မောင်နောင်မွန်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈
(က)
နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် မျက်နှာပေါ်တွတ်ထိုးသောကြောင့် 
နိုးထလာသည်။ အရာရာသည် ပကတိကြည်လင်သော နွေဦး၏စမ်းချောင်းငယ်လေးတခု ကဲ့သို့အေးချမ်းနေသည်။
ဦးခေါင်းထဲတွင် တဆစ်ဆစ်ကိုက်ခဲနေသောခံစားမှုက စိတ်အာရုံထဲတံခါးမခေါက်ဘဲ ဝင်လာခဲ့သည်။
ညက များသွား၍လား။ ညက အိပ်ရာဝင်နောက်ကျခြင်းကြောင့်လား။ ဘာကြောင့်လဲဟူသော အမေးပေါင်းများ စွာ၊
လားပေါင်းများစွာဖြင့် ကြည်လင်သောနံနက်ခင်းတခုတွင် ရှုပ်ထွေးညစ်ညူးစွာဖြင့် သူ၏နေ့တနေ့ကို အစပြုခဲ့သည်။
နံနက်ခင်း၏တေးသံသာခပ်သဲ့သဲ့ကို ကျေးငှက်တိုံ၏တေးဆိုသံများနှင့် အတူ ကြားရသည်။ နွေဦးဥသြ၏အဖော်ရှာသံကို ကြား ရသည်။
နွေဦး၏နံနက်ခင်းသည်ကာ လေပြေနှင့်အတူပါလာသော ဖုန် မှုန့်များဖြင့် စည်ကားနေတော့သည်။
ညက ညဥ့်နက်သည်အထိရုပ်ရှင်ကြည့်ခဲ့မိသောအကျိုးဆက် အဖြစ် ခေါင်းက ခပ်မိုက်မိုက်လေးဖြစ်ေ နသည်။
လူတိုံ၏ခန္ဓာဗေဒဖြစ်စဉ်သဘောတရား အရပင် နေ့နှင့်ည အိပ်စက်ခြင်းကိုထိန်းချုပ်သော
အာရုံခံစနစ်သည် လူတို့၏တနေ့တာတွင် ပုံမှန်လုပ်ဆောင်နေကြဖြစ်သော အမူအကျင့်များကိုမှတ်သားထား၍
ထိုသို့ အမူ အကျင့်အတိုင်းနေထို င်နိုင်ရန်လုပ်ဆောင်ပေးသည်ဟု ဖတ် ဖူးသည်။ နံနက်လေးနာရီပုံမှန်ထသောသူသည်
နံနက်လေးနာရီထိုးသည်နှင့် အလိုအလျောက်နိုးထနေတော့သည်။ သူသည်လည်း ယခုထိုသို့အတိုင်းပင် ဖြစ်နေသည် ။
နံနက်စားနေသောအချိန်သည် သူ၏တစ်နေ့တာအချိန်ဇယားတွင် အလွတ်လပ်ဆုံးသော အချိန်ဖြစ်သည်။ ပူစပ်လောင်အိုက်သောအလုပ်ခွင်သို့ မဝင်မီ ထိုအချိန်လေးတွင် စိတ်ကူးများကိုတွေးမိရာ ရာ တွေးေ လတော့သည်။ ပုံစံခွက်ဘဝထဲတွင်နေထိုင်ခဲ့မှုများသောသူအတွက် ထိုကဲ့သို့တွေးနေရသည်ကို သဘောကျသည်။ တခါတရံကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်လမ်းများတွေးလိုက်၊
တခါတရံဖတ်ခဲ့ဖူးသော စာအုပ်အကြောင်း၊ တခါတရံရောက်ခဲ့ဖူးသော သွားချင်ခဲ့သောနေရာများအကြောင်း စိတ်ကူးယဉ်မိသည်။
