်းမှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ အထူးကိုယ်စားလှယ်နှင့် စုံစမ်းစစ်ဆေးရေး ကုလသမဂအထူးကိုယ်စားလှယ်၊ အဓမ္မဖျောက်ဖျက်ခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးချုပ် နှောင်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ အထူးကိုယ်စားလှယ်တို့တွင်လည်း ကိစ္စနှင့်ပတ်သက် လုံးဝတာဝန်ရှိပေ သည်။
“အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသော သတင်းထောက် (သို့မဟုတ်) ခြိမ်းခြောက်ခံရသဖြင့် သတင်းမလိုက်ဝံ့သည့် သတင်းထောက်မှန်သမျှသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရ သည့်လူသားသက်သေဖြစ်သည်။ ထိုးနှက်တိုက်ခိုက်မှုတိုင်းသည် အမှန်တရားကို ပျက်စီးယိုယွင်းစေသည်။ တိုက်ခိုက်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့မှုပတ်ဝန်းကျင်နှင့် ကိုယ်တိုင် သတင်းဆင် ဆာဖြတ်တောက်မှုတို့ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။” 
(Barry James in Press Freedom: Safety of Journalists and Impunity. UNESCO Publications: 2002)
သို့ဖြစ် ကုလသမဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေနှင့်လည်း ကုလသမဂကချမှတ်လက်ခံထားသည့် သတင်းစာ လွတ် လပ်ခွင့်နှင့် သတင်းသမားများဘေးကင်းလုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့်အညီ၊ စစ်မက်ဖြစ်ပွားနေသည့်ဒေသများနှင့် စစ်မဲ့ဇုံ များတွင်ပါ၊ သတင်းထောက်များဘေးကင်းလုံခြုံမှုသေချာစေရန် ဥပဒေ ဖွဲ့စည်းချမှတ်ကျင့်သုံးရန် စတင်သင့်ပြီ ဖြစ်သည်။ 
လွတ်လပ် အမှီအခိုကင်းသော သတင်းမီဒီယာများ၏ဗဟုသဘောထားအမြင်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက လက်ခံခြင်းအားဖြင့် နိုင်ငံ၏ အသိာဏ်ပညာအင်အားနှင့် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာနိုင်မည်ဟု ယုံကြည်ပါသည်။
 Reference:     UN PLAN OF ACTION ON THE SAFETY OF JOURNALISTS AND THE ISSUE OF IMPUNITY 
0