an exhibition of children


သုဝဏ္ဏဘူမိပန်းချီပြပွဲ ကလေးများကို ပွဲထုတ်မည်

မိုးမခအထောက်တော် ၂
ဇူလိုင် ၂၇၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာ့အနုပညာပြခန်းဖြစ်သည့် သုဝဏ္ဏဘူမိတွင် ကလေးပန်းချီပြပွဲတခုကို လာမည့် ၆ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ဟု သိရသည်။

ပြပွဲတွင် စကော့လန်နိုင်ငံမှ မူလတန်းကျောင်းတကျောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာပြည်သားများ ဖွင့်လစ်ထားသည့် လှည်းဘီးမူလတန်းကျောင်း စသည့် ကျောင်း၂ကျောင်းမှ ကလေးငယ်များ၏ လက်ရာများ ပါဝင်မည်ဟု ဆိုသည်။

ယင်းပန်းချီပြပွဲ ဖွင့်ပွဲကိုသြဂုတ်လ ၈ ရက်နေ့ ည ၇နာရီတွင် စတင်မည်ဖြစ်သည်။ ဖွင့်ပွဲတွင် နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေခြင်း၊ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတို့၏ စာပေလက်ရာများကို ဖတ်ကြားခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရသည်။

ပြပွဲကို သြဂုတ်လ ၆ရက် မှ ၁၈ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

Comments