စက်ဘီးဆိုင်
သန်းတင့်
သန်းတင့်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈
အရက်ကို ခုံမင်နှစ်ချိုက်စွာသောက်နေတတ်ေ သာ ဆရာသမားတဦးက ပထမဆုံးနေ့မှာအရက်ကို သူ တကယ်သော က်ခဲ့တာဖြစ်ပြီး နောက်နေ့များမှာ ခေါင်းကိုက်ဖြေနေခြင်းသာဖြစ်ေ ကြာင်းပြောပြခဲ့ဖူးသည်။ ဟိုနေ့ကသောက်တာ ဒီနေ့ဖြေ၊ ဒီနေ့ဖြေသည့်ကိစ္စက မနက်ဖြန်ခေါင်းကိုက်ပြန်တော့
မနက်ဖြန် တခါ ထပ်ဖြေရပြန်၊ ဒီလိုနှင့်သာ ယခုအထိ ဆက်သောက်နေရ ပါကြောင်း
ပြောချင် ခနဲ့ချင်ပုံရသည်။
ကြားမိစက ပြောလည်းပြောတတ်သူဟု စိတ်ထဲတွေးကာ
ပြုံးလိုက်မိ၏။ ထိုစကားကို သာမန်ရယ်စရာ အပျော်အပျက်သဘောသာ
အမှတ်ရနေမိ တတ်သော်လည်း စက်ဘီးအရောင်းဆိုင်လေးတဆိုင်ကို မြို့တော်ကြီး၏ဆင်ခြေဖုံးရပ်ကွက်တခုတွင်ဖွင့်ြ ဖစ်ခဲ့ပြီးသည့်နောက် စဉ်းစားဆင်ချင်စရာများရှိလာခဲ့ ရ သည်။
ဈေးရောင်းသောအလုပ်၊ အထူးသဖြင့် စက်ဘီးရောင်းသောအလုပ်မှာ
ကျွန်တော်နှင့်ဘယ်လိုမှ မရင်းနှီး မကျွမ်းဝင်သော အလုပ်တခုဖြစ်ပါသည်၊ တခြားလုပ်ခဲ့ဖူးသမျှ အလုပ်အကိုင်များနှင့် ငတ်တလှဲ့ပြတ်တလှဲ့
ခြေသလုံးအိမ်တိုင်အခြေအနေမှသည် ဒီလိုလေးတော့ဖြင့်
စမ်းလုပ်ကြည့်ဦးမှပါလေဟူသော သဘောမျှ သာဖြစ်သည်။ ဂျပန်ပြည်မှ
အသုံးပြုပြီးသား 'ဂျပန်ကျ' စက်ဘီးဟောင်းလေးများကို ကွန်တိန်နာများဖြင့် မှာယူ၊ ကိုယ့်ဆိုင်ရာက်လျှင် ပြုပြင်တန်တာပြုပြင်၊ ဆေးရောင်ထပ်တင်သည့်အခါထပ်တင်၊ ကိုယ့်ရေမြေ နှင့်မကိုက်ညီသည်များကို
နှုတ်ပယ်ပစ်သည့်အခါ နှုတ်ပယ်၊ ထိုသို့ဖြင့် ကျွန်တော့သံသရာတဆစ်ကို
ချိုးဖြစ်ခဲ့၏။
ပထမရောင်းစအချိန်များမှာ ကိုယ်တိုင်ကြိုက်သည့်
ကျွန်တော်ကိုယ်တိုင် လှသည်ဟုထင်သည့် စက်ဘီး ကလေးများကို
ကိုယ့်စိတ်ကြိုက်ပြုပြင်ရောင်း ချဖြစ်ခဲ့သော်လည်း
နောက်ပိုင်း အချိန်များတွင် အရပ်ဒေသ အကြိုက် ဝယ်ယူသူများ၏လိုအပ်ချက်
တောင်းဆိုသံများအရသာ ကျွန်တော့စက်ဘီးဆိုင်ကလေးနေ့ပေါ င်းများစွာလည်ပတ်နေရသည့်အဖြစ်ကို သတိထား ဖြစ်လာရသည်။ ကျွန်တော်ရောင်းနေသောတချို့စက် ဘီးများကို ကျွန်တော်ဘယ်လိုမှမကြိုက်ပါ၊ တချို့လာရောက်ဝယ်ယူသူများကိုလည်း ကျွန်တော်ဘယ်လိုမှ ကြည့်မရပါ။ သို့သော် ကျွန်တော်ခေါင်းကိုက်ဆက်ဖြေရန် လိုအပ်ပါသည်၊ ပထမဆုံးနေ့က တကယ်စက်ဘီး ရောင်းဖြစ်ခဲ့တာသေချာေ ကြာင်းကိုတော့ ဝန်ခံရပါသည်။
ပတ်ဝန်းကျင်လည်း မညစ်ညမ်းဘူး၊ ကျန်းမာရေးလည်းဖြစ် ယဉ်ကြောပိတ်ဆို့မှုအတွက်လည်းအဆင်ြေ ပ...
