ရန်လင်းအောင် - လိပ်ပြာ

လိပ်ပြာ
ရန်လင်းအောင်
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၈

ခိုင်လုံတဲ့ ရနံ့တွေ 
ထဲထဲဝင်ဝင်မရှိသေးလည်း
အတောင်ပံတွေ 
ဖွင့်မြဲ ပွင့်ဖို့ -

ညှီနံ့တွေနဲ့ ဝေးရာ
ညှော်နံ့တွေနဲ့ ဝေးရာ -
ရှက်သွေးနဲ့
မမြင်သာတဲ့တောင်ပံခတ်လို့ -

ဘယ်လိုနေရောင်ခြည်မျိုးနဲ့
ချန်လှပ်ထားနိုင်မတဲ့လဲ -

မျက်နှာဖုံးများ
သောက်သောက်စားစား
မျက်နှာခွဲစိတ်ပြုပြင်နည်းများ
သွားသွားလာလာ -
ဒီကမ ၻာကိုမွ
ဟိရီသြတ္တပ္ပတက်တူးထိုးပေးချင်တဲ့သူ -

ရန်လင်းအောင်
၂၁.  ၁၁.  ၂၀၁၈

Comments