ကိုသန်းလွင် ● တရုတ်ပြည်၏စီးပွားရေးတိုးတက်မှု

 ကိုသန်းလွင် ● တရုတ်ပြည်၏စီးပွားရေးတိုးတက်မှု
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၉

(၁)
၁၉၈၈ ခုနှစ်က အလည်ရောက်လာသော နိုဘယ်စီးပွားရေးဆုရှင် မစ္စတာဖရီးမင်း (Milton Freeman) က တရုတ်ကွန်မြူနစ်ပါ တီ၏ ဈေးကွက်စီးပွားရေးစနစ်ဖြင့် တံခါးဖွင့်ရန်ကြိုးစားမှုကို၊ “ခြစားခြင်းနှင့် လုပ်ရည်ကိုင်ရည်အရည်အချင်းကင်းမဲ့မှု” တို့ကို ဖိတ်ခေါ်သလိုဖြစ်မည်ဟု သတိပေးခဲ့သည်။

တချိန်က စီးပွားရေးနှင့်စနစ်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေခဲ့သော ဗျူရိုကရေစီယန္တရားသည် တိုးတက်မှုအတွက် အင်ဂျင်သဖွယ်ဖြစ်လာခဲ့သည်။ လူတန်းစားခွဲခြားမှုတိုက်ဖျက်သူနှင့် ဈေးနှုန်းထိမ်းချုပ်ရေးကို လုပ်ဆောင်ခဲ့သူများက နောက်ပိုင်းတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို အားပေးခဲ့သည်။

(၂)
“မြစ်ကိုဖြတ်ကူးရာတွင် ကျောက်တုံးများကို စမ်းသွားပါ” ဟူသော တရုတ်ဆိုရိုးစကားတစ်ခုရှိသည်။ လယ်သမားများကို သူ တို့ နှစ်သက်သလိုစိုက်ပျိုး၍ သူတို့သီးနှံကို ကြိုက်သလိုရောင်းချခွင့်ပေးခဲ့သည်။ လယ်ယာမြေကိုတော့ အစိုးရကပိုင်ဆိုင်နေ ဆဲဖြစ်ပါသည်။ စီးပွားရေးဇုံအတွင်း ရင်းနှီးမြှုပ်နှံမှုကို အတားအဆီးများကို ဖယ်ရှားပေးခဲ့သည်။ နိုင်ငံပိုင်စက်ရုံများကို ပထမ နည်းနည်းချင်းကစပြီး ပရိုက်ဗိတ်ကို ရောင်းချခဲ့သည်။

ကိုယ့်ကိုဆန့်ကျင်သူတွေနဲ့၊ ပြုပြင်ရေးသမားတွေနဲ့ ဆက်ဆံရေးအနုပညာတရပ်ပါဘဲဟု တရုတ်ခေါင်းဆောင် များပြော ခဲ့ကြသည်။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက အလွန်အကျွံလုပ်ဆောင်မှုများသည် မော်နောက်ဆက်ခံသော မစ္စတာတိန် ရှောင်ဖိန်းကိုပြင်ဆင်ပေးခဲ့သော စင်မြင့်ပင်ဖြစ်သည်။ ဤအခင်းအကျင်းများနှင့်ပင် ပွဲကိုဆက်ခဲ့ရသည်။

အမေရိကန်သမမ္မတဟောင်းနှစ်ဆင်သည် တင်ရှောင်ဖိန်နှင့်တွေ့စဉ်က များပြားလှသော တရုတ်လူမျိုးများကို အမေရိကန်သို့ ပညာတော်သင်စေလွှတ်ရန်တိုက်တွန်းခဲ့သည်။ သူကိုယ်တိုင်လည်း Sponsor လုပ်ခဲ့သည်။ ခေါင်းဆောင်ကြီးက ပါတီဝင် လူငယ်များစွာကို အမေရိကန်သို့သာမက အင်္ဂလန်၊ သြစတြေးလျ၊ ဥရောပနိုင်ငံအများအပြားသို့စေလွှတ်ခဲ့သည်။ အချို့က တက္ကသိုလ်များတက်ကြသည် အချို့မှာအလုပ်ဝင်လုပ်ကြသည်။ အချို့ကလည်း အလည်အပါတ်အနေဖြင့်ခဏတာရောက်ကြသည်။ သူတို့ပြန်လာကြသောအခါ ပါတီကကြိုဆိုပြီး သူတို့အလုပ်အကိုင် ရာထူးအဆင့်အတန်းကိုပေးသည်။ အခြားလူ များကိုလည်း သူတို့ထံမှသင်ယူစေရန် တိုက်တွန်းသည်။

