Fujifilm Myanmar မှ ကျင်းပတဲ့ ဓာတ်ပုံပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နိုဝင်ဘာ ၂၄ ရက်ပြုလုပ်မယ်



Fujifilm Myanmar မှ ကျင်းပတဲ့ ဓာတ်ပုံပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နိုဝင်ဘာ ၂၄ ရက်ပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၈


Fujifilm Myanmar မှ ကျင်းပတဲ့ ဓာတ်ပုံပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Fujifilm X-users Workshop ကို နိုဝင်ဘာ ၂၄ရက်နေ့မှာ ပြုလုပ်သွားမယ်လို့သိရပြီး တက်ရောက်လို သူများအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီလို့သိရပါတယ်။

အဆိုပါ Fujifilm Photography Workshop မှာ အစီအစဉ်နှစ်ရပ်ဖြင့် ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။ ပထမအစီအစဉ်တရပ်အနေနဲ့ နိုဝင်ဘာ၂၄ရက်နေ့မှာ ပဲခူးမြို့နှင့် အနီးအနား တ၀ိုက်ကို လှည့်လည်ရိုက်ကူးကြမှာပြီး ဒုတိယအစီအစဉ်ဖြင့် နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ ပဲခူးခရီးစဉ်က ရိုက်လာခဲ့တဲ့ ဓာတ်ပုံများကို Fujifilm Showroom (Sule Square) တွင် Photo Editing လုပ်နည်းများကို Fujifilm Myanmar မှ X Photographer တဦးဖြစ်တဲ့ ကိုကျော်ကျော်ဝင်းမှ မျှဝေပေးသွားမယ့်အစီအစဉ်တို့ဖြစ်ပါတယ်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး Fujifilm Myanmar က “Fujifilm ရဲ့ X Photographer တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ဝင်းရဲ့ အတွေ့အကြုံများ၊ အမြင်များ၊ ကင်မရာ နဲ့ပတ်သက်တဲ့ နည်းပညာ ၊ ဗဟုသုတတွေ မျှဝေပေးမယ့် Fujifilm Photography Workshop ကို တက်ရောက်ဖို့ X – T series camera users များ အခုပင် စာရင်းပေးသွင်း နိုင်ပါပြီခင်ဗျာ။ (X-A series users များအတွက် Workshop များကိုလည်း လာမယ့်လတွေမှာ ကျင်းပပေးသွားပါမှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပဲခူးမြို့နှင့် အနီးအနားတ၀ိုက်ကို လှည့်လည်ရိုက်ကူးကြမှာဖြစ်လို့ အရင် Workshop များနှင့်မတူတဲ့ အတွေ့အကြုံများကို ရရှိမှာလည်းဖြစ်ပါတယ်။

နိုဝင်ဘာ၂၄ ရက်နေ့ မနက်စောစော ရန်ကုန်ကထွက်ပါမယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ ပဲခူးခရီးစဉ်က ရိုက်လာခဲ့တဲ့ ဓါတ်ပုံများကို Fujifilm Showroom (Sule Square) တွင် Photo Editing လုပ်နည်းများကို ကိုကျော်ကျော်ဝင်းမှ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပဲခူးမြို့ရဲ့ အလှအပတွေကို ဘယ်လိုရိုက်ကူးကြမလဲ၊ အနီးအနားက ဘယ်နေရာတွေမှာ ဘယ်လိုရှုခင်းကောင်းကောင်းတွေ ရိုက်လို့ ရနိုင်ဦးမလဲ သိချင်ရင်တော့ ခုချက်ချင်းပဲ ဖုန်းဆက်ပြီး စာရင်းသွင်းလိုက်ပါတော့ခင်ဗျာ။

ခရီးစဉ်အတွင်း ရိုက်ကူးခဲ့သော ပုံများကိုလည်း Gallery X Photo Exhibition ပွဲတွင်လည်း ရွေးချယ်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ၂၄ ရက်နေ့ ခရီးစဉ်တလျှောက်လုံးအတွက် Express ကားနှင့် Lunch အတွက်လည်း Fujifilm Myanmar မှ စီစဉ်ပေးမှာဆိုတော့ ဓါတ်ပုံရိုက်ဖို့ Fujifilm ကင်မရာသာ ယူလာခဲ့ရုံပဲခင်ဗျာ”လို့ ၎င်းတို့ရဲ့ပေ့ကနေ ပြောဆိုထား ပါတယ်။

အသေးစိတ်အစီအစဉ်များကို Fujifilm Myanmar စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်ပြီး လူဦးရေ ကန့်သတ်ထားသဖြင့်လည်း တက်ရောက်လိုသူများအနေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မတိုင်မီ ရုံးဖုန်း- ၀၉၂၅၄၃၈၅၁၁၂ကို ဆက်သွယ်စာရင်းပေးနိုင်ပြီလို့ Fujifilm Myanmar မှ ပြောဆိုထားပါတယ်။

Comments