ဓာတ်ပုံ သတင်း၊မိုးမခ စေတနာရှင်တဦး
ဇူလိုင် ၂၇၊ ၂၀၀၈
သူတို့အိမ်လေးက အခု ပြန်ဆောက်ပြီး
နောက်တပုံကတော့ UNHCR ပေးထားတဲ့ ရွ
နောက်တပုံကတော့ ကွမ်းခြံကုန်းက လေဘေးကယ်ဆယ်ရေး
အခုတော့လည်း အားလုံးးဟာ နေမြဲပါပဲ။ လူထုဘ၀က ဘာမှ တိုးတက် မလာပါဘူး။
ဒီမှာကတော့ အင်ဂျီအိုအဖွဲ့တခုက ဘုန်းကြီးကျောင်းမှာ အလှူပစ္စည်းတွေ လာဝေတယ်။ ဒုက္ခသည်တွေကို ဆင့်ထားလို့ သူတို့က မိုးရေထဲမှာ လာစောင့်နေကြတယ်။ ကလေးတွေက အစ၊ သက်ကြီးရွယ်အိုတွေ အဆုံး။
သူတို့ ဒီလိုလာပြီး တန်းစီမစောင့်ရင် အလှူမရပါ။ အဲသည် အင်ဂျီအိုကတော့ ဘုန်းကြီးကျောင်းထဲက ထွက်မလာသေးပါ။ သူတို့တတွေ နာရီပေါင်းများစွာ သည်လိုပဲ စောင့်ပြီး အလှူခံရပါတယ်။
ဒီမြင်ကွင်းတွေက နေ့စဉ်ပဲရှိနေတယ်။ အလှူရှင်တွေကို နိုးဆော်နေကြရတယ်။ ဆက်ပြီး လှူကြဖို့။ လှူနေတဲ့ အင်ဂျီအိုတွေကိုလည်း စိတ်မငြိုငြင်သွားစေချင်ပါ။ သူတို့တွေ ရွာတွေဆီ တကယ်သွားပြီး လှူတန်း ပေးကြစေဖို့ပေါ့။
မိုးမခ ပရိသတ်ကြီးကို ပြောလိုက်ပါ။ ကန်တော့ဆွမ်းတွေနဲ့တော့ မြန်မာပြည်သားတွေ ဆင်းရဲတွင်းထဲက တက်လာနိုင်ကြမှာ မဟုတ်ပါ … လို့။
Comments