Burmese national detained over forged travel documents in Malaysia


ပတ်စ်ပို့အတုကိုင်ဆောင်သူ မြန်မာပြည်သားတဦး မလေးရှားတွင် အဖမ်းခံရ

DPAသတင်းဌာန
ဇူလိုင် ၂၇၊ ၂၀၀၈

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအရာရှိများက မြန်မာပြည်သား၁ ဦး နှင့် မလေးရှားနိုင်ငံသားလေဆိပ်ဝန်ထမ်း ၃ဦးကို ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းတို့သည် နိုင်ငံခြားသားများကို ပတ်စ်ပို့အတု ပြုလုပ်ပေးသည့် ဂိုဏ်းဝင်များဖြစ်ဖွယ်ရှိကြောင်း သိရသည်။

ယခုလဆန်း ၅ ရက်နေ့က မြန်မာပြည်သား၁ ဦး နှင့် ၀န်ထမ်း ၁ ဦး စင်္ကာပူ ချန်ဂီလေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ ကျန်ဝန်ထမ်း၂ဦးမှာ လွန်ခဲ့သည့် ၂ ရက်က ပီနန်ပြည်နယ်လေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါဂိုဏ်းအဖွဲ့မှ အရေးပါသော မာမက် ဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ အီရှက်မိုဟာမက်(Ishak Mohamed)က ပြောပြသည်။

“လေဆိပ်ဝန်ထမ်းတချို့က မြန်မာပြည်သား တယောက်ကို ပီနန်လေဆိပ်ကနေ နိုင်ငံထဲ ၀င်လာလို့ရအောင် မလေးရှားပတ်စ်ပို့ ထုတ်ပေးတယ်”ဟု ၎င်းက News Straits Times သတင်းစာသို့ ပြောပြသည်။

ပတ်စ်ပို့အတုအတွက် မလေးရင်းဂစ် တသောင်း (၂၉၄၁ ဒေါ်လာ)၊ လေယာဉ်ပေါ်တက်ခွင့်လက်မှတ် (boarding pass)အတွက် ရင်းဂစ် တထောင် (၂၉၄ ဒေါ်လာ) ရယူခဲ့ဖွယ်ရှိသည်ဟုဆိုသည်။

မလေးရှားဥပဒေအရ ပတ်စ်ပို့အတု ပြုလုပ်ရာတွင် ပါဝင်သူများကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်လေ့ရှိသည်။

Comments