2.jpg)
သြရသ
ဧပြီ ၂၃၊ ၂၀၀၈
လျှပ်စစ်မီးဖိုက
အသက်ရှုရပ်နေ။
သစ်ပင်အသေတွေက
ရဲရဲတောက်လို့။
ရက်စွဲလွန် ထမင်းကြမ်းတွေကို
ပြန်လည် အသက်သွင်း
လည်ပင်းထဲ ဇွတ်ထည့်။
မျက်စောင်းထိုး လက်မဖြန့်ခင် ...
ကျေးဇူးရှင်ကလေးတွေ အိပ်ရာနိုး
မုန့်ဖိုး၊ မုန့်ဖိုးလို့ မအော်ခင် ...
တိုးတိတ် ထွက်ခွာ။
၅၀ တန် တရွက် ...
ငါ့လက်မှာ အသက်မထွက်ခင်
ရော့ … စပယ်ယာ ...
မဲရုံရောက်ရင် ဆင်းမယ်
ခတ်တင်းတင်းပေါ့။
ကြက်ခြေခတ်။
မဲရုံစောင့်ကို ကြက်ခြေခတ် ...
မဲပုံးထောင်သူကို ကြက်ခြေခတ် ...
ကောင်းကင်ပေါ်မှာ ကြက်ခြေခတ်။ ။
Comments