တိုင်းရင်းသားပၝတီမဵားက အေူခခံဥပဒေ မူုကမ်းကို ဆန့်ကဵင်ေုကာင်း

အခြေခံဥပဒေမူကြမ်းကို ပြည်သူက ဆန့်ကျင်ကြရန် တိုင်းရင်းသားပါတီများက အလေးအနက်တိုက်တွန်း၊ စစ်အစိုးရမဲစာရင်းကို စောင့်ကြည့်ရေး ပြင်ဆင်စေလို
မိုးမခ အထောက်တော် ၀၀၉

ဧပြီ ၃၀၊ ၂၀၀၈

ပြည်တွင်းရှိ ဒီမိုကရေစီရေး တိုက်ပွဲဝင်မျိုးဆက်သစ် အစုအဖွဲ့များက ကန့်ကွက်မဲထည့်ကြရေး၊ ကြက်ခြေခတ်ကြရေး အရှိန်အဟုန်မြင့် ဆောင်ရွက်နေချိန်၊ စစ်တပ်ကလည်း ကန့်ကွက်မဲ လှုပ်ရှားမှုများကို အကြမ်းဖက်ပြီး မင်းမဲ့စရိုက် တိုက်ခိုက်နေချိန်၊ ပြည်သူလူထုကိုလည်း ထောက်ခံမဲထည့်ရေး စစ်အစိုးရ အဖွဲ့ဝင်များ၊ အစိုးရ သတင်း စာနယ်ဇင်းနှင့် အလိုတော်ရိများက အကြီးအကျယ် ခြိမ်းခြောက် ဖိအားပေးနေချိန်တွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများက တခဲနက်စုစည်းကြလျက် ပြည်သူများသို့ တိုက်တွန်းနှိုးဆော်ချက် တရပ်ကို ဧပြီလ ၃၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

စစ်အစိုးရ အတည်ပြုမည့် တရားမ၀င်သော အခြေခံဥပဒေမူကြမ်းကို ပြည်သူက ဆန့်ကျင်ကြရန်၊ ကန့်ကွက်သည့်ကြားမှ စစ်အစိုး မဲစာရင်းများ ပြုစုနေချိန်တွင် မဲဆန္ဒရှင် ပြည်သူအားလုံးက ၀ိုင်းဝန်းစောင့်ကြည့်ကြရန် အလေးအနက်တိုက်တွန်းထားသည်ကို တွေ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အလားတူ သဘောထားရှိကြောင်း သတင်းဌာနများတွင် သတင်းများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ တိုင်းရင်းသားပါတီများက စုစည်းညီညွတ်သည့် ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်ကို တွေ့ရပါသည်။ သည်နေရာက သွားဖတ်ကြည့်နိုင်ပါသည်။

Comments