one more activist passes away in prison

ကိုရာပြည့် အကျဉ်းကျခံခဲ့ရသော အိုးဘိုထောင် (photo: Michael Humbert)

ထောင်အနှစ်၂၀ ကျခံနေရသူ အိုးဘိုထောင်တွင် ကွယ်လွန်
ဘီဘီစီ (မြန်မာဌာန)

ဇူလိုင် ၂၀၊ ၂၀၀၈

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရာပြည့်ဟာ ဇူလိုင်လ ၁၈ ရက်နေ့က အိုးဘိုထောင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

အဖ ဦးခင်မောင်စုရဲ့သား ဖြစ်ပြီး၊ သူ့ရဲ့အမည်အပြည့်အစုံကတော့ ကိုရာပြည့် (ခေါ်) ကိုခင်မောင်တင့် (ခေါ်) ထိပ်တင်မောင်မောင်ရာပြည့် ဖြစ်ပါတယ်။ ကိုရာပြည့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတွေ အပြောအရတော့ အစာအိမ်ရောဂါ၊ အသည်းရောဂါ နဲ့ အဆုတ်မကောင်းလို့ ခဏခဏ အဆုတ်ကနေ ရေဖောက်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ကို ထောင်အာဏာပိုင်တွေက အပြင်ဆေးရုံမှာ ကုသခွင့် မပေးဘဲ ထောင်ဆေးရုံမှာပဲ ကုသခွင့်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ထောင်ဆေးရုံမှာ တလကျော်လောက်ပဲ ဆေးကုသခံယူခဲ့ပြီး ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

ကိုရာပြည့်ဟာ ၈၈ ကျောင်းသားလှုပ်ရှားမှုတွေကတည်းက ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF မြောက်ပိုင်း)ကို တောခိုခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ အလင်းဝင်ခဲ့ပါတယ်။ နိုင်ငံရေးဆက်လက်လှုပ်ရှားမှုတွေ ရှိခဲ့တဲ့အတွက် ၁၉၉၈ ဇွန်လထဲမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၂၄-က အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ ထောင်အနှစ်၂၀ ကျခံခဲ့ရတာဖြစ်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က နေ့ချင်းပြီးပဲ ကြာနီကန်သုဿာန်မှာ သဂြိင်္ုဟ်လိုက်တယ်လို့လည်း သိရပါတယ်။

Comments