ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ
(မိုးမခ) မတ်လ ၄၊ ၂၀၁၉
(မိုးမခ) မတ်လ ၄၊ ၂၀၁၉
အိန္ဒိယအစိုးရက မိမိတို့ဘာသာ အင်တာနက်ကို ဆင်ဆာလုပ်ကိုင်ခွင့် အာဏာအပြည့်ပေးထားသော ဥပဒေကို ပြဌာန်းပါ တော့မည်။ ချက်ချင်းကမ္ဘာကိုလွှမ်းမိုးထားသောအင်တာနက်ကုမ္ပဏီများနှင့် တိုက်ပွဲကို အစဖော်ပေးလိုက်သည်။ ဝေဖန်သူ တွေက တရုတ်ပြည်နှင့် တူတူလာပြီဟု ဆိုကြပါသည်။
ရည်ရွယ်ထားသော ဥပဒေတွင် အိန္ဒိယအရာရှိများက တောင်းဆိုလျင် ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ တွစ်တာနှင့် TikTok တို့က တပါး သူကိုသိက္ခာကျစေသော၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုနှောင့်ယှက်သော၊ မုန်းတီးရေးတရား၊ အလိမ်အညာပြောသောစကားစသည့်ပို့စ်များကိုဖယ်ရှားပေးကြရမည်ဖြစ်ပါသည်။ အင်တာနက်ကုမ္ပဏီများက အိန္ဒိယအမျိုးသားများကို ဥပဒေနှင့်မလွတ် ကင်းသောသတင်း (သို့မဟုတ်) အချက်အလက်များကို မမြင်ရအောင် ကာကွယ်ပေးရမည်ဖြစ်သည်။ နောက်လိုက်နာရန် အချက်တခုမှာ အများတကာ၏အကျိုးကိုထိခိုက်နေသောသတင်းကို ဘယ်သူကပို့လိုက်သည်ဆိုခြင်းကို ဖော်ထုတ်ပေးနိုင် ရမည်ဟု ဆိုသည်။
ဤဥပဒေအသစ်မှာ အများပြည်သူ၏ဆန္ဒကို စောင့်ကြည့်သည့်အနေဖြင့် တပတ်မျှစောင့်ကြည့်ပြီးအတည်ပြုမည်ဖြစ်သည်။ အာဏာပိုင်များက ဤဥပဒေကို နေရာတကျဖြစ်စေချင်သည့်အကြောင်းမှာ ရွေးကောက်ပွဲနီးလျှင် ဥပဒေသစ်ပြဌာန်းရန် ခက်ခဲသည့်အတွက်ဖြစ်သည်။ ရွေးကောက်ပွဲကသည်နှစ် အတွင်းကျင်းပရန်ရှိသည်။
မြို့ပြလွတ်လပ်ခွင့် (Civil Liberties) အုပ်စုနှင့် အခြားဝေဖန်သူတို့က ပြောသည်မှာ ဤဥပဒေအသစ်သည် ဖွဲ့စည်းပုံဥပဒေက ပြဌာန်းထားသော ပြည်သူတို့၏လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် လွတ်လပ်စွာနေထိုင်ခွင့် (Privacy) တို့ကို ထိခိုက်နေသည့် အတွက် အိန္ဒိယကို တရုတ်နှင့်ရုရှားတို့မှာကဲ့သို့ ဖြစ်နေပြီဟု ဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် အတိုက်အခံတို့ကတင် သောပို့စ်များကို ဤဥပဒေအသစ်ကတား ဆီးနိုင်လိမ့်မည်ဟု စွပ်စွဲကြသည်။
အင်တာနက်လွတ်လပ်ခွင့် ဖေါင်ဒေးရှင်း (Internet Freedom Foundation) ကလည်း ဤဥပဒေကိုသာ ပြဌာန်းလျှင် တရားရုံးတွင် စိန်ခေါ်မည်ဟု ဆုံးဖြတ်ထားကြသည်။ ဤအဖွဲ့၏ဒါရိုက်တာက “တရုတ်ပြည်မှာ ပြည်သူတစ်ယောက်က ပို့စ် တင်လျှင် အာဏာပိုင်တို့က ချက်ချင်းသိပြီးချက်ခြင်း အရေးယူဆောင်ရွက်နိုင်သကဲ့သို့ပင်ဖြစ်သည်” ဟုစွပ်စွဲထားသည်။