စသဖြင့် ကျွန်တော့ဆိုင်လေးကို ကြော်ငြာနေတတ်၊ ကိုယ်တိုင်လည်း
ကိုယ့်လုပ်ငန်းလေးကို ဂုဏ်ယူနေ တတ်သော်လည်း တခါတလေ ဒဏ်ရာအသစ်များ
ကြည်နူးမှုအသစ်များ၊ တချို့နေ့ရက်များဆိုပါက ခေတ် ကြီးတခေတ်လုံးကျွန်တော့ဆို င်လေးထဲကို လှိမ့်ဝင်လာသည်များ ပင် ကြုံခဲ့ဖူးပါသည်။
တခါက ပြိုင်ဘီးတစီးလိုချင်ကြောင်း ညီလိုသူငယ်ချင်းလိုတယောက်က
ရပ်ဝေးမှလှမ်းမှာသည်။ သူနှင့် ကိုက်ညီမည့်စက်ဘီးကို
ကျွန်တော်ကိုယ်တိုင်ရွေးချယ်ထည့်ေ ပးပါဆိုသောအခါ သူ့နှလုံးလမ်းကြောင်းတွင် ကန့်လန့်တိုက်နေသောကျွန်းများအေ ကြာင်းကို ကျွန်တော်ကသိထားသူပီပီ အသည်းကွဲအရောင် စက်ဘီး နီနီလေးနှင့် စာတစောင်ပါထည့်ပေးလိုက်ခဲ့ဖူးပါ သည်။ စာထဲတွင် ကျွန်တော်သည် ကဗျာနှင့်စက်ဘီး လေးများပြုလုပ် ရာတွင်
သစ္စာရှိကြောင်း၊ ကဗျာရေးသည့်လက်များနှင့်ပင် စက်ဘီးလေးများကို
ပြုလုပ် ထားသည်မို့ လွင့်မျောဖွယ်အထိအတွေ့ အာရုံခံစားမှုကိုပေးလိမ့်မည်ဖြစ်ေ ကြာင်း၊ အိပ်မက်ဟုဆိုလိုက်ပါက ချိုအီဆွတ်ပျံ့ဖွယ်ညများဆီသို့၊
ပန်ခင်းဟုဆိုလိုက်ပါက နှင်းဆီပင်များအနားသို့ ပင်လယ်ဟုသာ စီးရင်း နင်းရင်း
တမ်းတ ကြည့်လိုက်လျှင် လှိုင်းသံတွေအတိုင်းသား ကြားလာရစေ့မည့်အကြောင်း၊ ကျွန်တော့် စက်ဘီးများကိုစီးပြီး မည်မျှကြမ်တမ်းသည့်
မြိုင်ခြေကန္တာရကိုဖြတ်နင်းမိသည်ြ ဖစ်စေ အားလုံးချစ်သူ လမ်း ကြားတွေသာပဲဖြစ်နေဖို့ အာမခံပါကြောင်း၊ ကယ်ရီယာခုံမပါသည့်
စက်ဘီးကိုရွေးချယ်ဝယ်ယူသူများ၏ အထီးကျန်မှုကို နားလည်ပါသော်လည်း
လွမ်းဆွေးငိုယိုနေတတ်သော ဘဲလ်လေးတလုံးကို ထပ်ထည့် ပေးလိုက်သည့်အတွက်
ခွင့်လွတ်ပါရန်အကြောင်း၊ နောက်တကြိမ်ထပ်ပြီး ကိုယ့်အသည်းကိုခွဲမယ့်သူတွေ
ဘေးဖယ်ဟေ့ဟု ထိုဘဲလ်လေးမှ အော်ပေးလိမ့်မည် ဖြစ်ကြောင်း စသဖြင့်ပါဝင်ခဲ့သည်။ ဘဲလ်သံလေးတွေ ကလင်ကလင်ဖြစ်နေမှာတော့ သေချာလှပါသည်။
မှတ်မှတ်ရရ တခုသောဆယ်တန်းအောင်စာရင်းများထွ က်ပြီးနောက်တရက်တွင်
