မလွန်ဆန်နိုင်သောသဘာဝအမှန်တရား ရန်ပုံငွေဂီတကုသိုလ်ပွဲတော် နိုဝင်ဘာ ၃ရက်နေ့မှာ ကျင်းပမယ်



မလွန်ဆန်နိုင်သောသဘာဝအမှန်တရား ရန်ပုံငွေဂီတကုသိုလ်ပွဲတော် နိုဝင်ဘာ ၃ရက်နေ့မှာ ကျင်းပမယ်
K (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၈


My Music Entertainment မှ ဦးစီးကျင်းပတဲ့ မလွန်ဆန်နိုင်သောသဘာဝအမှန်တရားအမည်ရှိ တတိယအကြိမ်မြောက် ရန်ပုံငွေဂီတကုသိုလ်ပွဲတော်ကို ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားဇာတ်ရုံမှာ နိုဝင်ဘာ ၃ရက် (စနေနေ့) ညနေ ၆:၃၀မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ နာမည်ကြီးနိုင်ငံကျော်အဆိုတော် အယောက်(၃၀)ကျော်က မေတ္တာဖြင့်ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး လက်မှတ်ရောင်းချပြီး ရရှိလာတဲ့ ငွေများ အားလုံးကိုတော့ သန်လျင်မြို့၊ သဘာဝတရားရိပ်သာသို့ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့သိရပါတယ်။

သီဆိုဖျော်ဖြေပေးကြမယ့်အနုပညာရှင်များကတော့ ဇော်ဝင်းရှိန်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ တူးတူး၊ မွန်းအောင်၊ ဂရေဟမ်၊ ရင်ဂို၊ မာရဇ္ဇ၊ ဘိုဖြူ၊ R ဇာနည်၊ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဖိုးပြည့်၊ ဂျောစီ၊ တိုးခိုင်၊ မေခလာ၊ ကော်နီ၊ ချောစုခင်၊ အိုင်းရင်းဇင်မာမြင့်၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်၊ ထိုက်ထိုက်၊ နန့်ချစ်နဒီဇော်၊ ဝိုင်းလေး၊ ပန်းရောင်ခြယ်၊ Jewel၊ ယွန်း၊ နော်ဂျက်၊ ကြာညိုသွယ်၊ ယုဝေဖြိုးတို့ဖြစ်ပါတယ်။ မေတ္တာဖြင့် ပါဝင်ကူညီတီးခတ်ပေးသွားမယ့် အတီးပညာရှင်တွေကတော့ Lucky Hand Band, My Music ဂီတညီအကို မောင်နှမများ၊ Future Music Band, Creator Music Band (မြင်းခြံဂတုံးညီအစ်ကို)၊ Angery Birds Music Band (အမြင်အာရုံချို့တဲ့ဂီတပညာရှင်လေးများအဖွဲ့) တို့ပဲဖြစ်ကြပါ တယ်။

အဆိုပါ ရန်ပုံငွေဂီတကုသိုလ်ပွဲတော်နဲ့ပတ်သက်ပြီး ပွဲစီစဉ်သူ My Music Entertainment စာမျက်နှာမှလည်း “မလွန်ဆန်နိုင်သောသဘာဝအမှန်တရား”ရန်ပုံငွေဂီတဖျော် ဖြေ ပွဲကြီးကိုနှစ်စဉ်နှစ်တိုင်းကျင်းပလာရာမှာ ယခုဆိုရင် ၃ နှစ်ဆက်တိုက်ရှိခဲ့ပါပြီ.. ယခုတတိယအကြိမ်မြောက် ဖျော်ဖြေပွဲကြီးကို ၃.၁၁.၂၀၁၈ (စနေနေ့) ရန်ကုန်မြို့ အမျိုးသားက ဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ နာမည်ကြီးနိုင်ငံကျော်အဆိုတော် အယောက်(၃၀)ကျော်က မေတ္တာဖြင့်ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး လက်မှတ်ရောင်းချပြီး ရရှိ လာတဲ့ငွေများအားလုံးကိုတော့ သန်လျင်မြို့၊ သဘာဝတရားရိပ်သာသို့ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ လက်မှတ်များကို ရန်ကုန်မြို့ မန်းသီရိတေးသံသွင်း၊ အနော်ရထာလမ်း 01392931,My Garden Unplugged Restaurant အလုံလမ်း 01372822 တို့တွင် အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်း တွေက အောက်ထပ်၂၀၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ဖြစ်ပြီးအပေါ်ထပ် ၅၀၀၀ ကျပ် တို့ပဲဖြစ်ပါတယ်။ ပွဲကိုလာရောက်ကြည့်ရှုမည့်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ပစ္စည်း၊ အဝတ် အစားအသစ်၊ အဟောင်း၊ အသုံးအဆောင်၊ ဆန်၊ ဆီ၊ ဆေး အစရှိတာတွေကို ၃.၁၁.၂၀၁၈ အမျိုးသားကဇာတ်ရုံတွင် ညနေ၃နာရီမှစ၍ အလှူခံကောင်တာထားရှိပေးသွားမှာ ဖြစ် ပါတယ်။ ပွဲကို လာရောက်မကြည့်ရှုနိုင်သောသူများ ကြိုတင်လှူဒါန်းနိုင်ရန်အတွက် My Garden စားသောက်ဆိုင်တွင် ၁၅.၁၀.၂၀၁၈ ရက်နေ့မှစ၍ အလှူခံကောင်တာ ထားရှိ ပေးထားမှာဖြစ်ပါတယ်။ အားငယ်နေသူတွေကိုအားပေးရင်း ချို့တဲ့နေသူတွေကို ဖြည့်ဆည်းပေးဖို့ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်များဆီကို နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ အသေး စိတ်သိရှိလိုပါက Hot line ဖုန်း 09421178747 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်.... ” လို့ ပြောဆိုထားပါတယ်။

Comments