"အစိုးရသက်တမ်းဝက် ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏သဘောထားအမြင်" စစ်တမ်းထုတ်ပြန်ခြင်း အခမ်းအနား



"အစိုးရသက်တမ်းဝက် ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏သဘောထားအမြင်" စစ်တမ်းထုတ်ပြန်ခြင်း အခမ်းအနား
K (မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၈


ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACEမှ ဦးစီးကျင်းပတဲ့ "အစိုးရသက်တမ်းဝက် ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏သဘောထားအမြင်"အမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ် ၃၃ရှိ Parkroyal Hotel Yangon မှာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အခမ်းအနားအစီအစဥင်္အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများတွေ့ဆုံခြင်းကို နံနက် ၁၀ နာရီမှ ၁၂ နာရီထိပြုလုပ်သွားမှာဖြစ်ပြီး သတင်းမီဒီယာများနဲ့တွေ့ဆုံခြင်းကိုတော့ နေ့လယ်၂ နာရီမှ ၄ နာရီထိ ဖြေကြားသွားမယ်လို့သိရပါတယ်။ အသေးစိတ်အစီအစဉ်များနဲ့ပတ်သက်ပြီးထပ်မံသိရှိလိုပါက မခင်ငြိမ်းချမ်း ၀၉၂၅၁၄၃၀၁၃၄၊ khinnyeinchan@pacemyanmar.orgကို ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။

စစ်တမ်းအစီရင်ခံစာနဲ့ပတ်သက်ပြီး “ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့အနေနဲ့ ၂၀၁၈ခုနှစ် မေလအတွင်းမှာ စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။ နိုင်ငံသားများရဲ့ ဒီမိုကရေစီနဲ့ လူမှုအရင်း (Social Capital) အပေါ် အမြင်သဘောထားနှင့် လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်များအပေါ် အမြင်များကို သိရှိနိုင်ဖို့ အဓိကထား မေးမြန်းခဲ့ပါတယ်။ ယခုစစ်တမ်းရဲ့ တွေ့ရှိချက်များအပေါ် အခြေခံပြီး အစိုးရအနေနဲ့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်း ဆောင်ရွက်ချက်များ ပိုမိုကောင်းမွန်ဖို့အတွက် အကျိုးဖြစ်စေဖို့နဲ့ နိုင်ငံရေးပါတီ များလည်း ၂၀၂၀ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ရေး အတွက် အကျိုးဖြစ်စေဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုထားပါတယ်။

Comments