နိုင်ငံ ၂၇ နိုင်ငံစုပေါင်း၍ ယခင်က “ကိုလန်ဘို” စီမံကိန်းဖြင့် နိုင်ငံအများအပြားက အခြားနိုင်ငံများသို့ပညာတော် သင်စေ လွှတ်ကြဖူးသည်။ ထိုပညာတော်သင်ကျောင်သားများ မိမိအရပ်ကိုပြန်ရောက်သောအခါ နေရာမျိုးစုံ ၀င်၍ အမှုထမ်းကြသည်။ ဤနည်းဖြင့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားနိုင်ငံတို့သည် များစွာအကျိုးဖြစ်ထွန်း ကြသည်ဟုဆိုပါသည်။ ဘူတန်နိုင်ငံ ဝန်ကြီးချုပ်၊ စင်ကာပူသမ္မတ၊ ကက်ဘိနက်ဝန်ကြီးများမှာ ကိုလန်ဘိုစီမံကိန်း၏ စကော်လာများဖြစ်ကြသည်။

ပါတီက ထိုအချိန်မှာပင် တိုင်းပြည်၏ပညာရေးစနစ်ကိုပြုပြင်သည် တက္ကသိုလ်များ၊ ကျောင်းများနှင့် အဆက်အသွယ်ကိုလွယ် ကူစေရန် ဖန်တီးပေးသည်။ စာမေးပွဲစနစ်နှင့် အလွတ်ကျက်ရသောစနစ်ကို လျော့ပေးသည်။ နိုင်ငံရေးအကူအညီမရ၍ ကျောင်းမနေရမှု၊ တောနေလူများအား မြို့နေသည့်လူများနည်းတူ ပညာသင်ပိုင်ခွင့်တို့ ကိုရစေသည်။ ယခုအခါ သိပ္ပံနှင့် အင် ဂျင်နီယာ ဘွဲ့ရသူများသည် အမေရိကား၊ ဂျပန်၊ တောင်ကိုရီးနှင့် ထိုင်ဝမ်တို့ စုစုပေါင်းထက်များနေသည်ကိုတွေ့ရသည်။

ရှမ်ဟိုင်းမှအထက်တန်းကျောင်းသားများသည် တစ်ကမ္ဘာလုံးကကျောင်းသားများထက် သာလွန်သည်ကိုတွေ့ရ သည်။ မိဘများမှာထိုမျှနှင့်မကျေနပ်နိုင်သေးဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင်အမှတ်ကောင်းစေရေးအတွက် ကျူရှင်ပေးကြရာ ထိုစီး ပွား ရေးလုပ်ငန်းတစ်ခုလုံးမှာ ဒေါ်လာ ၁၂၅ ဘီလီယမ်တန်ဘိုးရှိသည်။ တရုတ်စစ်တပ်၏ နှစ်စဉ်ဘတ်ဂျက်တစ်ဝက်ခန့်ရှိသည်။
ပါတီ၏အပြောင်းအလဲထက် နိုင်ငံ၏ ဗျူရိုကရေစီကိုဖျက်သိမ်းခြင်းအပြင် ပြုပြင်ပြောင်းလဲမှု အများအပြားကို ဆောင်ရွက်ခဲ့ပါသည်။ မော်သေဆုံးပြီးကတည်းက လွတ်လပ်သော ရွေးကောက်ပွဲနှင့် လွတ်လပ်သောတရား စီရင်ရေးစနစ် မဟုတ်သည်ကလွဲ၍ အခြားအရာများကိုပြုပြင်ပြောင်းလဲ မှုများကိုပြုလုပ်ခဲ့ပါသည်။