နွေဦးအချိန်မို့ နံနက်စားကို သင်္ကြန်ထမင်းသာစားဖြစ်သည်။ မွန်ရိုးရာဓလေ့အစားအစာဖြစ်သော သင်္ကြန် ထမင်းကို
မွန်လူမျိုး ဖြစ်သော သူကြိုက်သည်။ သင်္ကြန်၏အငွေ့အသက်ကိုစတင်ခံစားေ နရသည်ဟုထင်မိ ကာ
ခပ်ဖွယ်ဖွယ်ချက်ထားသောထမင်းကို ရေခဲရေအေးအေးလေးဖြန်းကာ သရက်သီးနှင့် ငါးခြောက် ထောင်းေ ကြာ်ထားသောသင်္ကြန်ကြော်နှင့် သင်္ကြန်ထမင်းသည် သူ၏အကြိုက်ဆုံြး ဖစ်ခဲ့သည်။
နားထဲတွင်တူးပို့တူးပို့တေးသံ ကြားရသည်။
ရပ်ကွက်ထဲရှိသက်ကြီးပူဇော်ပွဲ အတွက် စေတနာထက်သန် သမျှလှူဒါန်းနိုင် ရန် နှိုးဆော်နေသော
အသံကိုလည်း ကြားနေရသည်။
(ခ)
သူသည် နံနက်စာစားနေရင်းက နေ့စဉ်သတင်းစာကိုကောက်ဖတ်ကြည့် မိသည်။ တွေ့နေကြထူးမခြားသတင်းများသြာ ဖစ်သည်။
တရားမရှိသောခေတ်တွင် မျှတမှုအကြောင်းကိုထောက်ပြ နေသော အယ်ဒီတာ့အာဘော်သည် ညကအိပ်ရာဝင်ခါနီးကြည့်ခဲ့သော ရု ပ်ရှင်ကားတစ်ကားအကြောင်း သတိရမိ စေသည်။
အိန္ဒိယတမေလ်းရုပ်ရှင်ကားတကားဖြစ်ကာ ကျည်ဆန်ရှစ်တောင့် (8 bullets) ဟု အမည်ရသော
အက်ရှင် ဇာတ်ကား ဖြစ်သည်။ ယခုနောက်ပိုင်းခေတ်တွင် အိန္ဒိယကားများသည် ဇာတ်အိမ်ခိုင်၍ အတွေးအခေါ်ပါ သည်ဟုယူဆ၍
သူစွဲစွဲမြဲမြဲ ကြည့်ဖြစ်သည်။ ရဲသားတစ်ယောက်၏ပေါ့ဆမှုကြောင့်ြ ဖစ်သော သူ့သေနတ် ကို ခါးပိုက်နှိုက်ခံရသည့်အဖြစ်မှစ၍ ဇာတ်အိမ် တည်ကာ မှုခင်းကား ဇာတ်လမ်းပုံစံ ရိုက်ကူးထားသော ရုပ် ရှင် ဖြစ်သည်။
အစိုးရ၏အကျင့်ပျက်ခြစားမှုများအေ ကြာင်းကိုရိုက်ပြနိုင်သည်။ ဇာတ်လမ်းထဲတွင် မင်းသားသည်
ကိုယ် ချင်းစာတရားရှိသော သနားတတ်သော ခပ်ထုံထုံရဲသား တစ်ယောက်ဖြစ်သည်။ ဗီလိန်သည် အသက် ၆၀ အရွယ် အဘိုးကြီးတစ် ဦးဖြစ်သည်။
ထိုအဘိုးကြီးသည် အငြိမ်းစားရဲဝန်ထမ်းတယောက်ြ ဖစ်ကာ သူ့၏ပင် စင်လစာနှင့်ကျန်းမာရေးအာ မခံများကို
အထက်လူများ လာဘ်စားထားသောကြောင့် ပင်စင်ယူချိန်တွင်စုမိ ဆော င်းမိထားသောငွေကြေးများမရှိ၌
သားနှင့်ချွေးမအိမ်တွင် ကပ်နေနေရသည်။
ရိုးသားသောဝန်ထမ်းတစ်ယောက် ၏ဘဝနေဝင်ချိန်ကို အပြည့် အဝပုံဖော်ပြထားသည်။
မြေးလေးကိုမွေးနေ့လက်ဆောင်ပေး ရန် ပင်စင်လခသွားထုတ်ရာ၌ လခတစ်ပြားမှမရသောအခါ တွင်
