မောင်စွမ်းရည် - မန္တလေးစာဆိုတော်နေ့


မောင်စွမ်းရည် - မန္တလေးစာဆိုတော်နေ့ 
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၈

ဗမာပြည်မှာ စာရေးဆရာအသင်းရယ်လို့ မည်မည်ရရ တည်တည်တံ့တံ့ ဖြစ်ပေါ်လာခဲ့တာဟာ ဂျပန်ခေတ်ကလိုပဲ ယေဘုယျမှတ်မိပါတော့တယ်။ မန္တလေးမှာစာဆိုတော်နေ့ အခမ်းအနားလုပ်ကြရင် ဦးလေး လူထုဦးလှက ထပ်ကာထပ်ကာပြောနေလို့ မှတ်မိနေပေမယ့် ခုတော့မေ့သွားပါပြီ။ ဒီးဒုတ်ဦးဘချို ဥက္ကဋ္ဌဆိုတာလောက်ပဲမှတ်မိပါတယ်။ အထက်ဗမာနိုင်ငံရဲ့ ကိုယ်စားလှယ်ကတော့ ဦးလေးလူထုဦးလှပါ။ မန္တလေးမှာ စာဆိုတော်နေ့အထိမ်းအမှတ်ပွဲရယ်လို့ လုပ်လာတာလည်း ၁၉၅၈ လောက်ကပဲထင်ပါတယ်။ ကျွန်တော်တို့ပါဝင်ပြီးလုပ်ခဲ့တာတော့ ၁၉၆၃ ကလို့ပဲ မှတ်မိနေပါတယ်။ မန္တလေးမြို့တော်ခန်းမမှာလုပ်ခဲ့ကြပြီး ရန်ကန်ုထုံးစံအတိုင်း ပြဇာတ်တွေဘာတွေ ကပြကြပါတယ်။ မောင်သာနိုး၊ ကိုမောင်မိုးသူတို့ စင်ပေါ်တက်ခဲ့ကြပါ တယ်။

မန္တလေးတက္ကသိုလ်မှာတော့ စာဆိုတော်နေ့မှာစာရေးဆရာကြီး တွေကို ကန့်တော့ပွဲနဲ့အတူ စာဆိုတော် နေ့အထိမ်းအမှတ်ကို တခမ်းတနားကျင်းပလေ့ရှိခဲ့တာကတော့ ၁၉၅၇-၅၈ လောက်ကျမှဖြစ်ပါတယ်။ မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်း (တင်မိုး) တို့ မြန်မာစာဂုဏ်ထူးအသီးသီးနဲ့ ၁၀ တန်းအောင်လာကြတဲ့နှစ်ပေါ့။ အဲဒီအခါမှာ မောင်သိင်္ဂါ ခေါ် မောင်သာနိုးနဲ့ တက္ကသိုလ်ဝင်းခေါ် ကိုဝင်းမောင်တ့ကို လည်း ၁၉၅၃ ခုနှစ်က အောက်တိုဘာ ကျောင်းတလပိတ်ရေးကိစ္စမှာ ဆန္ဒပြကြလို့ ကျောင်းထုတ်ခံထားခဲ့ရာက ကျောင်းပြန်နေခွင့်ပေး တာနဲ့တိုက်ဆိုင်ပြီး စာပေဝါသနာရှင်ကျောင်းသားတွေ စုစည်းမိကြပါတယ်။ မန္တလေးတက္ကသိုလ်ကလောင်ရှင် အသင်းရယ်လို့ ဖွဲ့စည်းကြပြီး စာစောင်တွေလည်းထုတ်ကြပါတယ်။

မန္တလးတက္ကသိုလ်က စာဆိုတော်နေ့ကျင်းပရင် တခါတရံ အမာစိန်၊ နွဲ့နွဲ့စန်း တို့အငြိမ့်ပွဲတွေတောင် ငှားပြီး ဧည့်ခပွဲံလုပ်ကြပါတယ်။ စာဆိုတော်ကန့်တော့ပွဲမှာတော့ ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ အမ်အေ ခေါ် ဒေါ်အုန်း၊ မြကေတု စတဲ့ ပုဂ္ဂိုလ်ြကီးတွေပါကြပါတယ်။ စစ်ကိုင်း ဘက်က ဆရာကြီးဦးဘိုးသင်းကိုလည်း ဖိတ်ကြားလေ့ရှိပါတယ်။ တက္ကသိုလ်ကလာကြတဲ့ ကျောင်းသား ကလောင်ရှင်လေးတွေနဲ့ မြိုထဲကစာရေးဆရာကြီးများ ပေါင်းစည်းမိသွားပြီး မြိုထဲမှာလည်းနှစ်စဉ် စာဆိုတော့ နေ့ကန်တော့ပွဲကို စည်စည်ကားကားကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ မြို့ထဲမှာနေရာအမျိုးမျိုး ပြောင်းရွှေ့ ကျင်းပခဲ့ကြဖူးပေမယ့် ကျုံးနောက်ဘက် ဓမ္မဗိမာန်အဆောက်အဦကျတော့မှ နေရာတည်မြဲသွားပြီး စစ်အစိုးရက ပိတ်ပင်တားမြစ်လိုက်တဲ့နှစ်အထိ ၁၀ နှစ်လောက်ဆက်တိုက်ကျင်းပခဲ့ကြပါတယ်။