အိန္ဒိယနိုင်ငံ၏ လုပ်ရပ်မှာတချိန်ကသူတို့၏ ပို့စ်များကို လွတ်လပ်စွာတင်နိုင်သော ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်တို့ အတွက်များစွာအခက်အခဲဖြစ်သွားစေသည်။ ဥရောပတွင် လူတို့၏ ကိုယ်ပိုင်ဒေတာအချက်အလက်များကိုကာကွယ်ရန်ဥပဒေများကို ယမန် နှစ်က ပြဌာန်းခဲ့သည်။ တရုတ်ပြည်တွင် “Great Firewall” ဖြင့် ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်စသောကုမ္ပဏီကြီးများ၏ ၀က် ဆိုဒ်များကို ပိတ်ပင်ထားသည်။ ၂၀၁၇ ခုနှစ် နယူးရော့တိုင်းသတင်းစာကစာရင်းပြုစုရာတွင် နိုင်ငံ ၅၀ ကျော်တို့တွင် နှစ်များမကြာမီက အင်တာနက်ကိုထိန်းချုပ်နိုင်ရန် ဥပဒေများကို ရေးဆွဲထားသည်ဟုဆိုသည်။
အကျိုးရလဒ်မှာအင်တာနက်သည် Information Super Highway ဖြစ်ရမည့်အစား အကွဲကွဲအပြားပြား ဖြစ်ကုန်ရသည်။ အိန္ဒိယနိုင်ငံတွင်လူအများကို အမေရိကန်မှကုမ္ပဏီများအစား ပြည်တွင်းကုမ္ပဏီများ၏ Application ဆော့ဖ်ဝဲယားများကို သုံးစွဲရန် အားပေးနေသည်။ ShareChat သည် တိုင်းရင်းသားဘာသာစကားနှင့် ပြုလုပ်ရသောပရိုဂရမ်ဖြစ်သည်။ ဤ ဆော့ဖ်ဝဲယားမှာ အိန္ဒိယ၏ ဆဲလ်ဖုန်းကုမ္ပဏီပိုင်ရှင်က ငွေကုန်ကြေးကျခံ၍ပြုလုပ်ထားပြီး အိန္ဒိယဘာသာစကားနှင့် သုံးရ သည်။
အိန္ဒိယအနေဖြင့် အင်တာနက်ကိုထိန်းချုပ်နိုင်ရန် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးတရားရုံးကြောင့်သာမအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါအစိုးရက ထပ်မံကြိုးစားနေပြန်ပြီ ဖြစ်သည်။ အိန္ဒိယတွင်ရှိသော ဥပဒေတခုမှာ သုံးစွဲသူ ၅ သန်းကျော်ပါက ထိုနိုင်ငံခြား ကုမ္ပဏီအနေဖြင့် နိုင်ငံတွင်းတွင် ရုံးခွဲဖွင့်ရန်လိုအပ်ပြီး လုပ်ငန်းများလုပ်ကိုင်ရန် တာဝန်ခံတစ်ယောက်ယောက်ကိုခန့် ထားရမည်ဖြစ်သည်။
မိုက္ကရိုဆော့ဖ်နှင့် ဖေ့စ်ဘွတ်တို့အပြင် အခြားတစ်ဒါဇင်ကျော်မျှသော ကုမ္ပဏီများက တစ်ဦးချင်းအနေဖြင့်လည်းကောင်း အုပ်စုခွဲ၍သော်လည်းကောင်းး ဤအဆိုပြုချက်ကို တိုက်ခိုက်ကြသည်။ ထိုလုပ်ရပ်မှာ နည်းပညာအရ မဖြစ်နိုင်ဟူ၍ဆိုသည်။ သုံးစွဲသူတို့၏ဒေတာများကိုအသုံးပြုပုံမှာ အခြားနိုင်ငံများနှင့် များစွာကွာဝေးသွားစေမည်ဟု ပြောကြသည်။
တခြားနိုင်ငံများနှင့်အိန္ဒိယ၏လက်ရှိဥပဒေများအရ သုံးစွဲသူတို့က တင်လာသောဒေတာများကို မဖွယ်မရာ အကြောင်း အရာ များပါလာလျှင် ဖယ်ရှားသည်ဆိုပါက သဘာဝကျပါသည်။ “Safe Harbor” ဟုခေါ်သော မကောင်းသည့်အရာအတွက် ကုမ္ပဏီများတွင် တာဝန်မရှိသောသဘောပင်ဖြစ်ပါသည်။
