မြန်မာကဗျာပါဝင်တဲ့ အာရှယ်ကြယ်ငါးပွင့် (အရောင်၅မျိုးရှိသောရာသီ) ကိုရီးယားကဗျာစာအုပ်


  မြန်မာကဗျာပါဝင်တဲ့ အာရှယ်ကြယ်ငါးပွင့် (အရောင်၅မျိုးရှိသောရာသီ) ကိုရီးယားကဗျာစာအုပ်
ဝေနွယ် (မိုးမခ)၊ နိုဝင်ဘာ ၂၉၊ ၂၀၁၈


◆စာအုပ်ခေါင်းစဉ်
အာရှ ကြယ်ငါးပွင့် (သို့မဟုတ်) အရောင် ၅မျိုး ရှိသောရာသီ ကဗျာစာအုပ်ကို ၂၇က် မနေ့က ကျမတို့ ကဗျာထုတ်ဝေခြင်းအမှတ်တရပွဲလေး လုပ်ဖြစ်ပါတယ်။ မီဒီယာမှာ ပါလာတဲ့ ကျမတို့ သတင်းလေးပါ။

https://m.blog.naver.com/hcnnewswide/221407197195?fbclid=IwAR24mWvhgM2EsRCiGEMFIjto0mix9i737yCupyxQfSzftLmzwLdLebiwACE

https://www.yna.co.kr/view/AKR20181127139500371?input=AKR20181127139500371&fbclid=IwAR3j80wpk_GBqSRtfGHaGlgFlWHm5mKJMM2rcx5h5wpyR8-biacayYay8V0


ကိုရီးယား၊ မြန်မာ၊ မွန်ဂို၊ ကမ္ဘောဒီးယား၊ ဂျပန် ၅နိုင်ငံ ပေါင်းပြီး ထုတ်ထားတဲ့ အတွက်ကြောင့် အခုလို ခေါင်းစဉ် ရွေးချယ် ဖြစ်သွားပါတယ်။ တကယ်တမ်း စာအုပ် ထုတ်တဲ့အခါ ခေါင်းစဉ်ကို [အရောင် ၅မျိုး ရှိသော ရာသီ] ဆိုပြီး ပေးဖြစ်သွားပါတယ်။

◆စီစဉ်သူ

Asianhub ကုမ္ပဏီရဲ့ CEO ဟာ Korea International Cooperation Agency KOICA ကိုရီးယားစာ သင်တဲ့ ဆရာမ အဖြစ် ကမ္ဘောဒီးယားသွားပြီး ပရဟိတ ၂နှစ်တာ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားမှ ပြန်လာပြီးသည့် နောက် ကိုရီးယားအခြေစိုက် ကမ္ဘောဒီးယားအမျိုးသမီးတွေ အတွက် စကားပြန်ခြင်းများ တခြား လိုအပ်သည်များကို ကူညီပေးရင်းမှ ဒီ ကုမ္ပဏီကို တည်ဆောက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအပြင် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ် အစရှိတဲ့ migrant woman တွေကို ကူညီပေးချင်သည့် အတွက်ကြောင့် စတင်ခဲ့ပါတယ်။ migrant woman ဆိုသည့် နေရာမှာ ကိုရီးယားအမျိုးသားများနှင့် အိမ်ထောင်ကျနေသော နိုင်ငံခြားသား အမျိုးသမီးများ ဖြစ်ပါတယ်။ ကိုရီးယား အမျိုးသမီးများ၏ သတိုးသားလောင်း ရွေးချယ်မှုမှာ စံနှုန်းထားခြင်းတွေ များပြားလာသည့် အတွက်ကြောင့် အတန်းတက်ရောက်မှု နည်းပါးသည့်အပြင် အသက်အရွယ် ကြီးမားသူတို့သည် နိုင်ငံခြားအမျိုးသမီးများနှင့် လက်ထပ်ခြင်းများ များပြားလာပါသည်။

http://asianhub.kr/introduce


◆ရည်ရွယ်ချက်
ကိုရီးယား လူမျိုးတွေရဲ့ အမြင်မှာ multicultural society ရဲ့ migrant woman တွေဟာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်လုပ်ရှားနေတဲ့သူတွေ ဖြစ်တယ်လို့ ထင်မြင်ကြပါတယ်။ အဲဒီလိုမဟုတ်ဘဲ migrant woman တွေဟာ မိမိရဲ့ အရည်အသွေးတွေကို မြှင့်တင်ပြီး ဝါသနာပါရာ လမ်းကြောင်းကို လျှောက်လှမ်းနေပါတယ်ဆိုတဲ့ messageပေးချင်တဲ့ အတွက် ထုတ်လုပ်ဖြစ်တာပါ။


