မြန်မာပြည်ရှိကူညီရေးလုပ်ငန်း စိန်ခေါ်မှုများရှိဆဲဟု ကုလအဖွဲ့ပြောဆို
UPI သတင်းဌာန
သြဂုတ် ၅၊ ၂၀၀၈
ဆိုင်ကလုန်းမုန်တိုင်းတိုက်အပြီး ၃ လအကြာမြန်မာပြည်တွင် ကူညီရေးပစ္စည်း ဖြန့်ဝေခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းများမှာ စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ယနေ့ ပြောကြားလိုက်သည်။
“အကူအညီပေးရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ဒေသခံနဲ့နိုင်ငံတကာ အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မုန်တိုင်းသင့်ဒေသမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ တွေ့ခဲ့ရပါပြီ။ ဒါပေမယ့်လည်း လေဘေး ဒုက္ခ တကယ်ခံခဲ့ရတဲ့နေရာတွေမှာ အခုချက်ချင်း သွားရောက် ဆောင်ရွက်ရမယ့် အရေးတကြီးလုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်” လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာပြည် ဆိုင်ရာ တာဝန်ခံတဦးဖြစ်သူ Daniel Baker က ကြေညာချက်တစောင်မှာ ပြောကြားထားခြင်းဖြစ်သည်။

Comments