ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ဒီမိုကရေစီအဆောက်အအုံများအပေါ် စိန်ခေါ်မှုများ
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၀
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၈
Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသောHOW DEMOCRACIES DIE – The Unwritten Rules of American Politics အခန်းကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်ခြင်း ဖြစ်သည်။
နိုင်ငံရေးဝေါဟာရအချို့ကို ပြန်နွှေးပြီးနောက်ထပ်ဝေါဟာရအသစ်များကိုလည်း ဖော်ထုတ်ပါမည်။
ဤဝေါဟာရသည် အခြေခံဥပဒေအရ ခွင့်ပြုထားသော်လည်း၊ သမ္မတသည်လည်းကောင်း၊ လွှတ်တော်သည်လည်းကောင်း၊ ၄င်းတို့ကိုပေးထားသော အာဏာကို အကုန်မသုံးဖြစ်အောင် ထိန်းသိမ်းခြင်းကိုဆိုလိုသည်။ Forberance နှင့် Mutual Tolaration တို့သည် အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီမပျက်စီးသေးသော အကြောင်းများဖြစ်သည်။
Communisim – ကွန်မြူနစ်ဝါဒ။
ဤဝါဒကို အားလုံးလွယ်လွယ်ကူကူနားလည်နိုင်သော စကားဖြင့်ရှင်းရလျှင် - ၄င်းသည် လူများအား လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ရေးသားခွင့်၊ စည်းရုံးခွင့်တို့ကို ပိတ်ပင်ထားသော ဝါဒဖြစ်၏။
Democracy - ဒီမိုကရေစီဝါဒ။
၎င်းကို ကွန်မြူနစ်ဝါဒ၏ ဆန့်ကျင်ဘက်ဟု မှတ်နိုင်သည်။
McCarthism မက်ကာသီယစ်စင်ဝါဒ။
လူအမည် McCarthy (မက်ကာသီ)မှ ဆင်းသက်လာသည် ၁၉၄၆ မှ ၁၉၅၄ တွင် ရှရှားနိုင်ငံ သည် ကွန်မြူနစ်ဝါဒကို ကျင့်သုံးပြီး နယူကလီယာအင်အားကြီးနိုင်ငံဖြစ်လာသည်။ ထိုအခါ အမေရိကန် ပြည်သူများနှင့် နိုင်ငံရေးသမားများသည် အမေရိကန်တွင် ကွန်မြူနစ်ဝါဒကြီးစိုးမည်ကို အလွန်စိုးရိမ်ထိတ်လန့်လာကြသည်။ ထိုအဖြစ်ကိုသုံး၍ နိုင်ငံရေးအမြတ်ထုတ်လိုသည့် နိုင်ငံရေး သမားများပေါ်လာသည်။ ၄င်းတို့ထဲတွင် ရီပက်ဘလစ်ကန်အမတ် ဂျိုးဇက်မက်ကာသီ Joseph McCarthy သည် အထင်ရှားဆုံးဖြစ်၍၊ ကွမ်မြူနစ်ဆန့်ကျင်သော ဝါဒကို မက်ကာသီယစ်စင်ဟူ၍ ပင် ခေါ်တွင်လေသည်။
သမိုင်းတွင် ဒီမိုကရေစီ၏ စံနှုန်းများကို စိန်ခေါ်မှုများ အနက်သုံးခုကို ဤအခန်းတွင် ဖော်ထုတ်ခဲ့သည်။ ပထမစိန်ခေါ်မှုတစ်ခုမှာ သမ္မတရူးစဘယ့် လက်ထက်ကဖြစ်သည်။ ဒုတိယမှာ မက်ကသီယစ်စင်ဝါဒ ဖြစ်သည်။ ဤနေရာတွင် မက်ကာသီယစ်စင်သည် ကွန်မြူနစ် ဆန့်ကျင်သော ဝါဒဖြစ်လျှက်နှင့်၊ ဒီမိုကရေစီစံနှုန်းများကို စိန်ခေါ်မှု ဖြစ်ရသနည်း။
အကြောင်းကို တိုတိုနှင့်ရှင်းရှင်းပြောရလျှင်၊ တစ်ဖက်စွန်းသို့ရောက်သွားသောကြောင့် ဖြစ်၏။ နိုင်ငံရေးအမြတ်ထုတ်မှုကို ဦးစားပေးလွန်းခြင်း၊ ကိုယ်နှင့်မတည့်သော မည်သူကိုမဆို၊ မည်သည့်ပါတီကိုမဆို၊ ကွန်မြူနစ်ဟု သမုတ်လိုက်ခြင်း၊ ထိုသို့သမုတ်ခံရသူ၊ ခံရသောပါတီသည် လုံးဝသိက္ခာဆယ်မရအောင်ပင် ကျဆင်းသွားခြင်း၊ ဒုက္ခရောက်ရခြင်းတို့ဖြစ်သည်။
