Burmese Writer, Maung Ye Naing pssed away at 69


စာရေးဆရာ မောင်ရဲနိုင် (၆၉ နှစ်) ကွယ်လွန်ပြီ

မိုးမခ

ဇူလိုင် ၂၉၊ ၂၀၀၈

၁၉၉၀ နှောင်းပိုင်း ဘာသာပြန်စာအုပ်များ ရေးသားခဲ့သူ၊ ၁၉၆၂ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု မျိုးဆက် တဦးဖြစ်သူ ဦးရဲမြင့် ( စာရေးဆရာ မောင်ရဲနိုင်) ဇူလိုင်လ ၁၅ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။ စာရေးဆရာမှာ မေလ နာဂစ်မုန်တိုင်းအပြီး ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်း ခရီးက အပြန် ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတင်ကုသထားစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာအတွက် အမှတ်တရထုတ်ဝေသော လက်ကမ်းစာစောင်ကို ပူးတွဲတင်ဆက်လိုက်ပါသည်။

Comments