အဘိုး ကြီးသည် မိမိရဲဝန်ထမ်းဖြစ်စဉ်ကရင်နှီးခဲ့သော ဒုစရိုက်သမားတယောက်ဆီမှ ခါးပိုက်နှိုက်ထားသော ရဲသား ၏သေနတ်ကိုေ ဈးပေါပေါဖြင့်ဝယ်ယူခဲ့သည်။
ထို့နောက် မိမိနှင့်ဘဝတူဆင်းရဲခြင်းကို ခါးစည်းခံနေရသည့် အခြေခံလူတန်းစားအလုပ်သမားနှစ်ေ ယာက်နှင့်ပေါင်းကာ
ဘဏ်တစ်ခုကို ဓားပြတိုက်ကြသည်။
ထိုမှစ၍ဇာတ်လမ်းသည် ခပ်ထုံထုံရဲသားနှင့် အဘိုးကြီးတို့၏အားပြို င်မှုကို တွေ့ရတော့သည်။
ဇာတ်လမ်းအဆုံးတွင် ဗီလိန်အဘိုးကြီး၏ နောက်ဆုံးအသက်ထွက်ခါနီးပြောသော " နင်းပြားတွေက
နင်း ပြားတွေပါပဲ။ ဗျူရိုက်ကရက်တစုရဲ့ အားကောင်းမော င်းသန်မောင်းနှင်မှုမှာ ခံစားနေရတာတွေက ငါတို့ပါ။
လခတိုးတယ်။ ကုန်ဈေးနှုန်းက ကျမလာဘူး။ ငါတို့တတွေသာ လည်ပင်းနစ်ရင် ထွက်သွားကြရတာပါ"
ဟု ပြောသောစကားကို ပြန်ကြားမိသည်။
(ဂ)
လက်ထဲကနေ့စဉ်သတင်းစာတွင်မြင်ေ နကြကြားနေကြအကြောင်းတရားများကို သာဖတ်ရသည်။ လှိုင်သာယာစက်မှုဇုန်မှအလုပ်သမလေး များ၏
လစာတိုက်ပွဲသပိတ်သတင်းများ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး အကြောင်းများ၊ မိုးပျံရထားနှင့်မြေအောက်မြို့ေ တ်ာများအကြောင်းကိုတွေ့ရသည်။
ခေတ်အဆက်ဆက် ထိုသတင်းများသာ တွေ့နေရသည်။
တခါတခါ လူမဆန်သော ရမ္မက်ဇောနှင့် သွေးချင်းသားချင်း မုဒိမ်းမှုများ ကိုလည်း တွေ့ရတတ်သည်။
ထိုသို့သတင်းများဖတ်ရလျှင် စိတ်ထဲဝမ်းနည်းရသည်။ တရားမစောင့်သောခေတ်တွင် လူတို့သည်
ကိုယ် ကျင့်တရား ခေါင်းပါးကုန် ကြသည်။ တိရစ္ဆာန်သာသာပြုမူနေကြတော့သည်။ ကောသလမင်းကြီး၏အိပ်မက်တစ်ဆယ့်ခြော က်ချက်
တဖြည်းဖြည်း အသက်ဝင်လာသည့်ပမာနှယ် ထင် မှတ်နေရသည်။ လူသားတို့သည် တစတစနှင့် ကိုယ်ချင်းစာတရားခေါင်းပါးလာ နေကြသည်။
ကိုယ်ကျင့်တရားများကို အလေးထားရမည်မှန်းမသိတော့ချေ။ သစ္စာတရားကို မသိကြတော့ချေ။
လူအချင်းချင်းလှည့်စားရန်သာချော င်းမြောင်းနေတော့သည်။
ဆရာတယောက်ပြောခဲ့ဖူးသော စကားတခွန်း ကို သတိရမိသည်။
"လူတွေက moral
value ကိုအလေးမထားကြတော့ဘူးကွ။ ဦးတဲ့သူလိမ်ကြ စားကြတာပဲ။ ရှက်ရကောင်း မှန်းမသိတော့ဘူးကွာ။
တို့ဆရာဝန်လောကမှာရော ဘာထူးလို့ လဲ။ ဆင်းရဲသားလူနာတွေကို အဆမတန် ကုသမှု စရိတ်ပေး။
