ပြည်တွင်းကဘလော်ဂါတို့ရဲ့  အသံ

ဘယ်သူတွေ ဘာများ ဘလော့ဂ်နေသလဲ
ပြည်တွင်းကဘလော်ဂါတို့ရဲ့အသံ
ကိုမိုး (ပွင့်သစ်)

ဇွန် ၁၇၊ ၂၀၀၈
၁။ Beyond Rangoon Project

This firiendly captain would not let us pass the last 2-3 miles to Letkokkon until he got permission from higher authority, who he was unable to reach. He did offer to appropriate our supplies though, to make sure they were distributed. We politely declined.

(လက်ခုပ်ကုန်းမရောက်ခင် ၂မိုင် ၃မိုင်လောက်အလိုမှာ ဆက်မသွားနိုင်ဘဲ ကိုယ်တို့ တားမြစ်ခံရတယ်။ သဘောကောင်းတဲ့ ဗိုလ်ကြီးက သူ့အထက်လူကြီးဆီ ဆက်သွယ်ပြီး ခွင့်ပြုမိန့် တောင်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ ကိုယ်တို့ လှူဒါန်းမယ့်ပစ္စည်းတွေ ထားခဲ့ဖို့  နဲ့  ဒုက္ခသည်တွေဆီ သေချာပေါက် ရောက်အောင် ပို့ပေးမယ်လို့  သူက ကမ်းလှမ်းပေမဲ့ ကိုယ်တို့ ယဉ်ကျေးစွာပဲ ငြင်းဖြစ်ခဲ့တယ်။)

(photo: http://www.flickr.com/photos/beyondrangoonproject/2519732571/ )


More police along the road. In some areas we saw signs that said "Don't feed the villagers. It will make them lazy and corrupt their character."
(photo: http://www.flickr.com/photos/beyondrangoonproject/2548200204/ )

၂။ စိတ်ဓာတ် တော်တော်ကျနေတယ်
http://nyilynnseck.blogspot.com/
ကွန်နက်ရှင် သိပ်မဆိုးလှပေမယ့် အပ်လုဒ်တွေကို ကန့်သတ်ထားတယ်လို့ ထင်ပါတယ်။ ပုံတွေ တင်မရဘူး။ ဘလော့ဂါ အဘန်းခံထားရတယ်။ ပီကာဆာလည်း အဘန်းခံထားရတယ်။ ဖလစ်ကာလည်း အဘန်းခံထားရတယ်။ အဒိုဘီရှဲလည်း အဘန်းခံထားရတယ်။ ဖိုတိုဘက်ကပ်လည်း ကောင်းကောင်း အလုပ်မလုပ်ဘူး။ တော်တော်ကို စိတ်ဓာတ်ကျနေတယ်။ ကိုယ့်အဖွဲ့က လုပ်နေတဲ့ အလုပ်တွေကို ဘယ်လို မှတ်တမ်းတင်ရမလဲ။ ဘယ်လို ပြရမလဲ။ ဒီလိုသာ ဆက်လုပ်နေရင် မြန်မာပြည်မှာ အွန်လိုင်းနဲ့ ဘယ်တော့မှ အလုပ်လုပ်လို့ ရတော့မယ် မထင်ဘူး။ ဒီလိုပဲ အွန်လိုင်း အလုပ်လုပ်တဲ့ ကုမ္ပဏီတွေလည်း စီးပွားပျက်မှာပဲ။ ဒါမျိုး ပိတ်ပင် တားဆီးတာဟာ အနှောက်အယှက် တစ်ခု ဖြစ်ပေမယ့် မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး ဆိုတာတော့ သက်ဆိုင်တဲ့သူတွေ သိဖို့ကောင်းတယ်။ စိတ်ဓာတ် တော်တော်ကျနေတယ်။
ညီလင်းဆက်

၃။ လုပ်အားပေးများအလိုရှိသည်
http://phyusin-myitta.blogspot.com
မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက် ကူညီလုပ်အားပေးလိုသောသူများ အလိုရှိနေပါသည်။လပွတ္တာပတ်ဝန်းကျင်ကျေးရွာများအထိ သွားရောက်၍အကူအညီပေးနေသော အဖွဲ့များ နှင့် ပူးပေါင်း ဆောင်ရွက်ရန်လူငယ်များနှင့် ဆရာဝန်များ လိုအပ်နေပါသည်။ မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သတ်မှုမရှိပါပဲ နိုင်ငံရေး ကင်းရှင်းသောအဖွဲ့အစည်းများနှင့်အတူ မွန်မြတ်သော ပရဟိတ လုပ်ငန်းများကို အခါအခွင့်သင့်ခိုက် သွားရောက်လိုသူများအနေဖြင့် ဖြူစင်မေတ္တာလူငယ်ပရဟိတအဖွဲ့ (http://phyusin-myitta.blogspot.com)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ June 15, 2008



(photos: http://phyusin-myitta.blogspot.com/ )

၎။ မြန်မာနေးတစ်ကအသံ
http://july-dream.blogspot.com/2008/06/truth-behind-real-news.html

ယာယီတဲလိုက်ထိုးရတယ်ဆိုတာ ပြောရင်တော့ လွယ်လွယ်လေးဗျ။ တဲတွေ စက်လှေ နဲ့ တင်သွား။ ရောက်တဲ့ရွာမှာ ချထိုး။ နော့။ တကယ်ထိုးတော့ အဲဒီလိုမဟုတ်ပါဘူး။

……………။ အဲဒီထိုးသမျှစာရင်းကို စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ ကက(ကြည်း)၊ န.တ.ခ၊ ဆိုင်ရာကွပ်ကဲရေးရုံးနဲ့  မ.ယ.က ကို သတင်းပို့ ရပါသေးတယ်။

၅။ ပီကေ့အသံ
http://pikay.myanmarbloggers.org/
နာဂစ်မုန်တိုင်း၏ နှိပ်စက်မှုကြောင့် အကျွန်ုပ်၏ ကိုးနတ်ရှင်ကြီး ပြိုလဲသွားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားသော်ငြားလည်း သက်ဆိုင်ရာမှ မသက်ဆိုင်သလို နေနေပါသဖြင့် တစ်လကျော် ကြာလာသော်လည်း အခြေအနေ မထူးခြားဘဲ ဖြစ်နေရပါသည်။ ထို့ကြောင့် အကျွန်ုပ်၏ သူငယ်ချင်းဘော်ဒါ၊ စာဖတ်ပရိသတ်များအား အားနာသမှုဖြင့် ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုသည်မှာ "ခေတ္တနားခွင့်ပြုပါ" လို့ ..... ။

Comments