သင်းရည်​လွင်​ - သတိတရ မှတ်​တမ်း

Painting by Ko Ko Naing
 သတိတရ မှတ်​တမ်း
သင်းရည်​လွင်
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၈
 
ကျန်​နေခဲ့တယ်
ငါ့ သွေးတွေစီးဆင်းရာတလျှောက်
ရန်​သူကို အနီးကပ်​ပစ်​ရတာ
အခက်​ဆုံးပေမယ့်
လွယ်​တယ်​။

ဘဝနေ့ရက်​တွေတော်​တော်​များများ
အနီးကပ်​ ပစ်​ခံနေရတာ
ငါ့ တို့နှလုံးခုန်​သံအမျှ ။

တချို့သွေးစက်​လက်
တချို့ဘဝတန်းလန်း
တချို့ ရှင်​လျက်​ သေ
တချို့ ....။

ပုရွက်​ဆိတ်​လို တစစ်​စစ်
ငါတို့မှတ်​ဉာဏ်​ကို ကိုက်​လို့
ဓားလို မွှန်းနေတာပါပဲ။

ကျောက်​စာလို မတ်​မတ်
ငါတို့ရေးထွင်းသော
ငါတို့မှတ်​တမ်းမှတ်​ရာ
ငါတို့သွေးထဲ ကမ္ဘာတည်​။
-
ဆရာမောင်​အောင်​ပွင့်​ ..သို့
၂၁၂၂၀၁၈

Comments