ပြည်သစ်ဟန်
(မိုးမခ) ဒီဇင်ဘာာ ၂၉၊ ၂၀၁၈
အင်္ဂလိပ်အနုပညာနဲ့
သုခုမ ဝေဖန်ရေးဆရာ"ဂျွန်ရပ်စကင်း"က ဤသို့ဆိုဖူးသည်။
လူမျိုးတမျိုးဟာ
စာပေကိုအထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို
အထင်သေး နေရင်၊ မေတ္တာ ကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံကိုချည်း
မက်မောနေရင် အဲဒီလူမျိုးဟာ ကြာရှည်ခံမှာမဟုတ်ဘူး။
အထူးသဖြင့် စာပေနှင့်ဆက်စပ်ပြီး
ပြောချင်ပါသည်။
ကျွန်တော်တို့၏အားလပ်ချိန်အသုံးပြုမှုကို
စာနယ်ဇင်းနှင့် မည်မျှဆက်စပ်နေသေးကြောင်း
တွေးတောမိ သည်။
ဒီမိုကရေစီစနစ်ဆီလျှောက်လှမ်းနေသော
ယခုလိုအချိန်တွင် ယခင်အာဏာရှင်အဆက်ဆက်က အနေ အထားထက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်အတူ
အပြိုင်းအရိုင်းပေါ် ထွက်နိုင်ခွင့်ရှိလာပြီဖြစ်ပါသည်။ အခြားသော
လုံးချင်း စာအုပ်တွေလည်း ယခင်က တိမ်မြုပ်ပျောက်ကွယ် နေသော
အကြောင်းအရာများဖြင့်
မကြာခဏထွက်ရှိလာသည်ကိုတွေ့ရပါသည်။
လွတ်လပ်စွာရေးသားဖော်ထုတ်နိုင်ခွင့်နှင့်အတူ စာနယ်ဇင်းနယ်ပယ်တွင်မကပဲ
အခြားသောလုံးချင်းများဖြစ် သော
အတ္ထုပ္ပတ္တိ စာအုပ်တွေ၊ လုံးချင်းဝတ္ထုစာအုပ်တွေ၊ ကဗျာစာအုပ်တွေ၊ တွေးခေါ်မြော်မြင်ရေးဆိုင်ရာ စာအုပ်တွေ၊ သမိုင်းဆိုင်ရာစာအုပ်တွေ
စသည် စသည်ဖြင့် စဉ်ဆက်မပြတ်ထွက်ပေါ်နေနိုင်ရေးသည် လို လားတောင့်တအပ်သော
အရာဟူ၍ ထင်မြင်ယူဆမိပါသည်။
ပြင်ပ စာနယ်ဇင်းနယ်ပယ်နှင့်
အခြားစာပေနယ်ပယ်များတွင်သာမကပဲ ကလေးစာပေဖွံဖြိုးတိုးတက်လာမှု နှင့်အတူ ကျောင်းတွင်းစာကြည့်တိုက်နှင့်
ကျောင်းပြင်ပစာကြည့်တိုက်များ ပြန်လည်အသက်ဝင်လှုပ်ရှားနိုင် မည်လားဟူ၍ မရဲတရဲဖြင့်မျှော်လင့်ကြည့်နေမိသည်။ ကျွန်တော်မရဲတရဲဖြင့်ဆိုရခြင်းအကြောင်းမှာ
မြန်မာ နိုင်ငံ၏စာကြည့်တိုက်ပုံသဏ္ဌာန်မျိုးစုံ
ရွေ့လျားပျောက်ကွယ်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ဝန်းကျင် ခန့်ရှိပြီဟု မှန်းဆမိပါသည်။
ကျောင်းစာကြည့်တိုက်ဆိုလျှင်
ဆရာ၊ ဆရာမများနှင့် ကလေးတွေအကြား
စာသင်ကျောင်းတကျောင်း၏ ပရိဝဏ်အတွင်းမှာ
ရှိနေနိုင် သည်ဟူသော အဆက်အစပ်တွေပင်
အတော်လေး ဝေးကွာနေပြီဖြစ်ပါသည်။ ကျောင်းပြင်ပစာကြည့်တိုက်များမှာလည်း ပို၍ပင် ပျောက်ကွယ်၍နေကြပါသည်။
စာအုပ်အငှားဆိုင်များနှင့် ပတ်သပ်၍လည်း
ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်တဖြည်းဖြည်း ပျောက်ကွယ်နေ ကြသည်ကို