ကုမ္ပဏီ၏ ဟိုက်ဒြာဘက်တွင် မွေးဖွားသော မစ္စတာနာဒဲလ်မှာ“Satya Nadells” မှာ အိန္ဒိယ၏ထင်ရှားသော စီးပွားရေးခေါင်း ဆောင်တစ်ယောက်ဖြစ်သည်။ သူက ၀ိုင်ဖိုင်နက်ဝပ်တွင်လည်းကောင်း၊ ဆိုရှယ်နက်ဝပ်များတွင်လည်းကောင်း၊ လောင်း ကစားခြင်းဆိုင်ရာများ မပါဝင်စေရဟု သတ်မှတ်ရန်မဖြစ်နိုင်ကြောင်း၊ ထိုအရာများမပါဝင်ရအောင်ကြိုးပမ်းရာတွင် ငွေကုန် ကြေးကျ လွန်စွာကုန်ကျမည်ဟု ဆိုသည်။
အခြားကုမ္ပဏီများကလည်း အလားတူကန့်ကွက်လွှာများ အစိုးရထံတင်ပြနေကြသည်။
လွန်ခဲ့သောအပတ်အတွင်းက ဖေ့စ်ဘွတ်ပိုင် “WhatsApp” မှာသုံးစွဲသူ ၂၅၀ သန်းမျှရှိသည်။ ၎င်းက အင်တာနက်တွင် ပြန့် ပွားနေသည့် ဖိုင်တိုင်းလိုလိုကို ထိန်းချုပ်ရန်မဖြစ်နိုင်ကြောင်း၊ လူတို့၏ တစ်ကိုယ် ရေလွတ်လပ်ခွင့် (Privacy) နှင့် ဤဆော့ ၀ဲလ်၏ “Core Value” ကိုမထိခိုက်စေဘဲဖိုင်ပို့သူကို ဖော်ထုတ်ပေးရမည်ဆိုခြင်းမှာမဖြစ်နိုင်ပါဟု ဆိုသည်။
ဂူဂဲလ်နှင့် ဖေ့စ်ဘွတ်ကမူ သူတို့အဖွဲ့များအနေဖြင့် ကန့်ကွက်လွှာတင်သွင်းထားပြီးပြီဟုဆိုခြင်းမှအပ ၎င်းတို့နှင့်ပတ်သတ်၍ ဖွင့်ပြောရန်ငြင်းဆိုသည်။ တွစ်တာကမူ လင်္ကျာယိမ်းမူဝါဒပါစာသားများကို ဆင်ဆာလုပ်သည်ဟု စွပ်စွဲလိုက်ပြီး ၎င်းက လက်ရှိဥပဒေကို ပြင်ဆင်မည်ဆိုပါက လွတ်လပ်စွာဖော်ထုတ်ခွင့်ကို မထိခိုက်စေရန်လိုသည်ဟုပြောသည်။
အိန္ဒိယက ယမန်နှစ်ကစတင်၍ ကုမ္ပဏီများအတွက်လိုက်နာရန်ခက်ခဲသောဥပဒေများကို ရေးခြင်းအားဖြင့် လူဦးရေ ၁.၃ ဘီလီယံမျှရှိသောနိုင်ငံတွင် လွတ်လပ်စွာလုပ်ငန်းလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းသွားစေတော့မည်ဖြစ်သည်။ အိန္ဒိယတွင် အင် တာ နက်သုံးသူများ တစ တစ ပိုမိုများပြားလာလျက်ရှိသည်။ ဥရောပ ပုံစံအတိုင်းကုမ္ပဏီများအနေဖြင့် အသုံးပြုသူတို့၏ ဒေ တာများကို စိတ်တိုင်းကျစီမံခန့် ခွဲခွင့်ကို ကန့်သတ်ခြင်းပါလျင် လုံလောက်ပြီဟုဆိုသည်။
အစိုးရအနေဖြင့် ကုမ္ပဏီကြီးများနှင့် လွန်ခဲ့သော ဒီဇင်ဘာလက ဤအကြောင်းများကို တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်။ လွန်ခဲ့ သောနှစ်များက WhatsApp တွင်သတင်းမှားများပြန့်လွှင့်ခဲ့ပြီးအပြစ်မဲ့သူ ၂ ဒါဇင်မျှ လူတို့ကို ဒေါသထွက်နေသော လူအုပ် ကြီးက သတ်ဖြတ်မှုပေါ်ပေါက်ခဲ့၏။ ထိုအဖြစ်မျိုးကို အစိုးရအနေဖြင့် မကြုံလိုတော့ပေ။
အိန္ဒိယရွေးကောက်ပွဲကော်မရှင်ကလည်း ဆိုရှယ်မီဒီယာများကိုမဲမပေးမှီ ၄၈ နာရီမျှပိတ်ထားရန် အဆိုပြုချက်ကို စဉ်းစား လျှက်ရှိသည်။ အိုင်တီဝန်ကြီးဌာနသို့စာရေးသားရာတွင် ရွေးကောက်ပွဲ ဥပဒေများနှင့် မကိုက်ညီသောစာများနှင့် ကော်မရှင် ၏အမိန့်ပေးစာများကို အင်တာနက်တွင်မပါဝင်စေရန် အကြံပြုထားသည်။
ကိုသန်းလွင်
Ref: India Proposed Chinese Style Internet Censorship, Vindu Goel , New York Times February 14.
Comments