တင်လတ်ကို ● တချောင်းမြင်


တင်လတ်ကို ● တချောင်းမြင်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉

နှစ်ချောင်းမြင်နဲ့
တချောင်းမြင်က ညီအကို။

နှစ်ချောင်းမြင်က
နှစ်ချောင်းမြင်ပြီး
တချောင်းမြင်က
တချောင်းပဲမြင်လို့
တချောင်းမြင်လို့ ခေါ်တွင်ကျတယ်။

တချောင်းမြင်က
သူ့အကိုလို မဟုတ်ဘူး
လမ်းလျှောက်ရင်းတောင်း ဆော့သွားတာ
လမ်းလျှောက်တော့ ဘာဖြစ်
မိုင်နင်းမိတယ်။

မိုင်းနင်းမိတော့
ထုံးစံဘာဖြစ်။

တချောင်းမြင်က
သူ့ရှိတဲ့ ခြေထောက်တဖက် မပြတယ်။

Comments