ဇော်အောင် (မုံရွာ) ● သက်မွေးပညာအကြောင်းနဲ့ မိုက်ကယ်ဖာရာဒေး

 ဇော်အောင် (မုံရွာ) ● သက်မွေးပညာအကြောင်းနဲ့ မိုက်ကယ်ဖာရာဒေး
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၁၈

အခုတလော အင်ဂျင်နီယာလောက AGTI တွေကို P.E, RSE လက်မှတ်ရ အင်ဂျင်နီယာအဖြစ် သိပ်အသိအမှတ်မပြုခြင်း၊ အနောက်နိုင်ငံ စကားလုံးနဲ့ပြောရရင် Discrimination ခွဲခြာဆက်ဆံခံရလို့ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ ဥပဒေကော်ရှင် သူရဦးရွှေမန်းနဲ့ AGTI Society တွေ့ဆုံပွဲတွေ ပွဲဆူနေပါတယ်။

တကယ်တော့ အင်ဂျင်နီယာကောင်စီဆိုတဲ့ ဒီမိုကရေစီခေတ်မှာပေါ်လာပြီး လက်မှတ်ရအင်ဂျင်နီယာတွေ စစ်ဆေး ပေး အပ်ခြင်းကို မကျေနပ်လို့ ပွဲဆူခြင်းပါ။ အမြင့်ဆုံးအင်ဂျင်နီယာလက်မှတ်ကို ပြည်ထောင်စုအဆင့် PE Professional Engineer အဖြစ်ပေးအပ်ပြီး၊ RE, RSE စတဲ့လက်မှတ်များကို မြို့နယ်၊ ပြည်နယ်တိုင်းအဆင့် စာမေးပွဲ စစ်ဆေး ပေးအပ်ပါ တယ်။ ယခင်ကတော့ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆက်သွာ်ရေး၊ စည်ပင် စတဲ့ဌာနများက လိုင်စင် ထုတ်ပေးပေမဲ့ အခုတော့ နိုင်ငံတကာလိုပဲ အင်ဂျင်နီယာကောင်စီဥပဒေနဲ့ လက်မှတ်များထုတ်ပေး၊ လက်မှတ်ရ အင်ဂျင်နီ ယာများက ခွင့်ပြုလက်မှတ်နဲ့ အဆောက်ဦကြီးများကို ဆောက်ခွင့်ပေးလာပါတယ်။ ၂၀၁၈ အတွင်း အစိုးရဌာနများက၊ အင်ဂျင်နီယာကောင်စီနဲ့ ညှိပြီး  PE လက်မှတ်ပါမှ ပစ္စည်းရောင်းခွင့်ကအစ လုပ်ငန်းတင်ဒါအထိ ချုပ်ကိုဖို့ ကြိုးစားလာတယ်။ လုပ်ငန်းအသေးစားလေးတွေ အရမ်းနစ်နာ အလုပ်ရှုပ် စိတ်ပျက်ရတယ်။ RE, RSR လက်မှတ်တွေတောင် အသုံးမကျ ဖြစ် လာပြီး.. ဒီတော့ ပညာရှင် AGTI ဒီပလိုမာ ပညာရှင်တွေက လက်မှတ်ရ အရေအတွက်နည်းလွန်းတော့ ခွဲခြားခံရတယ်။ လက်မှတ်ရသူနည်းပါးတော့ မကျေနပ်ဖြစ်နေချိန်၊ ဥပဒေထဲမှာ AGTI လို့ ရှင်းလင်းစွာမပါတာကို ထောက်ပြတယ်။

အစကတည်းက AGTI တွေကို RE, RSE, PE အနည်းဆုံး ၁၀ % အထက်ပေးထားရင် ပြဿနာမရှိပါ။ အခု PE လက်မှတ် ၈၀၀ ကျော်မှာ AGTI လက်ချိုးရေတွက်နိုင်တော့ အချိန်ကိုက် ပွဲဆူသွားပါတယ်။ ဥပဒေပြုရာမှာပါဝင်တဲ့ အင်ဂျင်နီယာ အမတ်တွေက အင်ဂျင်နီယာကောင်စီရဲ့ စနစ်ညံဖျင်းမှုဒဏ်ကို ခံလိုက်ရတယ်လို့ သုံးသပ်ပါတယ်။