စိတ်မကောင်းစွာဖြင့် တွေ့မြင်နေရပါသည်။
ကျွန်တော်နှင့် သိကျွမ်းခင်မင်ရသော
ဆရာ၊ ဆရာမတချို့မှာ ထူးထူးခြားခြားကျန်ခဲ့သော (၁၀)နှစ်ဝန်းကျင် ခန့်လောက်ကပင် ရွေ့လျားစာကြည့်တိုက်ပုံစံဖြင့်
လုပ်ဆောင်နေသည်ကို ချီးမွမ်းမိရင်း
ယခုကာလတွင် အံ့ ဩဖွယ်ရာတွေ့မြင်နေရပါသည်။ သူတို့၏လုပ်ဆောင်ပုံမှာ တောနယ်တဝိုက်မှ
နီးစပ်ရာ၊ စိတ်သဘောတူ ညီရာစာသင်ကျောင်း(၁၀)ကျောင်း
ပေါင်းရုံးပြုလုပ်ကြခြင်းဖြစ်ပါသည်။
ထိုကျောင်း(၁၀)ကျောင်းမှာ
တစ်လကြာလျှင် စာအုပ်များအားလုံးစုစည်းပြီး
တနေရာတည်းတွင်စုဝေးပေါင်း ဆေုံကြသည်။ ဖတ်ပြီး သားစာအုပ်နှင့်
မဖတ်ရသေးသော စာအုပ်များကို
ဖလှယ်ကြရင်းဖြင့် တစ်လတခါ ပြန်လည်စုရုံးကြရင်း
ရွေ့လျားစာကြည့်တိုက်ကိုအသက်သွင်းနေကြခြင်းဖြစ်ပါသည်။
ကျွန်တော်
သူတို့၏ရွေ့လျားစာကြည့်တိုက်နှင့်အတူ
စာဖတ်ရှိန်မြင့်တင်နေပုံကို လေးစားမိသွားပါသည်။ အမှန်တကယ်
သူတို့၏ရွေ့လျားစာကြည့်တိုက်သည်
ယခုကျွန်တော်တင်ပြသည်ထက်ခက်ခဲသော အခြေ အနေများ
အများအပြားရှိပါသည်။
နယ်မြို့ မှာနေထိုင်သောစာရေးဆရာ "မောင်ခိုင်လတ်" ထံမှ
လှေ၊သဘောင်္တို့ဖြင့် သယ်ယူကြရခြင်းဖြစ်ပါ သည်။ တောက
စာသင်ကျောင်းဆီရောက်ဖို့ မိုးရွာသောကာလများတွင်
အခက်အခဲများစွာနှင့်သယ်ဆောင် ကြရသည်။ ဤကဲ့သို့တင်ပြရခြင်းမှာ ဆရာ"မောင်ခိုင်လတ်" နှင့်အတူ
ရွေ့လျားစာကြည့်တိုက်လုပ်ဆောင် နေကြသော ကျွန်တော့မိတ်ဆွေဆရာ၊ ဆရာမများသည် ကိုယ်ထူကိုယ်ထ
ကိုယ်အားကိုယ့်ခွန်ဖြင့် ပြုလုပ် ကြရခြင်း
ဖြစ်ပါသည်။
ရင်းနှီသိကျွမ်းရာ ရန်ကုန်စာနယ်ဇင်းနယ်ပယ်မှ
လှူဒါန်းသောစာအုပ်များနှင့်အတူ မိမိကိုယ်တိုင်ဝယ်သော စာအုပ်များဖြင့် ရွေ့လျားစာကြည့်တိုက်ကို အသက်ဆက်နေကြရခြင်းဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော် လက်လှမ်းမီသမျှ
စာပေချစ်စိတ်နှင့် စာဖတ်ရှိန်မြှင့်တင် နေကြသော
အဝန်းအဝိုင်းလေးတခုရှိနေသည်ကို
ချပြကြည့်ခြင်းဖြစ်ပါသည်။
ကျန်ခဲ့တဲ့ရက်အနည်းငယ်က
ကျွန့်တော်၏တူမလေးတစ်ယောက်ဖြစ်သူ စာအော်ကျက်နေသည်ကို
ကြည့် လိုက်မိပါသည်။ သင်ရိုးညွှန်းတမ်းစာအုပ်မဟုတ်သော
(လက်ဖက်ရည်တွင် အသင့်ဖျော်အထုပ်)အသင့်
အမေးအဖြေပါပြီးသား စာအုပ်တစ်အုပ်ထဲမှ
စာများကို အော်ကျက်နေခြင်းဖြစ်ပါသည်။ အသင့်
ကျက်လိုက် ရုံဟူ၍ ဆိုရမည်ပင်။
ကျွန်တော်ကြားသိဖူးသော
ပညာရေးဟူသည် "စာကိုလည်းသင်ရင်း
စိတ်ကိုလည်း သင်ရာသည်။ ဘာတွေကိုတွေးရမည်ဆိုသည် ထက်
