Silent Poetry အမည်ရတဲ့ မြန်မာအမျိုးသမီးပန်းချီပြပွဲ ပန်သူရိယGalleryမှာ ပြုလုပ်မယ်



Silent Poetry အမည်ရတဲ့ မြန်မာအမျိုးသမီးပန်းချီပြပွဲ ပန်သူရိယGalleryမှာ ပြုလုပ်မယ်
K (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈


မြန်မာအမျိုးသမီးပန်းချီဆရာမ (၁၅) ဦးနှင့် ပန်သူရိယတို့ပူးပေါင်းကျင်းပတဲ့ Silent Poetry Art Exhibition အမည်ရတဲ့ပန်းချီပြပွဲကို ရန်ကုန်မြိှု့ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်း အမှတ်(၁၀၂)ရှိ ပန်သူရိယ Art Gallery မှာ စက်တင်ဘာ၂၁ ရက်မှ ၃၀ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။

ပြပွဲမှာ ပါဝင်ပြသမယ့် အမျိုးသမီးပန်းချီဆရာများကတော့ ခြူးဝေငြိမ်း၊ Mon Halsey၊ လင်းမင်းစိုးသစ်၊ ဖြူမွန်၊ ခင်မြဇင်၊ စန္ဒာခိုင်၊ ခင်သန်းဖြူ၊ နုနု၊ သိင်္ဂီသော်၊ ကြူကြူ၊ နွယ်နွယ်ရီ၊ ရီရီခင်၊ လဲ့ဖြူပြာမျိုးမြင့်၊ ဥမ္မာ၊ ဇွဲမွန် တို့ဖြစ်ပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပန်းချီဆရာမလည်းဖြစ် ပန်းချီအနုပညာဆောင်းပါးများရေးသားနေတဲ့ ဆရာမခင်သန်းဖြူက “Silent Poetry” သည် မြန်မာအမျိုးသမီးပန်းချီ ဆရာမ (၁၅) ဦးနှင့် ပန်သူရိယတို့ပူးပေါင်းဆောင်ရွက်ထားသော ပန်းချီပြပွဲ တစ်ခုဖြစ်ပါသည်။ လိင်ခွဲခြားဆက်ဆံမှု နှင့် လွဲမှားသောယုံကြည်မှု (အယူအဆ) များသည် မြန်မာအမျိုးသမီး ပန်းချီဆရာမများအတွက် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေကာမှု ယနေ့ခေတ်၏ အနုပညာအခင်းအကျင်းတွင် အမျိုးသမီးပန်းချီ ဆရာမများသည် ဖန်တီးနိုင်စွမ်းအားများနှင့် အမြင်ပိုင်းဆိုင်ရာများကို သူတို့ကိုယ်တိုင်ပေါ်လွင်ထင်ရှားလာသည့်တိုင်အောင် ပိုမိုဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။“Silent Poetry” သည် ဒီနေ့ခေတ်၏လူမှုအဖွဲ့အစည်းတွင် အမျိုးသမီးများဩဇာ လွှမ်းမိုးနိုင်မှုနှင့် သူတို့၏ contemporary Art အဆင့်အတန်းကို ပြသရုံသာမက၊ မြန်မာအမျိုးသမီးပန်းချီဆရာမများ အား အနုပညာနှင့်ပတ်သက်၍ တွန်းအားပေးရန်နှင့် လှုံ့ဆော်မှုပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်”လို့ပြောဆိုထားပါတယ်။

အဆိုပါ ၁၀ရက်ကြာ ပြသသွားမယ့် ပန်းချီပြပွဲကို ဖွင့်ပွဲရက် စက်တင်ဘာ၂၁ရက်နေ့ နံနက်၁၀နာရီမှာ စတင်ပြသမှာဖြစ်ပြီး ပြပွဲရက်အတွင်း ညနေ ၆ နာရီထိပြသသွားမယ်လို့ သိရပါတယ်။

Comments