AGTI များစွာကို RE, RSE, PE လက်မှတ်ထုတ်ပေးမှ ပြေလည်ပါမယ်။ နည်းဥပဒေ ပြင်ဆင်ရပါမယ်။ ဖြေရှင်းချင်ရင် စနစ် ပြောင်းဖို့ လူတွေလည်း ပြောင်းရပါမယ်။

ပညာရှင် စံပြတစ်ဦးအကြောင်း ရေးပြပါရစေ။

မိုက်ကယ်ဖာရာဒေးဆိုတဲ့ တီထွင်သူ လျှပ်စစ် ပညာရှင်တဦး လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က အင်္ဂလိပ်နိုင်ငံမှာ ပေါ်ထွန်း ခဲ့ပါ တယ်။ ဆင်းရဲလွန်းတော့ အခြေခံပညာပဲ ရေးဖတ်တတ်ပြီး အခုခေတ် THS Certificate အဆင့်တောင် လက်မှတ်မရှိပါ။ သိပ္ပံပညာရှင် Devy ဆိုသူက သဘောကျလို့ ဓာတ်ခွဲခန်းလုပ်သားအဖြစ် အကူလုပ်ရင်း ပညာရပ်စာအုပ်တွေ အငမ်းမရ ဖတ်ရှုလေ့လာတယ်။ ဘာသာရပ်များစွာ ဘွိုင်လာမီးရှို့တဲ့ Bearner၊ ဓာတု၊ ရူပ၊ ဇီဝ၊ စက်မှု၊ လျှပ်စစ်မျိုးစုံ တီထွင် အသစ် ဆန်းများတွေ့ရှိခဲ့လို့ ကမ္ဘာကျော် ရပါတယ်။ ဗြိတိန်၊ ဥရောပနိုင်ငံများစွာ၊ အမေရိကန် သိပ္ပံပညာရှင်အသင်းကြီးများက ဂုဏ် ထူးဆောင်ဘွဲ့များ ယခုခေတ်ဆိုရင် နိုဘယ်ဆုအဆင့် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

သိပ္ပံပညာရှင်ကြီး အဲလဘတ် အိုင်စတိုင်းရဲ့ ရုံးခန်းမှာ ချိတ်ဆွဲထားတဲ့ စံပြသိပ္ပံပညာရှင် ရုပ်ပုံ ၃ ခုမှာ ဖာရာဒေ၊ နယူတန်နဲ့ မက္ကဇွဲတို့ ဖြစ်တယ်။

ဖာရာဒေ အကြီးကျယ်ဆုံ တွေ့ရှိမှုကတော့ လျှပ်စစ်ဖြစ်တယ်။ မိုးကြိုးပစ်ရင် ဖားသေတွန့်သွားတာ ကမေ အီလက်ထရို မဂ္ဂနက်တစ်စွမ်းအင်ကိုတွေ့ရှိပြီး ကမ္ဘာ့ပထမဆုံး လျှပ်စစ် ဓာတ်အားထုတ်စက် (ဂျင်နရေတာ) ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ လျှပ်စစ်မီးလင်းနေတာမြင်တိုင်း မိုက်ကယ် ဖာရာဒေးကို သတိရ ကျေးဇူးတင်ရပါမယ်။

ဆက်ဖတ်လိုသူမျာအတွက် link - https://en.m.wikipedia.org/wiki/Michael_Faraday
.

ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောတယ်။ ဆယ်တန်းအောင်များ သက်မွေးပညာမတက်ချင်ပဲ တက္ကသိုလ်တက်ရတာ ဂုဏ်ရှိတယ်ထင်ကြတယ်။ ဆွဒ်ဇာလန်မိတ်ဆွေ အစိုးရဝန်ကြီးရဲ့သားသမီးတွေမှာ သက်မွေးပညာတက်သူနဲ့ တက္ကသိုလ် တက်သူတို့အရွယ်ရောက်လာတော့ ဝင်ငွေအတူတူရကြောင်း။ သက်မွေးပညာရှင်က ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်လာပြီး တက္က သိုလ်တက်သူက ဘွဲ့တွေရရှိ ပါမောက္ခဖြစ်လာကြောင်း၊ သက်မွေးပညာတက်သူက ဝင်ငွေတောင် ပိုကောင်းသလို ရှိ ကြောင်း။ မြန်မာပြည်မှာ အကြီးကျယ်လိုအပ်နေတာက သက်မွေးပညာ ဖစ်ကြောင်း၊ သက်မွေးပညာ THS, AGTI တွေ အ များကြီးဖွင့်ပေးရမှာဖြစ်ကြောင်း မကြာခဏ ပြောပါတယ်။