စာဆိုတော်နေ့ စာဖတ်ပွဲကိုတော့ ၁၉၆၃ လောက်က စတင်ကျင်းပခဲ့ကြပါတယ်။ မြို့တော်ခန်းမမှာပဲ စတင်ပြုလုပ်ခဲ့ပါတယ်။ နောက်နှစ်တွေကျမှ အနောက်ကျုံးလမ်းဓမ္မဗိမာန်မှာ ဆက်တိုက်ကျင်းပခဲ့တာဖြစ်ပါ တယ်။ နတ်တော်လဆန်း ၁ ရက်၊ ညမှာ စာတမ်းဖတ်ပြီးရင် စစ်ကုငိး၊ ကျောက်ဆည်၊ မြစ်သား၊ မတ္တရာစတဲ့မြို့  အနီးချုပ်စပ်က ဖိတ်တဲပွဲ့တွေကို ဆက်သွားရပါတယ်။ ဒါကြောင့် နတ်တော်လကို စာဆိုနေ့ ရယ်လို့ ဦးလေးလူထု ဦးလှက အစွဲပြုပြီး နတ်တော်လ တလလုံးလိုလို မြို့တကာလှည့်ပတ်ပြီး ဟောပြောခဲ့ကြပါတယ်။

စာတမ်းဖတ်ပွဲကတော့ ၁၉၆၃ ကစပြီး ၁၉၇၂ လောက်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဖတ်သမျှစာတမ်းတွေ ကိုလည်း နှစ်စဉ်နှစ်တိုင်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ရသင့်တဲ့စာမူခကိုစုထားပြီး စာပေဟောပြောပွဲသွားတော့ စုပေါင်းသံုး ကြပါတယ်။ ဖိတ်ကြားတဲ့မြို့တွေက ခရီးစရိတ်မခံစေဘဲ လူထုသတင်းစာတိုက်က ကားနဲ့ပဲသွားကြ ပါတယ်။ လူထုဦးလှ၊ လူထုဒေါ်အမာစ၊ မြန်မာစာပါမေက္ခ ဦးချမ်းမြ၊ ဒေါ်စီစီဝင်း၊ ဦးကြည်မြ၊ မောင်သာနိုး (မောင်သိင်္ဂါ)၊ တင်မိုး၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်တ့ပိုါလေ့ရှိကြပါတယ်။ အဲဒီကာလမှာ ကိုလေးနဲ့ ကြည်အောင်တို့ အင်းဝကလောင်ရှင်ကြီးတွေက စတင် ဝရမ်းပြေးနေကြပြီဖြစ်ပါတယ်။ စာဆိုဖတ်ပွဲမှာရော၊ စာပေဟောပြောပွဲမှာရော မပါခဲ့ပါ။ အမျိုးသားဒီမိုကရေစီပေါ်ပေါက်လာတဲ့ခေတ်ကျမှ သူတို့ပါဝင်လာကြပြီး ကျွန်တော်တို့က ပြည်ပကို လွင့်စဉ်သွားခဲ့ကြပါတယ်။

