- Get link
- X
- Other Apps
ရုပ်သေးရုပ်များပွဲတော်
နေစိမ့်
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈
ကြိုးဆွဲရာအမျှင်တန်း
လက်လှုပ်ခြေလှုပ်
ခေါင်းလှုပ်
ဆန္ဒတွေ မြေမြှုပ်ထားရ
ဝမ်းနည်းဝမ်းသာ
မျက်ရည်ကျလို့မရဘူး
ပေါ်လီယာနာ အပြုံးနဲ့
ခုတုံးလုပ်လို့ မရဘူး
ဒေးကာနက်ဂျီ ဖော်မြူလာနဲ့
ဘီလျံနာမဖြစ်နိုင်ဘူး။
နဖားကြိုးဟာ အတွဲလိုက်
တစ်ကြိုးဆွေး တစ်ကြိုးလဲ
မိုးကြီးချုပ်တော့
ခွန်းတောက်ပတ်ပျိုးအပြီး
မီးရောင်အောက်မှာ
ပလီချောက်ချက်
အလွမ်းငုတ်တုတ်နဲ့
ညဥ့်နက်သထက်နက်။
။
Comments