ပန်းချီဦးတင်အောင်ရဲ့Eighty Vedana အမည်ရတဲ့ Solo Art Exhibition အလှသစ်မှာ ပြသမယ်


ပန်းချီဦးတင်အောင်ရဲ့Eighty Vedana အမည်ရတဲ့ Solo Art Exhibition အလှသစ်မှာ ပြသမယ်
K (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၈


ပန်းချီဆရာကြီး ဦးတင်အောင်ရဲ့ Eighty Vedana Solo Art Exhibition အမည်ရတဲ့ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္က သိုလ်ရိပ်သာလမ်း အမှတ် (၁၇)ရှိ Ahla Thit Art galleryမှာ စက်တင်ဘာ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပြသသွားမယ်လို့သိရပါတယ်။

ပန်းချီဆရာကြီး ဦးတင်အောင်ကို ပွင့်ဖြူမြို့၊မင်းဘူးမြို့နယ်မှာ ၁၉၃၉ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေးပန်းချီကျောင်းမှ ဒစ်ပလိုမာရရှိခဲ့။ ဆက်လက်ပြီး ပန်းချီဆရာဦးသိန်း ဟန် ထံမှာ ဆက်လက်သင်ယူခဲ့။ New Treasure Art Gallery အသင်းသားတဦးဖြစ်ပြီး ပန်းချီပေါ်သိမ်း၊ ဆန်နီညိမ်းတို့နဲ့ ၁၉၇၂မှ ၈၁ ခုနှစ်ထိ အတူတူပြသခဲ့။ ၁၉၉၄၊၂၀၀၁၊၂၀၀၃၊ ၂၀၀၅၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များမှာ တကိုယ်တော် ပန်းချီပြပွဲများပြသခဲ့ပါတယ်။ ၅ရက်ကြာ ပြသသွားမယ့် အဆိုပါ တကိုယ်တော်ပန်းချီပြပွဲကို ပြပွဲရက်အတွင်း နေ့စဉ် နံနက် ၁၀နာရီမှ ညနေ ၅နာရီထိ ပြသသွားမှာဖြစ်ပါတယ်။

Comments