◆ပါဝင်သည့်အကြောင်းအရာများ
ဂျပန်၊ မွန်ဂို ၂ဦးဟာ ကိုရီးယားလူမျိုးနှင့် အိမ်ထောင်ကျပြီး ကိုရီးယားမှာ အခြစိုက်နေထိုင်သော migrant woman တွေဖြစ်ပါတယ်။ ကမ္ဘောဒီးယားဘာသာအတွက် CEO က လုပ်ဆောင်ပါတယ်။ ကိုရီးယားစာ ဆရာမအဖြစ် အဲ့ဒီမှာ နေထိုင်စဉ် ဘဝကို ရေးထားပါတယ်။

မြန်မာကတော့ ကိုရီးယားနှစ်ရှည် နေထိုင်တဲ့ ကျောင်းသူဖြစ်ပါတယ်။

ကျန်တဲ့ တယောက်ကတော့ ကဗျာစာအုပ် မျက်နှာဖုံးအတွက် ရေးဆွဲပေးသူဖြစ်တဲ့ ကိုရီးယားလူမျိုး ဖြစ်ပါတယ်။

◆ဘာသာစကား
ကဗျာစာအုပ်ထဲမှာ သက်ဆိုင်ရာ ဘာသာစကား ၂မျိုးလုံးစီနဲ့ ထုတ်ဝေထားပါတယ်။

◆ဘာသာပြန်သည့်ပုံစံ

ကိုရီးယား - မွန်ဂို
ကိုရီးယား - ဂျပန်
ကိုရီးယား - ကမ္ဘောဒီးယား
ကိုရီးယား - မြန်မာ

◆ရွေးချယ်ပုံ

မြန်မာက လွဲလို့ ကျန်တဲ့ သူတွေဟာ ကိုယ်ပိုင်ရေး များပါတယ်။ မြန်မာ ကိုယ်ပိုင်ရေး အနည်းငယ်သာ ပါပါတယ်။ ဘာသာပြန် ထည့်ရတဲ့ အကြောင်းရင်းဟာ ကိုရီးယားမှာ မြန်မာနှင့် ပတ်သက်တဲ့ စာပေ၊ ယဉ်ကျေးမှု မိတ်ဆက်ဟာ အင်မတန်မှ နည်းပါးပါတယ်။ ဒီ ကဗျာစာအုပ်မှ တဆင့် မြန်မာမှာလည်း  ထူးချွန်ကောင်းမွန်ပြီး အနှစ်သာရရှိတဲ့ စာပေတွေ ရှိပါလားဆိုတဲ့ messageပေးချင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။


◆ရွေးချယ်သည့်စာရင်း
မြန်မာဘာသာနဲ့ ရွေးချယ်ထားတဲ့စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

(၁)ေ အာ င်ေ ဝး - ချစ်လို့ရေးတဲ့ ကဗျာ ၅  (ဖေဖော်ဝါရီ ၂၅- ၂၀၁၈)
(၂) နီဇူလိုင် – ပုံပြင်အသစ်ပြောပါမေမေ ( မေ ၁၀၊ ၂၀၁၇)
(၃) လင်းသက်ငြိမ် - ကြိုးကြိုးစားစားပါးစပ် (၁၀၊ ၁၂၊ ၂၀၁၆)
(၄) တိုးနှောင်မိုး ● နိုင်​ငံ​တော် ​( နိုဝင်ဘာ ၂၆၊ ၂၀၁၇)
(၅) ဆောင်းယွန်းလ - ဇာတ်လိုက်ဖြစ်ချင်လို့ ဘက်လိုက်မိတယ် (စက်တင်ဘာ ၆ ရက်၊ ၂၀၁၇)

◆ပရိသတ်ဦးတည်ပုံ
ပရိသတ်ကတော့ migrant woman တွေ ဖြစ်ပြီး သူတို့ရဲ့ multicultural မိသားစုများ၊ ဒါ့အပြင် ကိုရီးယားလူမျိုးများကို ရည်ရွယ်ပါတယ်။ ဒီလို ကျမတို့ ၅ယောက် စတင်ထုတ်ဝေလိုက်ခြင်းဖြင့် ကျန်တဲ့ migrant woman များဟာလည်း ဘာသာပြန်ခြင်းများ တခြား မိမိ ဝါသနာပါရာများကို လုပ်ဆောင်နိုင်ပါလားဆိုတဲ့ အသိကို ပေးချင်တာပါ။ ထုတ်ဝေသူဟာ စာအုပ် ပုံနိုပ်လုပ်ငန်းလည်း လုပ်ကိုင်တဲ့ အတွက်ကြောင့် migrant woman များ မိမိနိုင်ငံရဲ့ ပုံပြင် ဒဏ္ဍာရီများကို ကိုရီးယားလို ဘာသာပြန်ပြီး ထုတ်ဝေပေးခြင်းလည်း ရှိပါတယ်။