ဤနေရာတွင် ဧကန်တကယ်ဘာဖြစ်သည်ဟူသည်ကို မည်သူမှမသိတော့ပါ၊ လက်ဦးသူကသာ အနိုင်ရသည့်သဘောကို ဆောင်သွားသည်။
တတိယ - ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် သမ္မတနစ်ဆင် (Nixan) ၏ ဒီမိုကရေစီ စံနှုန်းများကို ချိုးဖောက်သော အလုပ်များဖြစ်သည်။ နိုင်ငံရေးအရဆန့်ကျင်သူများ၏ အပြန်အလှန်စကားများကို ခိုးနားထောင်ခြင်း၊ တိတ်ခွေများဖြင့် သွင်းထားခြင်း၊ လျှို့ဝှက်စုံစမ်းမှုများပြုလုပ်ခြင်း၊ သမ္မတအာဏာကို အလွဲသုံးစားလုပ်ခြင်း၊ စသည်တို့ကိုလုပ်ခဲ့သည်။ ထိုလုပ်ရပ်များကို မပေါ်အောင်ပြုလုပ်သော လုပ်ရပ်များလည်း ပေါ်သွားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီအဆောက်အအုံများကို ထိခိုက်မှုများ၊ စိန်ခေါ်မှုများမှာ ယခုပြောပြခဲ့သော သုံးကြိမ် (သမ္မတရူးစဘယ်လက်ထက် (၁၉၄၅)။ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ခဲ့ သည့်အချိန် (၁၉၄၅-၁၉၅၀) နှင့် သမ္မတနစ်စင်၏ ဝါးတားဂိတ်အမှု (၁၉၇၀ နောက်ပိုင်း) တို့အပြင်၊ အခြားကိစ္စရပ်များလည်း ရှိပါသေးသည်။ သို့သော်လည်း ပြည်သူလူထုနှင့် နိုင်ငံရေးပါတီတို့၏ အကူအညီကြောင့်၊ ဒီမိုကရေစီ စနစ်ပျက်စီးသွားသည့်အဖြစ်သို့ ရောက်မသွားခဲ့ပါ။
၁၉၃၀ နှစ်များက အချို့သောနိုင်ငံများတွင်လည်းကောင်း၊ ၁၉၆၀ နှစ်များက အချို့သော လက်တင် အမေရိကနိုင်ငံ (အမေရိကတိုက်တောင်ပိုင်း)၊ ဒီမိုကရေစီစနစ်များ ပျက်စီးယိုယွင်းသွားခဲ့ သည်။ ဤဖြစ်ရပ်များ၏ အကြောင်းရင်းမှာ၊ သည်းခံခြင်းနှင့် အပြန်အလှန်ထိန်းသိမ်းခြင်းတို့ကို မလုပ်နိုင်သောကြောင့်ဖြစ်သည်။
သည်းခံခြင်းနှင့် အပြန်အလှန်ထိန်းသိမ်းခြင်းတို့ကိုဖြစ်စေရန် မူဝါဒများ သတ်မှတ်ထားသည်။ သို့သော် ထိုမူဝါဒများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်ကား လူများဖြစ်သည်။ လူများက မစောင့်ရှောက်နိုင်လျှင်၊ ဘယ်လောက်ကောင်းသည့် မူဖြစ်စေ၊ ကြာကြာမခံပါ။
မူဝါဒကောင်းမွန်စေရန် ဖတ်ကောင်းအောင် စာရေးတတ်ရန်သာ လိုပါသည်။ ဥပမာ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ဒီမိုကရေစီဝါဒများဖြစ်ကြသည်။
အမေရိကန်နိုင်ငံတွင် အပြန်အလှန်ထိန်းသိမ်းမှုသာ မရှိခဲ့လျှင်၊ တော်တော်ပြဿနာဖြစ်နိုင်သည့် အဖြစ်အပျက်တစ်ခုမှ သမ္မတအိုးဘားမား လက်ထက်ကဖြစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သတင်းစာထဲတွင် တရားရုံးချုပ်က တရားသူကြီး မစ္စတာ အင်တိုနင်စကာလီယ (Antonin Scalia) ရုတ်တရက် ကွယ်လွန်သွားသော သတင်းပါလာခဲ့ပါသည်။ ထိုအခါ လွှတ်တော်အမတ် မစ်ချန်မက်ကောနယ် (Mitch McConnell) က စကာလီယာ မိသားစု ထံသို့ ဝမ်းနည်းကြောင်းသဝန်လွှာပို့ရင်း၊ ဤသို့ကြေငြာလိုက်သည်။ "လွတ်သွားတဲ့တရားသူကြီး နေရာကို နောက်အသစ်တက်မည့် သမ္မတလက်ထက်ကျမှ ခန့်အပ်သင့်ပါတယ်။"