ဆေးကုမ္ပဏီကလက်ဆောင်တွေကိုယူထားေ တာ့ သူတို့ရဲ့ဈေးကြီးတဲ့ဆေးတွေကို လူနာ ကိုထိုးရောင်း။
ပြီးရင် ကျောင်းတွေဘုရားတွေကိုအလှူကြီးတွေလုပ်ပြီးတော့ နာမည်ယူကြတယ်၊ ဒါဟာ လူ သားချင်းစာနာမှုမရှိတာပေါ့။
တချို့မရှိတဲ့မတတ်နိုင်တဲ့သူတွေလိုအပ်တဲ့ဆေးဝါးတွေထဲက ဆေးဈေးနှုန်း သိပ်မကြီးတာပေးလည်း ရပါတဲ့ဟာတွေ ရှိတယ်။
ဒါတွေလုပ်လို့ရရဲ့သားနဲ့ မလုပ်ကြဘူး" ဟူသောစကား ကို ပြန်ကြားမိသည်။
(ဃ)
သတင်းစာထဲတွင် ဆောင်းပါးရှင်တစ် ဦးက မဂ္ဂဇင်းများကျဆုံးနေသောအကြောင်း ကိုရေးထားသည်ကို ဖတ် ရသည်။ လူငယ်များ စာမဖတ်ကြတော့ဟုဆိုသည်။ ထိုအခါတွင် လူသားဟုခေါ်ဆိုကြရသော လူသားဆန် သောစိတ်များ ပါးလျလာခဲ့ရသည်။
တခါက ခွဲစိတ်ဆရာဝန်ကြီး ကဗျာဆရာ ကမ်လူဝေးပြောသောစကား တခွန်းကို အမှတ်ရမိသည်။
"ငတ်ပြတ်မှောင်ဝေတဲ့ခေတ်ထဲမှာ လူတွေက တရားမရှိတော့ဘူးကွာ၊ ဦးရာစားပဲ။ လူသားဆန်တဲ့ စိတ် တွေပျောက်နေပြီ။
စေတနာထားလုပ်ပေးတဲ့လူတွေရဲ့ေ စတနာကိုလည်း အသိအမှတ်မပြုကြတော့ ဘူးကွ။ တခါတခါ
ကိုယ်တွေပိုးမွေးသလို တယုတယမွေြး မူးနေရတဲ့ ကိုယ်ချင်းစာစိတ်လေးတောင် မသေဆုံး အောင် မနည်းအားတင်းထားရတယ်" ဟုပြောသည်ကိုကြားခဲ့ဖူးသည်။
ကိုယ်ချင်းစာတရားများ တဖြည်ြး ဖည်းပါးလျလာသောအခါတွင်
နေရသောပတ်ဝန်းကျင်သည် အရိုင်းဆန် လာသည်။
တောကြီးဥပဒေသကိုလက်ကိုင်ထားကာ ကြီးနိုင်ငယ်ညှဉ်းများဖြစ်ကုန်ေ လသည်။
လှုပ်လေနစ်လေသောခေတ်ကြီးထဲတွင် အရာရာ စိတ်သတ္တိထားက ဆင်ခြင်နေထို င်ရသကဲ့သို့ ဖြစ်နေ သည်။
အာမခံချက်တခုခုအတွက် လက်ထဲတွင် အသပြာလုံလောက်ရန် လိုအပ်နေဆဲဖြစ် သည်။
စိတ်နုလုံးသားများ အားကောင်းမောင်းသန်စေမည့်အဓိကကျသည့် စာပေယဉ်ကျေးမှုနယ်ပယ်မှာလည်း ထိုးစိုက်ကျဆင်းနေရာ အရိုင်းကမ္ဘာအတွက် လူ့လောကမြေမဟီတွင် ကုရာနတ္ထိ ဆေးမရှိသည့်ပမာ ဖြစ် လာနေသည်။ကြည့်။
စာပေအနုပညာ စက္ကူဈေးများ မိုးထိုးနေသည်။
ဖြန့်ချိရေးစရိတ်စကများများပြားေ နသည်။ ထိုအခါတွင် စာအုပ်များသည် ပျောက်ကွယ်လာကြသည်။
တွေ့မိသောဓာတ်ပုံတပုံထဲတွင် ကလေးများစာအုပ်ကိုအထူး အဆန်းသဖွ ယ် ဝိုင်းကြည့်နေကြသည်။
