ခိုင်မာကျော်ဇော - မျက်ရည်စတွေနဲ့ 



သန်းဌေးမောင်၏ ပန်းချီ 

ခိုင်မာကျော်ဇော - မျက်ရည်စတွေနဲ့ 
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၉


ကချင်ကို သယ်မယ်
ရှမ်းကို သယ်မယ်
ကရင်ကို သယ်မယ်
ရခိုင်ကိုလည်း သယ်မယ်

..... သယ်မယ်

..... သယ်မယ်

..... သယ်မယ်နဲ့ 

ဘယ်လိုလုပ်ပြီး ဖက်ဒရယ် ဖြစ်မှာလဲ။



ငြိမ်းချမ်းရေး ပြောပြီး
ဗုံးသီးတွေဘဲ ချချကျွေးတယ်။


စစ် ...
နှလုံးသားတွေ
ဆစ် ဆစ် ဆစ်နဲ့  နာတယ်။

သေရာပါ အမာရွတ်တွေ
ရင်ဘတ်တွေ ကိုယ်စီမှာ။


ပြောတော့ ပြောတယ်
ရင်ကြားစေ့ရေးတဲ့
ရင်ဘတ်တွေ မရှိကြဘူး။


ဆွေးနွေးဖို့  စားပွဲမှာထိုင်တယ်
ဆွေးနွေးဖို့  စကားလုံးမရှိဘူး။


လက်တွေဟာ လက်ဆွဲနှုတ်ဆက်ဖို့ ထက်
သေနတ်မောင်းဖြုတ်ဖို့ ကိုဘဲ အားသန်ကြတယ်။


သွေးစွန်းတဲ့လက်နဲ့ 
ချိုးငှက်ကို ဘယ်လို ဖမ်းကြမှာလဲ။


ခဏလေးပါ
တချက်လေးဘဲ ငဲ့ကြည့်ပေးပါ
ရင်ဘတ်တွေနဲ့  ကြည့်ပေးပါ။


ကလေးတွေမှာ မျက်ရည်စတွေနဲ့ 

တိုင်းပြည်ဟာ မျက်ရည်စတွေနဲ့ 

အနာဂတ်ဟာ မျက်ရည်စတွေနဲ့ ။



ခိုင်မာကျော်ဇော
ဇန်န၀ါရီ၊ ၉ ရက်၊ ၂၀၁၉

(သူ၏ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

Comments