သမီးနှစ်ယောက်နှင့် အဖေ ဖြစ်သူ ပေါင်းသုံးယောက်တို့
စက်ဘီးနှစ်စီးလာဝယ်ကြသည်။ သမီး (၂) ယောက်ကို စက်ဘီးတယောက် တစီးဝယ်ပေးရာတွင်
သိန်းကျော်တန် အကောင်းစားတစီးနှင့် လေးသောင်းတန်
ခပ်ညံ့ညံ့ရုပ်ဆိုးဆိုးစက်ဘီး တစီးဝယ်ယူသဖြင့် လိုအပ်သည်များ
ကျွန်တော်တပ်ဆင်ပေးနေချိန် သူတို့ပြောနေသောစကားများအရ သမီး ၂ ယောက်လုံးဆယ်တန်းဖြေရာ တွင်
တယောက်မှာ ဂုဏ်ထူးနှစ်ဘာသာနှင့်အောင်၍ နောက် တယောက်မှာ
စာမေးပွဲရှုံးကြောင်းသိရ၏။ ရှုံးသောကောင်မလေး၏အမည်မှာ စက်တင်ဘာဟုခေါ်သံကြား ၍
ကျွန်တော်က စက်တင်ဘာရေ နောက်နှစ်အောင်ရင် သမီးအစ်မလို
အကောင်းစားကြီး စီးရမှာပေါ့ ကြိုး စားကွ ဆိုတော့ အဲဒီတသိန်းကျော်တန်ဘီးက
ရှုံးတဲ့လူအတွက်လေ၊ အောင်တဲ့လူက လေးသောင်းတန်ကို ပေးမှာဟု
အဖေလုပ်သူပြောသည်ကို
မင်တက်မိစွာ ကျွန်တော် နားထောင်နေဖြစ်ခဲ့သည်။
ရှုံးလို့အားငယ်နေတဲ့သူကို
အားပေးရမယ်လေဗျာ၊ ဒီလိုမှမဟုတ်ရင် တအားသိမ်ငယ်သလို သူခံစား သွားရမှာပေါ့
ဟုဆက်ပြောပြနေသည်။ ရှုံးရှုံးအောင်အာင် ကျွန်တော့သမီးတွေကြီးပဲ၊
တခြားသူရဲ့သမီးတွေ မှ မဟုတ်တာဟုဆက်ပြောလိုက်သည့်အခိုက်
အဖေ့ခါးကိုကျစ်ကျစ်ပါအောင် တဖက်တယောက်ဖက်ထား ကြသောကလေးနှစ်ယာက်နှင့်
အဖေဖြစ်သူတို့ကို ကျွန်တော်ဘာမှဆက်ပြောတတ်တော့ပါ။ ထိုနေ့က
စက်တင်ဘာတို့သားအဖတတွေ ကျွန်တော့ကို ကျမ်းစာမဲ့သင်ခန်းစာများအား
နှုတ်တိုက်သင်ပြသွားခဲ့ကြပါ သည်။ မြင်းမိုရ်တောင်တက်လမ်းမှ
သုံးရာသီးပွင့်သောပန်းများအကြော င်းပင် ခမ်းနားတင့်တယ်စွာ ပါဝင်ခဲ့ကြသည်။
စက်ဘီးတစီးဝယ်ချင်ဟန်ဖြင့် တွန့်ဆုတ်ဆုတ်လူတယောက်
ဆိုင်ထဲကိုရောက်လာခဲ့သည့် နွေရက်တရက် လည်း ရှိခဲ့ဖူးပါသည်။ ဆိုင်ထဲတွင်ခင်းကျင်းထားသမျ ဒီဟာကတော့ ပြိုင်ဘီးပါ ဂီယာနှစ်ဆက်တချက်
ထိုင် ခုံအီတာလျှံ၊ ဒါကဖြင့် မောင်းတိန်းဘီး၊ ဘော်ဒီအလွိုင်း ဖောက်က
ကာဗွန်ဖောက်၊ ဒီဖက်က ဘရစ်စတုန်း ဈေးကြီးပေမဲ့ သိပ်လှသိပ်ခိုင်၊ဟောဟို
ကာလာအနု ဖန်စီဘီးလေတွေရော ကြိုက်တယ်မဟုတ်လား၊ ချစ်စံ အိမ် ကိုရီယားကားထဲမှာ