ထိုအဖြစ်အပျက်သည် ရယ်စရာဟာသတခုကဲ့သို့ ပုံဖော်ထားသော် ငြားလည်း တွေးကြည့်လျှင် အလွန်ရင်နင့်စရာကောင်းသော အခြေအနေတခုကို ပြက်ပြက်ထင်ထင် မြင်နေ ရသည့်ပမာ ဖြစ်နေသည်။ ကျွန်တော်တို့၏နောက်မျိုးဆက်များတွင် စာအုပ်ဟူသည် ပြတိုက်ထဲမှာသာ ရှာ ရတော့မည့်ကိန်း ဆိုက်နေသည်။
ခေတ်၏တိုးတက်ပြောင်းလဲမှုအရဖြစ် မည်ထင်သည်။ ကျွန်တော်အပါအဝင်လူသားမျိုးနွယ် တစ်ခုလုံးသည်
အစစ်အမှန်လက်တွေ့ဘဝမှကင်းလွတ်ကာ အင်တာနက်ပေါ်မှ virtual world ဟုခေါ်သော အတုအယောင် ကမ္ဘာဆီသို့ တွယ်ကုပ် တက်လာကြသည်။
မီရာသဘောင်္နှင့်လိုက်လာခဲ့သလို မျိုး မျိုးဆက်တိုင်းနီးပါးသည် အပေါ်သို့ ကုပ်ယက်တက်လာခဲ့သည်။
ထိုအခါတွင် အစစ်အမှန်သည်သေဆုံးသွားခဲ့သည်။ အပြုံးအစစ်အမှန်မရှိတော့ချေ။ ရင်ခုန်သံအစစ်အမှန် မရှိတော့ချေ။
လက်တွေ့ဘဝတွင်နေထိုင်မှုမရှိသော အခါတွင် လူသားတို့သည် နည်းပညာ၏အခိုင်းအစေ ဘဝကို ရောက်ရှိ လာချေသည်။
ထိုအရာကိုပင် ဆင့်ကဲပြောင်းလဲမှု ဟုထင်လာခဲ့ကြသည်။ ခလုတ်တစ်ချက်ခေါက်လျှင် ကမ္ဘာတစ်ြ ခမ်းမျှ ကုန်နိုင်သော လက်နက်များကို တီထွင်လာခဲ့သည်။
လက်တလှုပ်အတွင်း လူ့လောကသမိုင်းစဉ်တခုလုံး ပြောင်းလဲစေနိုင်သောအဖြစ် အပျက်များကို ဖန်တီးလာကြသည်။
ထိုအခါတွင် အင်တာနက်သည် အသက်တမျှ အရေးပါလာသည်။ အင်တာနက်တစ်စက္ကန့်ပြတ်တောက်သွား ခဲ့လျှင်
သေဆုံးသွားနိုင်သောလူသားမျာြး ဖစ်လာခဲ့သည်။ အင်တာနက်ကွန်ရက်သည် အောက်စီဂျင်ပမာအရေးပါလာခဲ့သည်။
အရာအားလုံးကို လက်တလှုပ်အတွင်း ကမ္ဘာ့အနှံ့ကိုရောက်နေသည်။ ထိုအချိန်တွင် တောထဲတောင်ထဲမှ
မူးယစ်ရီဝေစေသောအရာများသည် လက် တကမ်းအလိုကိုရောက်လာသည်။ ငွေကြေးအနည်းငယ်မျှနှင့်
လူငယ်တို့သည် ထုံရီမောဟိုက်နေ သော နတ်ဗိမာန်ကိုရောက်စေသည်။ ထိုမှသည် တဖြည်းဖြည်းနှင့် ....။
(င)
ယခု သူနေထိုင်ရာရပ်ကွက်ထဲတွင်အော် ကြီးဟစ်ကျယ်လုပ်နေသော အရူးတစ်ယော က်ရှိသည်။
ညဘက်လူခြေတိတ်ချိန်တွင် လမ်းပေါ်တက်၍ ဆဲရေးတိုင်းထွာတော့သည်။ စိတ်ရူးပေါက်သည်ဟုဆိုကာ
အဖေကိုအိမ်ပေါ်မှတွန်းချသည်။ တခါတခါလက်ထဲ တွင် စီးကရက်တလိပ်ကိုညှပ်ကာ တွေ့သမျှသူများကို
နှမ မအေ တိုင်းထွာနေတော့သည်။
