စိုင်းဝင်းမြင့် ● ရန်ကုန်ကဗျာ


စိုင်းဝင်းမြင့် ● ရန်ကုန်ကဗျာ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈

မိုးမခ အတွဲ (၅)၊ အမှတ် (၁) ၂၀၁၈၊ မေလထုတ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

လူဟာ လူကို တိုးဝှေ့သွားလို့
ဘယ်မှမရောက်ဘူးဆိုတာ မသိကြဘူး ။

အရာရာကို ဝင်တိုက်သွားပြီး
ကိုယ်ရှေ့ရောက်သွားပြီထင်နေတာ
ကိုယ်ပြိုလဲသွားတာလည်း
ကိုယ်မသိကြဘူး ။
ဘယ်မှမသွားတဲ့လူတွေက
လမ်းပေါ်ရောက်လာ
ဘဝတလျှောက်လုံး
တသွားတည်းသွား
ကိုယ်တို့်မှာ
အပြင်တခါထွက်ဖို့ကို
စဉ်းစားနေရတယ် ။

ကိုယ့်အရိပ်နောက်
ကိုယ်ပြန်လိုက်လို့မရ
အရွယ်ရောက်ပြီးသားဆိုလည်း
အမေက သားသမီးကို စိတ်မချ
ကျွန်တော်လည်း
ကိုယ့်ချစ်သူနောက်
ကိုယ်ပျောက်လိုက်သွားချင်ရဲ့ ။

ဇာတိရပ်ရွာ အားလုံးပြန်တဲ့အခါ
ကိုယ်ဟာ အမိမြေမှာ အမြဲကျန်လို့
ရန်ကုန်သားနဲ့ ရန်ကုန်မြို့ဟာ
ပြန်စရာလမ်းမရှိ
ဘယ်မှဆက်သွားစရာမရှိ
အိမ်မရှိဘဲ ခွေးငေးနေတယ်။ ။

စိုင်းဝင်းမြင့်
၁၂၊ ၁၊ ၂၀၁၈

Comments