နိုင်ငံရေးတွင်ရာထူးသက်တမ်းကို သတ်မှတ်ခြင်း၊ အငြိမ်းစားယူသောနှစ်ကို သတ်မှတ်ခြင်းစသည့် ပါတီတွင်း ခေတ် နှင့် မကိုက်ညီသူများကို ပထုတ်နိုင်ရန် စီစဉ်ခဲ့ကြပါသည်။ ပါတီတွင်း ရီပို့ကဒ်ပေးရာတွင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်နိုင်မှုများကို သိသိသာသာအားပေးခဲ့ပါသည်။

ထိုကဲ့သို့ပြုပြင်မှုများမှာ သေးငယ်သော်လည်းကြီးမားသည့် ပြောင်းလဲမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။ ပါတီတွင်း၌ ပြိုင်ဆိုင်မှု များပေါ်လာပြီး အမှုထမ်းရာတွင်အရည်အချင်းရှိမှရာထူးတိုးမည်ဟူသောအယူအဆဖြစ်ပေါ်လာသည်။ တရုတ်ပြည်၏အုပ်ချုပ်မှုစနစ်သည်အာဏာရှင်ဆန်သော်လည်းဒီမိုကရေစီ၏အရိပ်အရောင်များကိုတွေ့နိုင်သည်။

ပါတီဝင်များက စီးပွားရေး၊ အောင်မြင်မှုတစ်ခုတည်းကိုသာ ဦးစားပေးသောအခါ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အလုပ်သမားဆိုင် ရာဥပဒေကိုမလေးစားမှု၊ အစားအသောက်တွင်မသန့်ရှင်းမှုနှင့် ဆေးလောကတွင် မသမာမှုများဖြစ်ပေါ်လာရသည်။ အစိုးရ ဝန်ထမ်းများကိုယ်တိုင်လည်း အစိုးရအလုပ်ကိုပြစ်ပယ်ခါ ပရိုက်ဗိတ်ကုန်သည်များအဖြစ် ပြောင်းလဲလုပ်ကိုင်ကြသူများရှိ သည်။ ပါတီအရာရှိများကလည်း ချမ်းသာလာကြပြီး ပရိုက်ဗိတ်လုပ်ငန်းများကို အားပေးကြသည်။ ပါတီဝင်နှင့်သူ့မိတ်ဆွေ များမှာ အတူအကွချမ်းသာလာကြပါသည်။

ပရိုက်ဗိတ်အပိုင်းမှတိုင်းပြည်ထုတ်ကုန်၏ ၆၀ % ကို ထုတ်ပေးကြသည်။ ခန့်ထားသောပြည်သူလူဦးရေမှာ ၈၀ % ရှိသည်။ အလုပ်သစ်ပေါင်း၏ ၉၉ % ကိုထိုပြည်သူများကဖန်တီးသည်။ ပါတီခေါင်းဆောင် ရှီအနေဖြင့်ပါတီ၏ အခန်းကဏ္ဍကို ပရိုက် ဗိတ်လုပ်ငန်းများတွင်ပါ ပါဝင်ကြောင်းပြသသည်။ နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်မှုကို အကာအကွယ်ပေးပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်ကိုဝင်နိုင်ရန် ၎င်းတို့၏လျှို့ဝှက်ချက်များကို အသိပေးရမည်ဟုတောင်း ဆိုခဲ့သည်။ ဤနည်းဖြင့် ပြည်သူပိုင်စက်ရုံများကို စက်မှုအခမ်းကဏ္ဍတွင် ခေါင်းဆောင်ဖြစ်စေချင်သည်။

ဒီဇင်ဘာလတွင်ပါတီ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အနှစ် ၄၀ မြောက်ပွဲကျင်းပရန်ရှိသည်။ တိုင်းပြည်ကို နိုင်ငံခြား ဈေးကွက်များသို့ ဖွင့်လှစ်ခြင်းနှင့်ပါတ်သတ်၍ နှစ်ပါတ်လည်ပွဲလည်းဖြစ်ပါသည်။ ရှီဂျင်ပင်းမှာ တိန်ရှောက်ဖိန်း၏ လက်ထောက်တစ်ဦးကမွေးဖွားသူဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများကို ဆက်လက်ထိမ်းသိမ်းသည်။