ညဘက်လမ်းမထက်တွင် စက်ဘီးတစ်စီးနှင့်လည်နေတတ်သည်။ ရပ်ထဲရွာထဲမှာလူကြီးများစု၍
စိတ်ငြိမ် ဆေးရုံကို ပို့ဆောင်သောအခါများ ရှိသည်။ ထိုမှပြန်လာလျှင် တရားဝင်ရမ်းကားခွင့်လက်မှတ်ပမာ
ဆေးရုံ ဆင်း စိတ်ကျန်းမာရေးစာအုပ် ကိုကိုင်၍ ယခင်ကထက်ပိုမိုလုပ်ြ ပသည်။ ထိုလူငယ်သည်
လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန်ံတွင် ဆေးသုံးသောကလေးအဖြစ် နာမည်ကြီး သည်။
မိဘများငွေကြေးတတ်နိုင်သောမိသား စုတွင်
ဆေးသမားဖြစ်လာသောထိုလူငယ်သည် ယခုအခါတွင် အသိ စိတ်လွတ်၍ ရပ်ကွက် ထဲတွင် ဆဲရေးအော်ဟစ်ရင်း အရူးတယောက်ြ ဖစ်နေလေသည်။
အသိစိတ်တို့သည် မူးယစ်ထုံထိုင်းစေကာ လူစိတ်နှင့် အသိဉာဏ်ကို ကင်း မဲ့စေတော့သည်။
ထို့သို့သောအဖြစ်အပျက်များ သည် အရပ်ထဲ လမ်းထဲ မြို့ထဲတွ င် တဖြည်းဖြည်းပေါများလာသည် ။
ရူးကြောင်ကြောင်လူငယ်များ တဖြည်း ဖြည်းတိုးပွားလာသည်။
လက်တကမ်းအကွာတွင် ရနေသော ဆေးပြားအနီလေးများ၊ အရွက်ခြောက်လေးများသည် လူငယ်တို့အသိ စိတ်ထဲတွင် တဖြည်းဖြည်း စိတ်ပန်းဖြေစရာထင်လာသည်။
တုန်ရီမောဟိုက်နေသောမနက်ဖြန်ေ န့ရက်များ အတွက် စိတ်ကူးထဲပျော်မွှေ့နေခွင့် သည်
အရေးကြီးသောအခြေအနေလိုဖြစ်နေတော့ သည်။ ပျော်စရာရှားပါး လာသောနေ့ရက် များအတွက် ဖြစ်သလိုပျော်စရာရှာ၍ စိတ် အပန်းဖြေကြတော့သည်။ ထိုသို့သောစိတ်လက်ပန်းဖြေခြင်း မှသည် တဖြည်းဖြည်းချင်း လုံးပါးပါးလာ ကြသည်။
ရီဝေနေသောမျက်ဝန်းအစုံနှင့် အနာဂတ်ပျောက်နေကြသောလူငယ်များတြ ဖည်းဖြည်း ပေါများလာသည်။
မူးယစ်ဆေးကြောင့် လူ လက်တစ်ဆုပ်စာသည် ဆယ်ဘဝ စားမကုန်သောစည်းစိမ်ချမ်း သာကို ရသွားကြ သည်။
သို့သော် လူငယ်များစွာ၏ဘဝများေ ရထဲ မျှောလိုက်ရသည်။ သူတို့ရပ်ကွက်ထဲမှာ ညစဉ်အော်ဟစ်ေ နသောလူငယ်လေးကဲ့သို့သူများ တဖြည်းဖြည်းပေါများလာကြသည်။
ခိုးဝှက်တတ်သောရီဝေဝေမျက် လုံးပိုင်ရှင်လူငယ်လေးများ ပေါများလာသည်။
နာကျင်သောနေ့ရက်များ သည် တဖြည်းဖြည်း ရှည်ကြာလာသည်။ ထိုအခါတွင် စိတ်ထွက်ပေါက်ဟု ယူဆသော
ရီဝေဝေဆေးစွဲနေ့ ရက်များ တစစစ တိုးပွားလာသည်။ ပျော်စရာများသည် မူးယစ်စေတတ်သောအရာများဟုလူ ငယ်များစွာက
