soe myat nanda and phyo gyi

စိုးမြတ်နန္ဒာနှင့် ဖြိုးကြီး အိမ်ထောင်သက် ၂ နှစ်ကြာခဲ့
မိုးမခအထောက်တော် အမှတ် ၂
ဇွန် ၂၈၊ ၂၀၀၈

ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်နန္ဒာနှင့် အဆိုတော်ဖြိုးကြီးတို့ ကွာရှင်း ပြတ်စဲပြီးဖြစ်ကြောင်း ကြေးမုံသတင်းစာ ကြော်ငြာတခုတွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၅ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြီး ၂ နှစ်အကြာတွင် တရားဝင် ကွာရှင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ကြော်ငြာက ဆိုသည်။ ကွာရှင်းပြီး ၇ လ အကြာတွင် စိုးမြတ်နန္ဒာ၏ရှေ့နေက သတင်းစာတွင် ကြော်ငြာလိုက်သောကြောင့် လူသိရှင်ကြား ဖြစ်သွားခြင်းဖြစ်သည်။ စိုးမြတ်နန္ဒာကို စိတ်အနှောင့်အယှက်မပေးရန် အဆိုတော်ဖြိုးကြီးအား အသိပေး တားမြစ်သည့်ကြော်ငြာဖြစ်သည်။

ဇူလိုင်လအတွက် ကြိုတင်ထုတ်ဝေသော ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဖိုးဝ အင်တာနက်စာမျက်နှာတို့တွင်လည်း အဆိုပါသတင်းကို ဖော်ပြထားသည်။ သို့သော်လည်း သတင်းစာကြော်ငြာတွင် ပါရှိသည့်အချက်များကိုသာ ရေးသားထားကြခြင်းဖြစ်သည်။ ရန်ကုန်မြို့ထုတ် မဂ္ဂဇင်း၊ ဂျာနယ်များတွင် နာမည်ကျော် ငွေကြယ်ပွင့်တို့၏ အိမ်ထောင်ရေးအရှုပ်အရှင်းများကို ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့ မရှိပေ။

မင်္ဂလာဆောင်ဓာတ်ပုံ (myanmarweddings dot com)

၁၃.၆.၂၀၀၈ နေ့ထုတ် ကြေးမုံသတင်းစာမှကြော်ငြာ

Comments