ဘယ်လိုတွေးရမည်ကို သင်ယူခြင်းမည်ပေသည်" ဟူ၍
ဆရာကြီး ဦးအောင်သင်းပြောဖူးသည်ကို မှတ်သားမိပါသည်။
ဆရာ၊ ဆရာမက တွေးတောတတ်အောင်၊ တွေးတောစဉ်းစားနိုင်အောင်
အလေ့အထုံချပေးခြင်းသည် သင်ရိုးညွှန်းတမ်းထဲမှ
ဆရာ၊ ဆရာမတွေ၏တာဝန်၊ အားထုတ်ရမှုနှင့် ကျောင်းသားငယ်လေးတွေ၏
နောက်ဆက်တွဲ သင်ယူအားထုတ်မှုအဆင့်ထိသွားရသော အရာဟု၊ ဆရာကြီးတွေ
ပြောခဲ့ဖူးသည်ကို ဖြန့်ကျက်ဆင့်ပွားမိသော ပညာရေးပုံစံဖြစ်ပါသည်။
ယခုပညာရေးသည်
အသင့်ကျက်ဖို့ရာသာ
ဖြစ်နေသည်ကိုစိတ်မကောင်းဖွယ်ရာ
တွေ့မြင်နေရပါသည်။ ယင်းသို့ ကိုယ်ပိုင်တွေးတော စဉ်းစားတတ်သော
အလေ့အထုံတွေကို စာဖတ်ခြင်းမှသာ
အနီးစပ်ဆုံး ပို့ ဆောင်ပေးနိုင်သည်ဟူ၍ ယူဆမိပါသည်။ ကျောင်းသားဖြစ်စေ၊ ဆရာ၊
ဆရာမဖြစ်စေ၊ အလုပ်သမား၊ လယ်သမားဖြစ်စေစသည် စသည်ဖြင့်
လူတိုင်းစာဖတ်ခြင်းဆီမှသာ ထိုအရာတွေကို မျှော်လင့်နိုင်စကောင်း ပါသည်။
သို့သော်လည်း စာသင်ကျောင်းများသည်
စာကြည့်တိုက်တွေနှင့် ဝေးနေဆဲဖြစ်ပါသည်။ စာသင်ကျောင်းပြင်ပသည်လည်း စာကြည့် တိုက်တွေနှင့်
ဝေးနေဆဲဖြစ်ပါသည်။ အငှားဆိုင်တွေလည်း ပျောက်ကွယ်ကုန်ကြပါပြီ။ ကျွန်တော်တို့၏
စဉ်းစားတွေးတောခြင်းအလုပ်အတွက်
အထောက်အကူ ပြု ပေးမည့် အားလပ်ချိန်တွေမှာ
အခြားသောကိစ္စများက နေရာဝင်ယူနေပြီဖြစ်ပါသည်။
စာဖတ်ခြင်းအတွက် နေရာအတော်လေး ပါးလျားသွားပြီလားဟူသည်မှာ စာသင်ကျောင်းများမှာ
စာကြည့် တိုက်များနည်းပါး သွားခြင်းနှင့်အတူ
လစ်ဟာမှုတခုကို ချိန်ထိုးပြသနေသလိုပင်ဖြစ်သည်။
နိုင်ငံတနိုငံ၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်လည်း စာဖတ်ခြင်းနှင့် စာပေအနုပညာအပေါ် သက်ရောက်မှု ရှိနေပါသည်။ ဆင်းရဲကျပ်တည်းသော၊ ဝမ်းစာရေးအတွက် လှုပ်ရှားရုန်းကန်နေရသော ပြည်သူထုအတွက်
စာဖတ်ခြင်းဆီမရောက်နိုင်သည်မှာ လက်တွေ့ ကျသောအချက်တချက်ပင်။
ခြွင်းချက်တော့ရှိပါမည်။ စာပေနှင့်
လူ့အဖွဲ့အစည်း၊ စာကြည့်တိုက်နှင့် လူ့အဖွဲ့အစည်း၏အနာဂတ် စသည် တို့သည် ဆက်စပ်အကျိုးပြုနေသော
ပုံရိပ်များဖြစ်ပါသည်။ ထိုပုံရိပ်များသည် စာဖတ်သူနည်းပါးလာသော၊ စာကြည့်တိုက်များ နည်းပါးလာသော
ခေတ်ရေစီးမှာ အဘယ်သို့များ လှပနိုင်မည်လဲ။ ကျွန်တော်တို့တတွေ ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုသည်မှာ
အရေးကြီးသောအချက်တခုပင်ဖြစ်သည်။
အထူးသဖြင့် စာ ကြည့်တိုက်များ တံခါးပိတ်နေသောအခါပေါ့...။
ပြည်သစ်ဟန်
Comments