ခံယူလာကြတော့သည်။
ခေတ်ကြီးသည် အနိဋ္ဌာရုံကိုတဖြည်းဖြည်းဆွဲခေါ်လာခဲ့လေသည်။ ကောသလမင်းကြီး၏အိပ်မက်များ တဖြည်းဖြည်းရုပ် လုံးကြွလာသည်။ သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်တို့ တြ ဖည်းဖြည်းချဉ်ကပ်လာသည်။
အိပ်မက်များထဲတွင်အော်ဟစ် ညီးညူသံများ ဝေဆာလာသည်။ ညဥ့်ဦး၏ကောင်းကင်ယံတွင် ငှက်ဆိုးအော်သံများ ညံဆူလာသည် ။ လေအတိုက်တွင် ညှီစို့စို့အနံအသက်တို့သာ ပါ လာတော့သည်။
ကျောပူ ခေါင်းမအေးသောခေတ် ကာလကို တဖြည်းဖြည်းဖြတ်ကျော် နေရသည်။
ဆောင်းညရှည်ကြီးတွင် အိပ်မက်တို့သည် နာကျင်စရာအြ ပည့်ဖြစ်နေသည်။ ဘယ်အချိန် ကိုယ်စတေးခံရမည့် အလှည့်ကိုရောက်မည်လဲဟု
ကျီးလန့်စာစားနေရသော ဘဝမျိုးဖြစ်နေသည်။ တိမ်မည်းမည်းများတရွေ့ရွေ့ ဖုံးအုပ်လာသော ကောင်းကင် ကြီးကို မော့ကြည်နေရသကဲ့သို့
နေရသောခေတ်ကြီးသည် အနိဋ္ဌာရုံများဖြင့် ပြည့်လာေ နသည်။
(စ)
တုန်ရီမောဟိုက်နေသောနံနက် ခင်းများစွာကို ပူပင်ကြောင့်ကြစွာဖြတ်သန်း နေဆဲဖြစ်သည်။
မိုးလင်းမျက်စိနှစ်လုံးဖွင့် မှသည် မိုးချုပ်အိပ်ရာဝင်ချိန်ထိ အသက်ရှင်ရပ်တည်ရေးအတွက်
ရုန်းကန်လှုပ်ရှားနေရသည်။ အရာရာသည် ရှားပါးလာသည်။ ပျော်ရွှင်စရာ အစစ်များ ရှားပါးလာသည်။
ကြည်နူးစရာအစစ်များ ရှားပါး လာသည်။ မေတ္တာအစစ်များ ရှားပါးလာသည်။ လူများစုသည်
ကိုယ်ချင်းစာစိတ်နှင့် ဗြဟ္မာစိုရ်တရား ရှားပါး လာသည်။ ထိုနေရာများတွင် အတုတို့နေရာ ယူဝင်ယူလာကြသည်။
တကိုယ်ကောင်းစိတ်တို့ကြီးစိုးလာကြ သည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသောအတ္တစိတ်များသည်
မျက်မှောက်ခေတ်ကြီးထဲ ခုန် ဆင်းလာကြသည်။
ငယ်စဉ်ကကြည့်ခဲ့ဖူးသော နိုင်ငံခြားသရဲကားများပမာ
ရုပ်မြင်သံကြားဖန်သားပြင်ကို ဖောက်၍ထွက်လာ သောသရဲများကို တွေ့ဖူးသည်။
ယခုလည်းခေတ်ကြီးတွင် အနိဋ္ဌာရုံများသည် မျက်မှောက်ခေတ်တွင် ခုန် ထွက်ကခုန်နေကြသည်။
ရှုပ်ထွေးရုန်းကန်နေသောေ ခတ်တွင် ဘဝများစွာသည် တုန်ရီမောဟိုက်စွာရှင်သန် ရင်း အနိဋ္ဌာရုံများကိုငေး နေကြရတော့ သည်။။
မောင်နောင်မွန်
၁၂.၄.၂၀၁၈
၁၂.၄.၂၀၁၈
Comments