◆စာဖတ်သူ၏ ခံစားချက်
ကိုရီးယားမှာ နေထိုင်တဲ့ migrant woman တွေရဲ့ ကဗျာဟာ ဘဝရဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာများ၊ သောကများ၊ အမိမြေကို လွမ်းဆွတ်ခြင်းကို သီကုံးထားတဲ့ ကဗျာစာအုပ်ဖြစ်ပါတယ်။ စာပေချစ်မြတ်နိုးတဲ့ နိုင်ငံမတူ အမျိုးသမီး ၅ဦးရဲ့ ကဗျာကို တအုပ်ထဲမှာ တွေ့မြင်နိုင်တဲ့အတွက် ဆန်းသစ်တယ်လို့ ဆိုနိုင်ပါတယ်။

◆စာရေးဆရာများသို့ ခွင့်ပြုချက်ဆိုင်ရာ နဲ့ ကျေးဇူးစကား
လက်ရှိ မြန်မာပြည် စာပေမှာ မူရင်းဆရာရဲ့ ခွင့်ပြုချက်ကို တောင်းပြီး လုပ်လာတယ်လို့ ကြားသိရပါတယ်။ ကျမဟာ မိုးမခမှာ အပတ်စဉ် ပါတဲ့ ကဗျာတွေကို အမြဲတမ်း ဖတ်ပါတယ်။ ဖတ်ပြီး ရင်ထဲမှာ စွဲကျန်ရစ်နေပါက ကျမသိထားတဲ့ ကိုရီးယားလို ဘာသာပြန်ဖြစ်ပါတယ်။ ဘာသာပြန်ရင်း ပေးဖတ်ချင်တဲ့ ကဗျာနှစ်သက်သူတွေကို ပေးလေ့ရှိပါတယ်။ သူတို့ ပြောချက်အရ “သြော်……..မြန်မာကဗျာတွေ အတော်ကောင်းပါလား” ဆိုတဲ့ စကား အမြဲကြားရပါတယ်။ အဲဒီမှာ အားတက်မှု ရရှိပြီး အားရင် အားသလို ကျမရဲ့ ကိုယ်ပိုင်အချိန် တွေမှာ ဘာသာပြန် ကဗျာတွေ စုထားလေ့ ရှိပါတယ်။ အခွင့်သာချင်တော့ ကဗျာစာအုပ်ထုတ်ဝေသူ CEO က အတူတကွ ကဗျာစာအုပ်ထုတ်ကြည့်မလားဆိုပြီး ကမ်းလှမ်းလာပါတယ်။ ထုတ်ဖြစ်ဖို့ လုပ်တဲ့အခါ ခွင့်ပြုချက်က လိုအပ်တဲ့ အတွက် ကဗျာဆရာ တယောက်ချင်းစီ ဆက်သွယ်ဖို့ ခက်ခဲ့သည့် အတွက် မိုးမခ အယ်ဒီတာသို့ အီးမေးလ်ဖြင့် ခွင့်တောင်းခဲ့ပါတယ်။ အယ်ဒီတာအနေနဲ့ ကြည်ကြည်ဖြူဖြူ  ခွင့်ပြုပေးခဲ့ပါတယ်။ အယ်ဒီတာနှင့် ကဗျာဆရာ မူရင်း ဆရာ၊ဆရာမများတို့ ဘာသာပြန်သူအနေနဲ့ အထူး ကျေးဇူးတင်၇ှိပါကြောင်း ဒီနေရာမှ တဆင့် ပြောချင်ပါတယ်ရှင့်။

◆စာရေးသူများအား လက်ဆောင်စာအုပ် စီစဉ်ထားပုံ

၁၂လပိုင်း ၂၀၁၈ခုနှစ် ဘာသာပြန်သူ ရန်ကုန်လာသည့်အခါ ကိုငြိမ်းချမ်းအေး မှတဆင့် (မိုးမခကနေ) ပို့ပေးဖို့ ရည်ရွယ်ထားပါတယ်။

◆ဆက်သွယ်ရန်လိပ်စာ
Wai Nwe Hnin Soe - wnhs2019@gmail.com


Comments