သို့သော် ၂၀၁၆ မတ်လ ၁၆ ရက်နေ့တွင် သမ္မတ အိုးပါးမားက၊ ဂါလင် (Garland) ကို လွတ်သွားသည့်တရားသူကြီးနေရာမှာ ခန့်အပ်ဖို့ အဆိုပြုခဲ့သည်။ ဂါလင်သည် အရည်အချင်းရှိ သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟူသည်ကို မည်သူမှသံသယမရှိပါ။ သို့သော်အတွေးအခေါ်အပိုင်းအရ ဂါလင်သည် ကြားနေသည့်သဘောထား ကျင့်သုံးသူဖြစ်သည်။ အမေရိကန်နိုင်ငံ၏သမိုင်းတွင် လွှတ်တော်သည် သမ္မတအဆိုပြုထားသော တရားသူကြီးကို လက်မခံပါ။ ထည့်စဉ်းစားဖို့ကိုပင် ငြင်းပယ်ခဲ့သည်။
ဤကိစ္စသည် အခြေခံဥပဒေကို တိုက်ရိုက်ချိုးဖောက်ခြင်း မဟုတ်သော်လည်း၊ လွှတ်တော်သည် (ရေးမထားသော) ဒီမိုကရေစီစံနှုန်းတစ်ခုကို ချိုးဖောက်ခြင်းဖြစ်သည်။ သို့သော်လည်း ဤကိစ္စတွင် သမ္မတဘက်က အခြေခံဥပဒေအရ ခွင့်ပြုထားသောအရာတစ်ခုဖြစ်သည့် အာဏာရှင်ဆန်ဆန် ထိုသမ္မတအလိုကျပြုလုပ်ခြင်းကို မလုပ်ဘဲ ထိန်းသိမ်းထားသောကြောင့် ဘာပြဿနာမဖြစ် ခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်တွင် အများသဘောတူ ဟူသောစာပိုဒ်သည် အရေးပါပါသည်။ သို့သော်ငြား လည်း၊ အများသဘောတူတိုင်း လူအနည်းစုကို အနိုင်ကျင့်ခြင်းကို မပြုလုပ်နိုင်ရန် ဥပဒေများကို ပြဌာန်းပေးထားရပါသည်။ ယင်းဥပဒေပြဌာန်းချက်တစ်ခုမှာ၊ လွှတ်တော်တွင် မည်သည့်ကိစ္စကိုမဆို လွှတ်တော်တွင် အချိန်အကန့်အသတ်မရှိ၊ မည်သူကမဆို ဆွေးနွေးပိုင်ခွင့်ဖြစ်သည်။ ယင်းပြဌာန်း ချက်သည် ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသော်လည်း၊ ၄င်းကိုအခြေအနေအရပြင်ဆင်ခဲ့ရသည်။ ဖြစ်ပုံမှာ-
နှစ်ဆယ်ရာစုနှစ်အစပိုင်းတွင် ယင်းပြဌာန်းချက်ကို အခွင့်ကောင်းယူ၍ အချို့သောအမတ်များသည် ကိစ္စအချို့ကို မပြီးအောင် ဆွေးနွေးမှုများကို ပြုလုပ်ကြသည်။ ဤဆွေးနွေးမှုများသည် အကျိုးမဲ့ဖြစ်လာသောအခါတွင် အောက်ပါဥပဒေကို ပြဌာန်းလိုက်ရသည်။
လွှတ်တော်တွင် အမတ်များ၏သုံးပုံနှစ်ပုံသဘောတူညီသည့်အချက်ဖြင့် ဆွေးနွေးမှုတစ်ခုကို ရပ်တန့်ပစ်လိုက်နိုင်သည်။
သမ္မတဒေါ်နယ်ထရမ့် သည် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်ရာတွင် တော်တော်နာမည်ကြီးပါသည်။ သို့သော်ငြားလည်း ဤကဲ့သို့ ချိုးဖောက်မှုများသည် ထရမ့်မတိုင်ခင် ဆယ်စုနှစ်များစွာတွင် ရှိခဲ့ပါသည်။
သတိပြုရမည့်အချက်တစ်ခုမှာ၊ အချို့သော ဒီမိုကရေစီစံညွှန်း၊ စံနှုန်းများအား ချိုးဖောက်ခြင်း ကို အခြေခံဥပဒေက ခွင့်ပြုထားပါသည်။ ထိုကြောင့် အခြေခံဥပဒေကို မချိုးဖောက်ဘဲ၊ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများကို ချိုးဖောက်၍ ရပါသည်။
ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ဆက်လက်၍ ဖော်ပြပါမည်။

Forbearance သည်းခံခြင်း။
Mutual Tolaration အပြန်အလှန်ထိန်းသိမ်းခြင်း။

Comments