တိန်ကနိုင်ငံခြားမှအကူအညီကို ရှာဖွေလိုသည်။ သူကမှု မိမိကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းရှိအောင်ကျိုးစားပြီး နိုင်ငံခြား ကုမ္ပဏီများ၏ အန္တရာယ်ကို အမြဲသတိပေးနေသူဖြစ်သည်။ တနည်းပြောရသော် တိန်က တံခါးဖွင့်ဝါဒကို ကျင့်သုံးချိန်တွင် သူကဤအပိုင်းကိုလျစ်လျူရှုလိုသည်။ ပါတီ၏ကြွေးကြော်သံမှာ တရုတ်ပြည်သည် မိမိအင်အားနှင့်မိမိ ဤအခြေအနေ ရောက်လာသည် ဟူ၍ဖြစ်သည်။ အမေရိကန် ဂျပန်တို့မှာ ပါတီ၏သဘောထား အရဆိုလျင် မကောင်းသောပုံစံဖြင့် မီးမောင်း ထိုးခံရသည်။

မစ္စတာ တန် (Tony Tan) သည်တိုင်ဝမ် မှလာရောက်စက်ရုံဖွင့်နေသည်။ မစ္စတာတန်သည် ၁၉၈၈ ခုနှစ်ရောက် မှ တရုတ် ပြည် ကိုရောက်ဖူးပြီး ဖိနပ်စက်ရုံထူထောင်ခဲ့သူဖြစ်သည်။ သူ့တွင် တရုတ်ပြည်၌ စက်ရုံ ၅ ခုရှိပြီး Nike သည်လည်းတစ်ခု အပါဝင်ဖြစ်သည်။ ဟောင်ကောင်၊ စင်ကာပူ နှင့် တိုင်ဝမ်၊ ယိုးဒယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့တွင် စက်ရုံများရှိသော်လည်း တရုတ်ပြည်မှာဈေးချိုသည်။ အိမ်နှင့်လည်းနီးသည်။ စကားပြော ဘာသာစကား လည်းတူညီသည်။ ထို့ကြောင့်အခြားနေရာများနှင့်စာသော် တရုတ်ပြည်တွင်အနေများသည်။

(၃)
ပါတီအနေဖြင့် အင်တာနက်ကို လွှတ်ထားပေးပြီး ၄င်းကြောင့်ရလာသည့် စီးပွားရေးအသီးအပွင့်များကို သုံးစွဲခွင့် ပြုထား သည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်ပြည်အရှေ့ပိုင်း၌ ရထားအမြန်တစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့သည်။ မက်ဆေ့ပေါင်း ၃၀ သန်းကျော်တို့ဖြင့် ပါတီ၏ထိုပြဿနာကိုင်တွယ်ဖြေရှင်းပုံကို မကျေနပ်ကြောင်းပြသခဲ့သည်။ တရုတ်အာဏာပိုင်တို့က ဝေဘို (Weibo) (တရုတ်ပြည်၏ twitter) ခေါ် ပေါ်ပြူလာဖြစ်သည့်ဝန်ဆောင်မှုကို ပိတ်ပြစ်ရ မည်လားစဉ်းစားကြသည်။ သို့ပါသော် လည်း ပြည်သူတို့က ပိတ်ပြစ်ခြင်းအပေါ် မည်သို့တုန့်ပြန်ကြ မည်ကို စိုးရိမ်မိကြ၍ဘာမှမလုပ်ခဲ့။

ဝေဘို ကိုဖွင့်မြဲဖွင့်ထားခဲ့သော်လည်း ကုမ္ပဏီများကို မိမိဝန်ထမ်းများအပေါ် ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ကြရန်သာ ညွှန်ကြားခဲ့သည်။ ထို့ကြောင့်ကုမ္ပဏီပေါင်းများစွာတို့မှာဝန်ထမ်းများစွာကိုခန့်၍ ဆင်ဆာလုပ်ရန် ကြိုးပမ်းကြတော့သည်။ သူ့ဖါသာသူထိမ်းသိမ်းခိုင်းခြင်းပင်ဖြစ်သည်။

ကိုသန်းလွင်
Ref:
The west was sure, the Chinese approach would not work, It just had to wait, Still waiting By Phillip Pan New York times November 18 2018.

Comments