Danish art group ridicules Nay-Pyi-Taw

ဒိန်းမတ်အနုပညာရှင်အဖွဲ့ နေပြည်တော်ကို ဒုတိယအကြိမ်ပညာပြ
DPA သတင်းဌာန

ဇွန် ၈၊ ၂၀၀၈

ဒိန်းမတ်အနုပညာအဖွဲ့ Surrend က အင်တာနက်ဝက်ဆိုက်တစ်ခု ပြုလုပ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို သရော်လှောင်ပြောင်လိုက်သည်။

မြန်မာဒေါ့ကွန်နှင့် ဆင်တူယိုးမှား ၀က်ဆိုက်တစ်ခုဖြစ်ပြီး မြန်မာဒေါ့ကွန်တွင် ‘a’ တစ်လုံးထပ်ထည့်ကာ http://www.myanmaar.com/ ဟု အမည်ပေးထားခြင်းဖြစ်သည်။ စစ်အစိုးရအပေါ် ၎င်းတို့၏ သရော်ချက်များဖြင့်လည်း မွမ်းမံထားသည်။

အဆိုပါ အင်တာနက်စာမျက်နှာတွင် နာဇီခေါင်းဆောင် ဟစ်တလာ၏ရုပ်ပုံကိုလည်း ထည့်သွင်းထားသည်။ အချိတ်အဆက်ခေါင်းစဉ်များတွင်လည်း နှိပ်စက်ညှင်းပန်းခြင်း၊ အနုပညာနှင့်အကြမ်းဖက်မှု၊ လူမှုဘ၀-အဂတိလိုက်စားခြင်း၊ စိစစ်ကန့်သတ်မှု စသဖြင့် တွေ့ရသည်။

“ဒီလုပ်ရပ်ကြောင့် အာဏာရှင်အစိုးရက ဒေါသထွက်မယ်၊ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင်၊ ပြီးတော့ မြန်မာပြည်သားတွေက ရယ်မောကြမယ်ဆိုရင်တော့ ဒီဝက်ဆိုက်က တာဝန်ကျေပါပြီ” ဟု Surrend အဖွဲ့ ပူးတွဲတည်ထောင်သူ Pia Bertelsen က ပြောလိုက်သည်။


စင်ပြိုင်မြန်မာဒေါ့ကွန်


မြန်မာဒေါ့ကွန်ပေါ်က သရော်ချက်တစ်ခု

ပထမအကြိမ် ပညာပေးစဉ်က အထက်ပါကြော်ငြာကို ထည့်ရန် မြန်မာတိုင်းမ်စ် ဂျာနယ်ထံမှ အကူအညီကို ယူခဲ့သည်။ (အဆိုပါသတင်းကို ဖတ်ရန် http://phyuphyuthin.blogspot.com/2007/07/hidden-message-for-king-thanshwe-d.html သို့ သွားပါ။)

Comments