၁၀ တန်းအောင်ရင် မိမိကျောင်းသားတွေကို တက္ကသိုလ် ၄ နှစ် ၆ နှစ် တက်မဲ့အစား TVET တက်ပြီး ၂ နှစ် ၃ နှစ်နဲ့ လစာ ၁၀ သိန်းအထိ ရနိုင်မယ်။ ဂျပန်၊ ဂျာမဏီ၊ စင်ကာပူတွေအထိ အလုပ်လုပ်နိုင်မယ်။ ပညာသင်ဆုရပြီး ဘွဲ့ရအောင် ကျောင်းဆက် တက်နိုင်မယ်။ ဆယ်တန်းအောင်သူများ TVET တက်ဖို့ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ စင်ကာပူ.. စတဲ့ တိုးတက်နိုင်ငဲ အစိုးရ များလို စနစ်သစ်မှာ ၆၀ % TVET တက်ကြပါမယ်။

မြန်မာပြည်က THS certificate, AGTI diploma, BE Degree ဆိုတာ စင်ကာပူနိုင်ငံနဲ့ယှဉ်ရင် ITE Certificate, Poly Diploma နဲ့ BE Degree နဲ့ တူပါတယ်။

မကြာခင် မြန်မာပြည် အင်ဂျင်နီယာကောင်စီက လက်မှတ်များထုတ်ပေးတဲ့စနစ် အမြန်ဆုံးပြင်ဆင်ရမှာ ဖြစ်ပါတယ်။ စံနမူနာ အဖြစ် ပညာရှင် AGTI များစွာကို P.E လက်မှတ်ဖိတ်ခေါ်ပြီး စာမေးပွဲဖြေစရာမလိုပဲ လူတွေ့နဲ့ မြန်မြန်ပေးရပါမယ်။ ဆောက် လုပ်ရေးလောကမှာ အထပ်မြင့်တွေဆောက်နေတာ. လမ်းတံတားတွေ လက်တွေ့ တကယ်လုပ်နေတာ B.E တွေမဟုတ်ပါ။ AGTI တွေ ဖြစ်တယ်။ တချို့ဆိုရင် မိုက်ကယ် ဖာရာဒေးလို အတန်းပညာမရှိပေမဲ့ အလွန်ကြိုးစား ဖတ်မှတ်ပြီး အင်ဂျင်နီယာ အဆင့်ရောက်နေသူများစွာ ရှိနေပါတယ်။

အင်ဂျင်နီယာကောင်စီ လက်မှတ်ရ အင်ဂျင်နီယာ ပျိုးထောင်စနစ် အမြန်ဆုံး ပြုပြင်ပြောင်းလဲပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မှတ်ချက်
TVET သက်မွေးပညာ သင်တန်းများ၊ ကျောင်းများ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ စတဲ့အစိုးရများ၊ အဖွဲ့စည်းများနဲ့ မြန်မာအစိုးရ ကူညီအားပေးမှုများကြောင့် တိုးတက်များပြားလာပါပြီ။ ဖေ့ဘုတ် မှာ TVET ရိုက်နှိပ်ရှာကြည့်ရင် အမြောက်အများတွေပါမယ်။ TVET App ကိုဒေါင်းလုပ်ပြီး အခမဲ့သင်တန်းများ၊ ကျောင်းများ၊ အချက်လက်များကို မိမိသားသမီး၊ တူ တူမများကို သင်တန်း ပို့ကြပါ။ တက္ကသိုလ် ၄ နှစ်၊ ၆ နှစ် ဆက်တက်တာထက် TVET, THS, AGTI တက်တာက အချိန်တိုအတွင်း ဝင်ငွေရပါတယ်။

ဇော်အောင် (မုံရွာ)
၁၈ ဇန်၊ ၂၀၁၉

Comments