“ ဇာတ်ညွှန်းနှင့် ရင်းနှီးမြှပ်နှံမှု” ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ နိုဝင်ဘာ ၁၇



“ ဇာတ်ညွှန်းနှင့် ရင်းနှီးမြှပ်နှံမှု” ဇာတ်ညွှန်းအခန်းကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ နိုဝင်ဘာ ၁၇
K (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၈


မြန်မာ့ရုပ်ရှင်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Film Development Center (FDC) ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဦးဆောင်ပြုလုပ်တဲ့ “ ဇာတ်ညွှန်းနှင့် ရင်းနှီးမြှပ်နှံမှု ” ခေါင်းစဉ်ဖြင့် ဇာတ်ညွှန်း အခန်း ကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ် (၅၀)ရှိ Film Development Center ၌ နိုဝင်ဘာ ၁၇ရက် နေ့လယ် ၁၂ခွဲမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ M နိုး၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာဇော်ဇော် Ad.Leono နှင့် ဇာတ်ညွှန်း L မင်းပြည့်မွန်တို့က “ ဇာတ်ညွှန်းနှင့် ရင်းနှီးမြှပ်နှံမှု ” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကြမယ်လို့သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ( ရုပ်ရှင်အနုပညာရပ်ဝန်း)မှာ မကြာခဏ ရုပ်ရှင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲများ ဟောပြောမှုများကို ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ထုတ်ဝေသူအစရှိသဖြင့် ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်များက ဟောပြောဆွေးနွေးဝိုင်းများ မကြာခဏ ကြီးမှူးကျင်းပလေ့ရှိပြီး ယခုဆွေးနွေးပွဲအရင်ကလည်း နိုဝင်ဘာ၃ရက်က“ ရုပ်ရှင် နှင့် မြန်မာ့ဟန် ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

Comments