Myanmar's Suu Kyi skips meeting with U.N. envoy

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ ကိုယ်စားလှယ်ဂမ်ဘာရီ မတွေ့ဖြစ်
ရိုက်တာ သတင်း
သြဂုတ် ၂၁၊ ၂၀၀၈

(ရန်ကုန်၊ ရိုက်တာ) ယမန်နေ့ ဗုဒ္ဓဟူးနေ့က ကုလအထူးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် အစီအစဉ်သို့ အကျယ်ချုပ်ထိမ်းသိမ်းခံထားရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်း မရှိသဖြင့် ကုလအထူးကိုယ်စားလှယ်အဖွဲ့အပေါ် စစ်အာဏာပိုင်များ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဒေါ်စုက ဆန္ဒပြသည့်သဘောလေလား ဆိုပြီး ထင်မြင်ချက်များ ဖြစ်နေကြသည်။

ကုလအထူးကိုယ်စားလှယ်က မနက်ခင်းတွင် အစိုးရ ဧည့်ဂေဟာသို့ ရောက်ရှိလာသော်လည်း ဒေါ်စုကို သယ်ဆောင်လာမည့် မော်တော်ယာဉ် ရောက်ရှိလာခြင်း မရှိသဖြင့် ဂမ်ဘာရီ တဦးတည်း ပြန်လှည့်ခဲ့ရသည်။ ဒေါ်စု၏ ပါတီက ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း အံအားသင့်ရပါသည်ဟု ထုတ်ဖော်ပြောဆိုသည်။

ဦးဉာဏ်ဝင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် - မိမိတို့ အကြောင်းရင်းခံကို မသိကြောင်း၊ ကြားမိသလောက်မှာ ဒေါ်စုအနေဖြင့် ဂမ်ဘာရီခရီးစဉ်၏ လက်ရှိအနေအထားကို ကျေနပ်ခြင်း မရှိဟု သိရကြောင်း ဟူ၍ ထုတ်ဖော်ပြောကြားသွားပါသည်။

Comments