၈ လေးလုံးကို မမေ့သူများထဲတွင် စစ်အစိုးရလည်း ရှေ့ဆုံးက ပါဝင်
မိုးမခ အထောက်တော် (ရန်ကုန်)
သြဂုတ် ၄၊ ၂၀၀၈
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ နီးကပ်လာသည့်နှင့်အမျှ ရန်ကုန်မြို့တွင်အာဏာပိုင်များက လုံခြုံရေးများ တိုးမြှင့်ချထားသည်ကို တွေ့နေရသည်။ အဓိက နေရာများ ၊ လမ်းမများတွင် လုံခြုံရေးများကို
ထို့အပြင် ကျိုက်ဝိုင်းဘုရားလမ်း၊ မြေနီကုန်း ၊ လှည်းတန်း စသည့် စည်ကားရာနေရာများတွင်လည် လုံခြုံရေးများချထားသည်ကို မြင်
"သမီးတို့ မြောက်ဥက္ကလာပမှာလည်း ဒီမနက်က တချို့
ဟု မြို့ထဲသို့ အလုပ်လာဆင်းသူ ကုမ္ပဏီ ၀န်ထမ်းတဦးက မိုးမခသို့ ပြောပြသည်။
လက်နက်ကိုင် လုံထိန်းများ အပြည့်ချထားသည် သာမက ရဲကားများကလည်း မြို့ကို လည့်ပတ်စစ်ဆေးလျက်ရှိရာ အစိုးရက မည်သည့် ဆူပူမှုမျိုးကိုမဆို လက်ဦးမှု ရယူနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပုံရသည်
ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှ
ကောလဟလများအလိုအရ ၈ လေးလုံး နှစ်ပတ်လည်တွင် လူထုအုံကြွမည်ဟု ဖြစ်ရာ၊ စစ်အစိုးရက ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လာသည်ကို ကြည့်ပြီး လူထုက ပို၍ စိတ်ဝင်တစား ဖြစ်လာကြသည်။
"၈ လေးလုံးကို မမေ့တဲ့အထဲမှာ စစ်တပ်က ထိပ်ဆုံးက ပါနေတာ ဆိုတော့၊ သူတို့ အုံကြွတာကို ကြည့်ပြီး လူထုကလည်း လိုက် အုံကြွရတော့မလို ဖြစ်လာတယ်"
ဟု ပရိသတ်တဦးက မှတ်ချက်ပေးသည်။
ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်အတွင်းသို့ မည်သူမျှ အ၀င်မခံကြောင်း၊ မဖြစ်မနေ ၀င်ထွက်ရသူများကိုလည်း မှတ်ပုံတင်၊ ကျောင်းသားကဒ်က အစ သွားလိုသည့်အကြောင်းအရာ အထိ အထူး ကြပ်မတ် စစ်ဆေးလျှက်ရှိကြောင်း သွားရောက်ခဲ့သူများက ပြောပြသည်။
“၀င်လို့ကို မရတော့ဘူး၊ အတော်လေးကို လုံခြုံရေးက ကြပ်မတ်ထား
ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ကျော
အခြားတက္ကသိုလ်များဖြစ်သည့် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်များတွင်လည်း စစ်သားများ၊ ရဲများ အစောင့်ချထားပြီး၊ ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုမှန်သမျှကို ကျောင်းအာဏာပိုင်ကိုယ်တိုင်က စောင့်ကြည့် သတင်းပေးနေရသည်ဟု ဆိုသည်။
ကျောင်းသား မဟုတ်သူများကိုစစ်ဆေးခြင်း၊ ကျောင်းဝန်းတ၀ိုက် လုံခြုံရေးကို ဆရာ ဆရာမများ ကိုယ်တိုင် တာဝန်ယူကင်းလှည့်ရခြင်း၊ စစ်အစိုးရ အခေါ် - “ထူးခြားဖြစ်စဉ်” များ ဖြစ်ပေါ်လာပါက ကျောင်းအုပ်ချူပ်ရေးအာဏာပိုင်မျာ
“ ၈ လေး လုံးကို အနီရောင် ကင်ပိန်းနဲ့ လူတွေက လုပ်၊ စစ်တပ်ကတော့ အစိမ်းရောင် ကင်ပိန်းနဲ့ ကြိုဆို … အဲသလိုမျိုးပေါ့ဗျာ။ အ၀ါရောင်ကတော့ ဘုရားသားတော်တွေ ဆိုတော့ … နီ၊ စိမ်း၊ ၀ါတွေနဲ့ ကြိုကြလေမလားပဲ …” ဟု တဦးက ထင်မြင်ချက်ပေးသည်။
Myanmar soldiers are reflected in the mirror of a street cart as they walk past a vendor peeling a pineapple while waiting for customers, Wednesday, July 16, 2008, in Yangon City, Myanmar. (AP Photo)
Comments