ရိန်းနဲ့အွန်စောစီးတဲ့ဟာမျိုးလေးတွေပေါ့.. စသဖြင့် ကမ္ဘာ့ဈေးကွက်အထိ
ကျွန်
တော်အစွမ်းကုန်ဖွင့်ပြခဲ့ ဖူးသည်။ ကျွန်တော်ပြန်လှည့်ကြည့်မိချိ န်အထိ သူ့ထံမှဘာစကားမှထွက်မလာ။
တော်တော်ကြာကြာစောင့်နေပြီးနော က် အဝေးတနေရာမှ ပျပျသဲ့သဲ့ကြားရသည့်အသံမျိုြး ဖင့်
သူက ကျွန်တော့်အနီးကပ်၍ပြောပါသည်။ မနက်ပိုင်း သူ့သမီးနှင့်သားကို
ကျောင်းပို့ရန်ဟုဆိုသည်။ ပြီးလျှင် စားသောက်ဆိုင်များမှ စွန့်ပစ်သော
စားကြွင်းစားကျန်များကို ပလစတစ်ပုံး တဖက်တလုံး ကယ်ရီယာခုံပေါ် ချိတ်၍
သယ်ရမည်။ သူ့မွေးထားသောဝက်များအတွက် အစာဟုဆိုပါသည်။ ထို့နောက်
နေ့လည်ပိုင်းတွင်
ထိုစက်ဘီးလေးနှင့်ပင် အုန်းမွှေးလုံးကို ရပ်ကွက်ထဲ၌
တလမ်းဝင်တလမ်းထွက်ရောင်းရင်း မောင်တထမ်း ထမ်းပါဦးမည်။
ညနေစောင်းအချိန်တွင်တော့ ကိုရီးယားအကင်ဆိုင်ရောင်းသည့် သူ့မယ်တရွက်အတွက်
ပစ္စည်းတွေသယ် ၍ ညဈေးကို ပို့ပေးရန်လည်း လိုအပ်သည့်အကြောင်း
ထပ်မံဖြည့်စွက် လာပြန်ပါသည်။ ကျွန်တော်စိတ်ဝင်တစားနားထောင်ေ ပးရင်း သူ့စကားဆုံးပြီအထင်ဖြင့်ခေါင်းေ မာ့ကြည့်လိုက်ရာ နွေတွင်ရေ ရှားချိန်ရေခတ်ရန်နှင့် သူ့မိန်းမဖက်မှ အမျိုးများငှားစီးသည့်အခါ အပျက်အစီး နည်းချင်သေးကြောင်းအပါ အဝင် ဈေးအသက်သာဆုံး ဘီးလေးတစီးလောက်လိုချင်ပါကြောင်းတို့ဖြင့် သူ့လိုအပ်ချက်ကို အနားသတ် လိုက်သည်။
ချစ်တာအပြစ်လားဗျာ ဟူသည့်စကားလေးတခွန်းကြောင့် နယ်နှင်ဒဏ်ခံခဲ့ရသော လက်ဝဲသုန္ဒရခေါ် ကို မြတ်စံ၏အလွမ်းများသည်လည်း လိုအပ်ချက်တချို့ရှိနေနိုင်ပါသည်။ ဒိုင်အာခီတို့ ခွဲရေးတွဲရေးတို့မှအစ ကရင်တကျပ် ဗမာတကျပ်အလယ် ကိုယ်တိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေဝတ္ထုကြီးအထိ အားလုံးလိုအပ်နေ သေးသည်လား ကျွန်တော်သိချင်နေမိသည်။ အဆင်ပြေမပြေကို မေမြန်းချင်သော်လည်း ဝယ်သွားသည့် စက်ဘီးလေးနှင့်သူ့ကို ကျွန်တော်နောက်ထပ်ပြန်မတွေ့မိတော့ပါ။
Comments