ပြည်သစ်ဟန် ● ဒီတပုဒ်ပြီးရင် နောက်တပုဒ်က မြှုပ်ထားတဲ့တွင်းထဲမှာ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၈
ဘာမှနားမလည်တဲ့ဟာက
ဘာမှနားမလည်ဘဲ
ဟန်ဆောင်ရင်း ရှေ့ထွက်ထွက်လာတယ်
ဘာမှနားမလည်တဲ့ဟာက
ဒီဂရီမျက်မှန်နဲ့
ရှူးဖိနပ်နဲ့
တိုက်ပုံနဲ့
ပိုးပုဆိုးနဲ့
မနေ့က နှပ်ချေးက
ဒီနေ့မှ ပါးစပ်ကထွက်သလိုမျိုးနဲ့
ဘာမှနားမလည်တဲ့ဟာက
နားမလည်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သလို
သိသိကြီးနဲ့ မိုက်မဲနေတာလည်းဖြစ်နိုင်တယ်
မျက်မှန်နဲ့ ဖွက်ထားပေမဲ့
မျက်လုံးဟာ
လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့
အရောင်တောက်နေ
ဒီလိုနဲ့ မျက်မှန်ဟာ
ခြေထောက်မှာစွပ်မိပြီး
ရှူးဖိနပ်ဟာ မျက်လုံးကိုစွပ်မိတယ်
ဘာမှနားမလည်တာဟာ ရူးနေတာပဲဖြစ်မယ်
တိုက်ပုံနဲ့ပုဆိုး ချွတ်ချလိုက်တော့
နားမလည်ချင်ယောင်ဆောင်ထားတာတွေ
ထွက်ကျလာတယ်
ဘာမှနားမလည်တာဟာ တကယ်တော့နားလည်တယ်
မျက်လုံးပေါ် ရှူးဖိနပ်ရောက်နေပေမဲ့
မြင်ရတယ်
ခြေထောက်ပေါ် မျက်မှန်တပ်ထားပေမဲ့
လမ်းလျှောက်လို့ရနေတယ်
ဒီလိုနဲ့ ဘာမှနားမလည်တာဟာ
လူလိုလို
မြေခွေးလိုလို
အကုန်နားလည်နေတယ်
ငါးကြင်းကိုလည်း
အမြီးရော
ခေါင်းရော
အလယ်ရော
ဒီအတိုင်းလွှတ်ထားရင်
ခေတ်အဆက်ဆက်စားနေတော့မှာပဲ
ဘာမှနားမလည်တဲ့ကောင်ဟာ
နားလည်တာတွေများနေတယ်
မြေခွေးကို
သိုးအုပ်ထဲလွှတ်ထားသလို
ဘာမှနားမလည်တဲ့ကောင်ဆိုတာ။
ပြည်သစ်ဟန်
၁၃၊ ၁၀၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၈
ဘာမှနားမလည်တဲ့ဟာက
ဘာမှနားမလည်ဘဲ
ဟန်ဆောင်ရင်း ရှေ့ထွက်ထွက်လာတယ်
ဘာမှနားမလည်တဲ့ဟာက
ဒီဂရီမျက်မှန်နဲ့
ရှူးဖိနပ်နဲ့
တိုက်ပုံနဲ့
ပိုးပုဆိုးနဲ့
မနေ့က နှပ်ချေးက
ဒီနေ့မှ ပါးစပ်ကထွက်သလိုမျိုးနဲ့
ဘာမှနားမလည်တဲ့ဟာက
နားမလည်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သလို
သိသိကြီးနဲ့ မိုက်မဲနေတာလည်းဖြစ်နိုင်တယ်
မျက်မှန်နဲ့ ဖွက်ထားပေမဲ့
မျက်လုံးဟာ
လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့
အရောင်တောက်နေ
ဒီလိုနဲ့ မျက်မှန်ဟာ
ခြေထောက်မှာစွပ်မိပြီး
ရှူးဖိနပ်ဟာ မျက်လုံးကိုစွပ်မိတယ်
ဘာမှနားမလည်တာဟာ ရူးနေတာပဲဖြစ်မယ်
တိုက်ပုံနဲ့ပုဆိုး ချွတ်ချလိုက်တော့
နားမလည်ချင်ယောင်ဆောင်ထားတာတွေ
ထွက်ကျလာတယ်
ဘာမှနားမလည်တာဟာ တကယ်တော့နားလည်တယ်
မျက်လုံးပေါ် ရှူးဖိနပ်ရောက်နေပေမဲ့
မြင်ရတယ်
ခြေထောက်ပေါ် မျက်မှန်တပ်ထားပေမဲ့
လမ်းလျှောက်လို့ရနေတယ်
ဒီလိုနဲ့ ဘာမှနားမလည်တာဟာ
လူလိုလို
မြေခွေးလိုလို
အကုန်နားလည်နေတယ်
ငါးကြင်းကိုလည်း
အမြီးရော
ခေါင်းရော
အလယ်ရော
ဒီအတိုင်းလွှတ်ထားရင်
ခေတ်အဆက်ဆက်စားနေတော့မှာပဲ
ဘာမှနားမလည်တဲ့ကောင်ဟာ
နားလည်တာတွေများနေတယ်
မြေခွေးကို
သိုးအုပ်ထဲလွှတ်ထားသလို
ဘာမှနားမလည်တဲ့ကောင်ဆိုတာ။
ပြည်သစ်ဟန်
၁၃၊ ၁၀၊ ၂၀၁၈
Comments