ဆောင်းယွန်းလ - "အမေရိကန်ဖဲဝိုင်း"



ဆောင်းယွန်းလ - "အမေရိကန်ဖဲဝိုင်း"
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ 

အစိုးရက ဖဲဒိုင်ကိုင်ပြီး
ပြည်သူက ထိုးသားတွေဖြစ်တယ်
ဒီဖဲဝိုင်းကြီးထဲမှာ
ဒိုင်က ဖဲလိမ်ရိုက်ပြီး
ထိုးသားက ဖဲခိုးပြီးရိုက်တယ်


အနိုင်အရှုံးဟာ
သူတို့ နှစ်ဦးစလုံးအတွက်တော့
မဆန်းတော့တဲ့ နေ့ တဓူဝကဗျာဘဲ

အမြင်မတော်လို့ ဝင်ပြောရင်
အသင်သာမောမယ်လို့ မှတ်

မှန်ကန်သူကကွဲပြီး
အကြံအဖန်တွေ ဗိုက်ရွှဲတဲ့ဖဲဝိုင်းရဲ့ နာမည်က
လန်းဒ်အော့ဖ် အော်ပိုကျူနတီတဲ့။

ဆောင်းယွန်းလ

Comments