ငဇ ● ဗလာဝင်ရိုး


ငဇ ● ဗလာဝင်ရိုး
(မိုးမခ) ဧပြီ ၇၊ ၂၀၁၉
လမင်း ... လို့ ရေးလိုက်ရင်
ခင်ဗျားမျက်လုံးထဲမှာ သူ့ကိုမြင်လိုက်ပြီ
လေညင်းဆို အေးကြောင်း ခင်ဗျားခံစားလိုက်ပြီ
ပန်းပွင့် ... လို့ပြောလိုက်တာနဲ့
မွှေးတယ်လို့ ခင်ဗျားယုံကြည်ထားပြန်တယ်
ယုံကြည်ချက်ကြီး ခိုင်မာတာ
ကောင်းတယ်လို့ ကျွန်တော်မပြောခင်
ခင်ဗျားအိတ်ကပ်ကြီးလည်း ဆပ်ပြာပူဖောင်း
ကျွန်တော့် ရင်ဘတ်ကြီးလည်း
ပါးစပ်ဟောင်းလောင်း
ငလျင်နေ့များဆီ သေနတ်ကိုချိန်ဖို့
လက်ကို ပုပ်စော်မနံအောင် ဖြတ်ပစ်မလား
လျောင်း
ထိုင်
ရပ်
သွား
ရေး။


ငဇ

Comments