ဂျာနယ်ဂြိုလ် သာဂိ
သြဂုတ် ၂၁၊ ၂၀၀၈
မြန်မာ မင်းသား မင်းသမီးများမှာ ဘယ်ညာ လက်နှစ်ဖက် စလုံး ဟင်းဖုံးတွေ သီးလို့ခင်ဗျ။ ဟို ဟင်းဆက်ကတော့ ဘယ်လို၊ ဒီဟင်းဖုံးကတော့ ဘယ့်နှယ် စသည်ဖြင့် ပြောဆိုဆွေးနွေးထားတာကို တင်ပြထားပါတယ်။
အဲ တဖက်က ပြည်ပ ငွေကြယ်ပွင့်များခင်ဗျာမှာတော့ အသက်တွေပဲ ကြီးလို့လေသလားတော့ မသိပါဘူး။ ဟင်းဖုံးတို့ ခြင်းဖုံးတို့ ဝေးလို့ အီးမေးတောင် မရှိဘူးတဲ့ ခင်ဗျာ။
ပြည်တွင်းက ဂျာနယ်သမားများ နှိုင်းယှဉ်တင်ပြချက်ကလေး ပညာသား ပါလို့ တင်ပြလိုက်ရပါတယ်။ ဟဲလို … ဟဲလို … အသံဘယ်လောက်ကြားသလဲ။ အော် … အကျယ်ကြီးအော်တာတောင် လိုင်းက မမိဘူးကိုး။
Comments