ကျေးရွာပေါင်း ၅၀၀ တွင် ကယ်ဆယ်ရေးစခန်းဆောက်မည်
ဆင်ဟွာသတင်းဌာန
ဇွန် ၁၅၊ ၂၀၀၈
မြန်မာပြည်တွင် ဆိုင်ကလုန်း မုန်တိုင်း ယာယီကယ်ဆယ်ရေးစခန်းများကို ကျေးရွာပေါင်း ၅၀၀ တွင် တည်ဆောက်သွားမည်ဟု ဂျာနယ်တစ်စောင်တွင် ယမန်နေ့က ဖော်ပြလိုက်သည်။အဆိုပါဆောက်လုပ်ရေးစီမံကိန်းအတွက် ဒေါ်လာ ၁၅ သန်း ကုန်ကျမည်ဖြစ်သည်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(MES)၊ မြန်မာ့ဘူမိသိပ္ပံအသင် (GSS) တို့က ပူးတွဲ တည်ဆောက်သွားမည်ဟု GSS တာဝန်ရှိသူများကို ကိုးကားပြီး Voice ဂျာနယ်က ဆိုသည်။ အလားတူ စီမံကိန်းများ ရှိသော ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယတို့မှ ပညာရှင်တို့နှင့် နည်းပညာရေးရာများကို ဆွေးနွေးတိုင်ပင်မည်ဟု ဆိုသည်။ ကျေးရွာတိုင်းတွင် ခိုလှုံရန်နေရာတစ်ခု၊ သောက်သုံးရေဖြန့်ဖြူးရေးစနစ်၊ နေရောင်ခြည်စွမ်းအင်အသုံးပြုမှု၊ မုန်တိုင်းဒဏ်ခံနိုင်စွမ်းရှိသည့်အဆောက်အဦး (cyclone-resistant apartments) စသဖြင့် ပါဝင်မည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယမန်နေ့က လပွတ္တာမြို့နယ်တွင် တွေ့ရသော မြင်ကွင်းနှစ်ခု။
(photos: AFP)
Comments