singapore government refuses visa extension for some burmese

စင်္ကာပူအစိုးရက ဆန္ဒပြလေ့ရှိသူ မြန်မာပြည်သားအချို့ကို နေထိုင်ခွင့်ငြင်းပယ်

ဘီဘီစီ(မြန်မာပိုင်း)
သြဂုတ် ၂၊ ၂၀၀၈

စင်္ကာပူရောက် မြန်မာပြည်သားလူငယ် အနည်းဆုံး ၁၀ ယောက်လောက်ဟာ သူတို့ရဲ့ စင်္ကာပူအစိုးရက တိုးမပေးခဲ့ပါဘူး။ ဒီလိုဖြစ်ရတာဟာ လူငယ်တွေ အားလုံးဟာ ဒီမိုကရေစီရေးရာကို စင်္ကာပူနိုင်ငံမှာ ဆက်လက်ဆောင်ရွက်နေကြလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာတုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီလည်း စင်္ကာပူနိုင်ငံမှာ ရောက်နေတော့ မြန်မာလူငယ်တွေက စင်္ကာပူနိုင်ငံက အောချတ်လမ်းပေါ်မှာ သွားရောက် ဆန္ဒပြခဲ့ပါတယ်။ အဲဒီတုန်းက စင်္ကာပူရဲတွေက ဆန္ဒပြတဲ့ လူငယ်အချို့ရဲ့ စင်္ကာပူနိုင်ငံမှာနေထိုင်ခွင့် အိုင်ဒီတွေကို ခေတ္တသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့ လူငယ်တွေကိုတော့ ဖမ်းဆီးခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာလည်း နိုး တံဆိပ်ပါ အနီရောင် တီရှပ်အင်္ကျီတွေကို ၀တ်ဆင်ပြီး မြန်မာသံရုံးရှေ့ကို သွားရောက်ပြီးလည်း ဆန္ဒပြခဲ့ကြပါသေးတယ်။

အောချတ်လမ်းမှာ ဆန္ဒပြတုန်းကပါတဲ့ မြန်မာလူငယ်တချို့ဆိုရင် မြန်မာနိုင်ငံကို ပြန်သွားပြီးပြီ ဖြစ်တာတောင်မှ စင်္ကာပူက သူတို့နေခဲ့တဲ့ အိမ်တွေဆီကို စင်္ကာပူရဲတွေက ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်း မေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

(မှတ်ချက် - ယနေ့နံနက်ပိုင်း ဘီဘီစီသတင်းဌာနထုတ်လွှင့်ချက်မှ ကူးယူသည်။ မိုးမခတွင် ဖော်ပြခဲ့ဖူးသော သတင်းဆောင်းပါး တပုဒ်နှင့် ဆက်စပ်ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။)

Comments