စာဆိုတော်နေ့မှာထုတ်တဲ့ မန္တလေးကစာရေးဆရာတွေရဲ့ စာတမ်း တွေကို စာအုပ်ထုတ်လိုက်တိုင်း မနားမနေ ဝေဖန်ရှုတ်ချရေးသားခဲ့ကြတာကတော့ ရန်ကုန်က ရှုမဝမဂ္ဂဇင်းက စာရေးဆရာတစုဖြစ်ပါတယ်။ ဇော်ဇော်အောင်၊ တောင်တွင်းက အောင်သင်း၊ မင်းမော်၊ ကိုစံဖော် တို့ပါပဲ။ စာတမ်းအင်္ဂါနဲ့မညီဘူးဆိုတာလည်း ပါရဲ့၊ သင်္ကြန်အမြောက်တွေဆိုတာလည်းပါရဲ့။ ဇော်ဇော်အောင်က မန်းတက္ကသိုလ်က ပြောင်းသွားတဲ့သူငယ် ချင်းပါ။ သူကွယ်လွန်ခါနီးမှာ သူငယ်ချင်းတွေတွေ့ဆုံပွဲလုပ်ကြတော့ ဇော်ဇော်အောင်က ငါတို့သူငယ်ချင်းတွေ ချစ်ခင်ကြပါလျက်နဲ့ ဝါဒစွဲတွေ၊ ဂိုဏ်းစွဲတွေနဲ့ တယောက်နဲ့တယောက် ပုတ်ခတ် စွပ်စွဲပြီး စာပေတိုက်ပွဲတွေလုပ်ခဲ့ ကြတာ ဝမ်းနည်းမိတယ်လို့ မျက်ရည်ဝိုင်းပြီးပြောသွားခဲ့ဖူးပါတယ်။

“စာပေတိုက်ပွဲတွေ” ဆိုပေမယ့် စာတမ်းတွေရေးကြတာက မန္တလေးမှာပဲ လုပ်ဖြစ်တာပါ။ အဲဒီကာလမှာ ရန်ကုန်က မြန်မာနိုင်ငံစာရေးဆရာအသင်းလည်း မရှိတော့ပါ။ စာတမ်း ဖတ်ပွဲတွေလည်း မလုပ်ဖြစ်ပါ။ မန္တလေးက ၁၀ နှစ်လောက်လုပ်ခဲ့ပြီး ၁၀ အုပ်လောက်ထုတ်ခဲ့တာ အဖတ်တင်ခဲ့ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင် ပြောတာတော့ မဟုတပ်ါဘူး။ ဇော်ဇော်အောင်ဆိုတဲ့ (သလ္လာ ဇော်မြင့်) ခေါ်တဲ့ မုံရွာသား (အမြင့်ဇာတိ?) ဟာ မန်းတက္ကသိုလ်မှာ မောင်မိုးသူ၊ ကသာဝင်းကြွယ်၊ မောင်စွမ်းရည်တို့နဲ့ တအိပ်ရာ တည်းပူးကပ်ပြီး အိပ်သွားခဲ့ကြတဲ့သူငယ်ချင်း သူငယ်ချင်းအရင်းအချာပါ။ ဇော်ဇော်အောင်ဟာ မြင်းခြံနယ်က မောင်စွမ်းရည်တို့ရွာကိုတောင် လိုက်လည် ခဲ့ဖူးပါသေးတယ်။ ခြောက်စထောင်လှည်းကိုလေ့လာချင်လို့တဲ့။ သူကမြင်းခြံက ကျွနေ် တာ့်အကိုဝမ်းကွဲတွေအပါအဝင် အလံနီကျောင်းသားတွေနဲ့လည်း သူငယခ်ျင်းပါ။ သူကးအစက ဇော် (သလ္လာ)၊ သလ္လာ မောင်သင်းရည်အမည်နဲ့ ကဗျာတွေရေးခဲ့ပြီးနောက်မှ ထောက်လှမ်းရေး ဝတ္ထုရေးစရာဖြစ်သွားခဲ့တာပါ။  သူတို့ကို “ဇော်၊ ဖော်၊ မောင်၊ သင်း” လို့ အတိုကောက်ခေါ်ခဲ့ဖူးတယ်။ သူတို့ အားလုံးမရှိကြရှာတော့ပါ။ လွမ်းစရာပါ။ သူတို့တယောက်စီအကြောင်း စာပေရုပ်ပံလွှုာအချို့ ကို ကျွန်တော်ရေးဖူးခဲ့ပြီ။ ကျွန်တော်တို့မှာ မောင်သာနိုး၊ မောင်သိန်းနိုင်၊ မောင်မိုးသူ၊ မောင်စွမ်းရည် (တင်မိုး ကလောင်ကလွဲလို့) ကျန်ရှိနေကြပါ သေးတယ်။ အသက် ၈၀ ကျော်တွေပေါ့။ ကသာဝင်းကြွယ်နဲ့ ကိုလေးတို့လည်း ကျန်ရှိပါသေးတယ်။ သူတို့က မူလကတည်းက မပါခဲ့ကြပါ။ တယောက်က ဗိုလ်မှူး၊ တယောက် ကျောင်းဆရာ လုပ်သွားကြလို့ပါ။ ကြည်အောင်က ဝရမ်းပြေးနေခဲ့ရပါတယ်။ အော် ... လွမ်းစရာတွေပါ။

မောင်စွမ်းရည် ၂၀၁၈ အောက်တိုဘာ ၆
0