မြစ်ဝကျွန်းပေါ်သို့သွားရန် နိုင်ငံခြားသားဝန်ထမ်းများ စောင့်နေရဆဲ
AP သတင်းဌာန
မေ ၃၁၊ ၂၀၀၈
AP သတင်းဌာန
မေ ၃၁၊ ၂၀၀၈
မြန်မာပြည်တွင် လေဘေးသင့်သူများအတွက် နေထိုင်၊ စားသောက်ရေးသာမက အခြားအကူအညီများလည်း လိုအပ်နေသည်။ ရေသန့်စင်ရေးမှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအစီအစဉ်များအထိ ကယ်ဆယ်ကူညီရေးဝန်ထမ်းများ လိုအပ်နေခြင်းဖြစ်သည်။ ယခုအချိန်အထိ အဆိုပါ ကျွမ်းကျင်လုပ်သားများမှာ မုန်တိုင်းကြောင့် ကြေမွသွားသော မြစ်ဝကျွန်းပေါ်ဒေသသို့ ချည်းကပ်ခွင့်မရသေးပေ။
ကုလသမဂ္ဂ ယူနီဆက်ဖ် အဖွဲ့၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ နှင့် အခြားအဖွဲ့များ ၀န်ထမ်းအများအပြား ရန်ကုန်တွင် ထိုင်နေကြရသည်။ ၎င်းတို့အထဲတွင် ဒေသခံဝန်ထမ်းများကို ရေသန့်စင်ရေး သင်တန်းပေးမည့် အင်ဂျင်နီယာများလည်း ပါဝင်သည်။
အစိုးရတွင် ကုန်တင်လေယာဉ် ၁၅ စီးသာ ရှိပြီး အစားအစာ တန်ပေါင်းများစွာကို သယ်နိုင်မည်မဟုတ်၊ ထို့ပြင် ရဟတ်ယာဉ်အဟောင်း ၄၀ ခန့်ရှိပြီး အများစုမှာ အလုပ်မဖြစ်ဟု ကျွမ်းကျင်သူများက ဆိုသည်။
နိုင်ငံခြား အဖွဲ့များတွင် ကုန်တင်ကား၊ ရဟတ်ယာဉ်တို့သာမက ကျွမ်းကျင်ဝန်ထမ်းများလည်း ပါဝင်သည်၊ ထိုဝန်ထမ်းများမှာ ၂၀၀၄ခုနှစ် အာရှနိုင်ငံများ ဆူနာမီငလျှင်၊ ၂၀၀၅ ခုနှစ် ပါကစ္စတန်ငလျှင်တို့တွင် ကယ်ဆယ်ကူညီရေးအတွေ့အကြုံရှိခဲ့သူများဖြစ်သည်။
Comments